Zawgyiဖြင့်ဖတ်ရန်

 






Credit:Momolay

Unicodeဖြင့်ဖတ်ရန်

 

ချစ်သူနဲ့ခပ်ကြမ်းကြမ်းအနမ်းခြွေနေတဲ့ပုံကို တင်လိုက်တဲ့ Justin Bieber

 

ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်းက Justin Bieber တစ်ယောက် သူ့ရဲ့အင်စတာဂရမ်မှာ တင်လိုက်တဲ့ဓာတ်ပုံတစ်ပုံဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေအားလုံးကို ရှော့ခ်ရသွားစေခဲ့ပါတယ်။ ပရိသတ်တွေ ဂယက်ထကုန်အောင် Justin တင်လိုက်တဲ့ပုံက တစ်ခြားပုံတော့မဟုတ်ပါဘူး၊ ပူပူနွေးနွေးစေ့စပ်ထားတဲ့ ချစ်သူလေး Hailey Baldwin နဲ့အတူ ရေစိမ်ရင်း ခပ်ကြမ်းကြမ်းအနမ်းခြွေနေတဲ့ ပုံလေးတစ်ပုံကြောင့်ပါ။

ပုံရဲ့အနေအထားကို ကြည့်လိုက်တဲ့အခါ ပရိသတ်တွေ ပွက်လောရိုက်လည်း ရိုက်ချင်စရာပါပဲ။ နှစ်ယောက်အတူ ရေစိမ်နေရင်း Hailey က Justin အပေါ်မှာထိုင်နေပြီး အားပါးတရ အနမ်းခြွေနေကြတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်။

ပုံတင်ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ပုံကို Like လုပ်ထားသူဦးရေဟာ အယောက်(၁)သန်းကျော် ရှိသွားပြီဖြစ်ပါတယ်။ Justin ဟာ ပုံရဲ့Caption ကိုတော့ ဘာမှရေးသားမထားတာ တွေ့ရပါတယ်။

ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်တိုက်ခိုက်နေကြပါစေ၊ Justin တစ်ယောက် အချစ်ရဆုံးသူနဲ့စေ့စပ်ခွင့်ရပြီး အခုလို ပျော်ပျော်ရွှင်ရွှင်နေနိုင်တာ ဝမ်းသာစရာပါပဲ။

Photo Credit. Justin Bieber’s Official Instagram

Credit:Momolay