Zawgyiျဖင့္ဖတ္ရန္

 

ရည္းစားအသစ္လုိ႔ သတင္းေတြထြက္ေနတဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ အႏုပညာအလုပ္ေတြ ျပန္ လည္လုပ္ကုိင္ေနကာ ဆယ္လီနာက တက္ၾကြလုိ႔ေနပါတယ္။ ရည္းစားေဟာင္း ဂ်က္စတင္ဘီဘာရဲ႕ ေစ့စပ္သတင္းထြက္ေပၚလာခဲ့လုိ႔ ဆယ္လီနာဂုိးမက္စ္ နာက်င္ခံစားေန မလားဆုိၿပီး သူမရဲ႕ပရိတ္သတ္ ေတြက စိုးရိမ္ပူပန္ေနၾကပါတယ္။

ဆယ္စုႏွစ္နီးပါး ျပတ္လုိက္ဆက္လုိက္ အခ်စ္ေရးနဲ႔ သံေယာဇဥ္ႀကီးခဲ့တဲ့ ဂ်က္စတင္နဲ႔ ဆယ္လီနာ တုိ႔ႏွစ္ေယာက္ကုိ သူတုိ႔အားေပးတဲ့ ပရိတ္သတ္ေတြက အရမ္းကုိသေဘာတူလြန္းၾကတဲ့ ခ်စ္သူစံုတြဲ ေတြပါ။ ဒါေပမယ့္ အခုေတာ့ အခ်စ္ေရးျပတ္စဲသြားၿပီးေနာက္ ဂ်က္စတင္ဘက္က စတင္ၿပီး သူ႔ရဲ႕ ရည္းစားေဟာင္းမိန္းကေလးနဲ႔ ေစ့စပ္လုိက္တဲ့သတင္းနဲ႔ လူသိရွင္ၾကား ထုတ္ေဖာ္လုိက္ပါတယ္။

အဲ့ဒီသတင္းေတြထြက္တဲ့ ရက္ပုိင္းမွာေတာ့ က်န္းမာေရးျပန္လည္ေကာင္းမြန္လာခါစ ဆယ္လီနာ့ အတြက္ စိုးရိမ္ပူပန္ေပးေနသူေတြ ရွိခဲ့ပါတယ္။ သတင္းေတြကလည္း ဆယ္လီနာ့ကုိ ေစာင့္ၾကည့္ေန ခဲ့ၿပီး သူ႔ဘက္က ဘယ္လုိတုန္႔ျပန္ၿပီး ဘာေတြလုပ္ေနလိမ့္မလဲဆုိ တာနဲ႔ သူမေကာ အသည္းကြဲေနလိမ့္ မလားဆုိတာကုိ သိခ်င္ေနၾကတာပါ။

ဒါေပမယ့္ ဆယ္လီနာေလးက သူမရဲ႕ စိတ္ထဲက ခံစားခ်က္နာက်င္မႈကုိ ဖြက္ထားတာပဲလား။ လူမသိ ေအာင္ တိတ္တိတ္ေလး ႀကိတ္ခံစားတာလားေတာ့ မသိႏုိင္ပါဘူး။ အခုလက္တေလာေတာ့ အႏုပညာ လုပ္ဖက္ေကာင္ေလးတစ္ေယာက္နဲ႔ ဆယ္လီနာက တစ္တြဲတြဲလုပ္ေနျပန္ပါတယ္။ တြဲသြားတြဲလာနဲ႔ ပတ္ဝန္းက်င္ကလူေတြ မ်က္စိေနာက္ေလာက္ေအာင္ပါပဲ။

နယူးေယာက္မွာ The Dead Don’t Die ရုပ္ရွင္ရုိက္ကူးနဲ႔ တြဲဖက္သရုပ္ေဆာင္ေတြနဲ႔ အတူ ဆယ္လီ နာက အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကုိင္ေနတာကုိ ေတြ႔ခဲ့ပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ ေလာက္ပဲ ရွိလိမ့္မယ္လုိ႔ ထင္ရတဲ့ ေကာင္ေလးက ဆယ္လီနာ့နဲ႔ အရမ္းရင္းႏွီးေနတဲ့ပံုပါပဲ။ လက္တ ေလာေတာ့ ဆယ္လီနာက ဒီေကာင္ေလးကုိ ခ်စ္သူအျဖစ္ ထားမလားဆုိတာေတာ့ ထင္ေၾကးေပး ေျပာေနၾကပါၿပီ။

Credit:ေမ(ေရႊအင္းေလး)

 

Unicodeဖြင့်ဖတ်ရန်

 

ရည်းစားအသစ်လို့သတင်းထွက်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆယ်လီနာ ပျော်နေတယ်တဲ့

 

ရည်းစားအသစ်လို့ သတင်းတွေထွက်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ အနုပညာအလုပ်တွေ ပြန် လည်လုပ်ကိုင်နေကာ ဆယ်လီနာက တက်ကြွလို့နေပါတယ်။ ရည်းစားဟောင်း ဂျက်စတင်ဘီဘာရဲ့ စေ့စပ်သတင်းထွက်ပေါ်လာခဲ့လို့ ဆယ်လီနာဂိုးမက်စ် နာကျင်ခံစားနေ မလားဆိုပြီး သူမရဲ့ပရိတ်သတ် တွေက စိုးရိမ်ပူပန်နေကြပါတယ်။

ဆယ်စုနှစ်နီးပါး ပြတ်လိုက်ဆက်လိုက် အချစ်ရေးနဲ့ သံယောဇဉ်ကြီးခဲ့တဲ့ ဂျက်စတင်နဲ့ ဆယ်လီနာ တို့နှစ်ယောက်ကို သူတို့အားပေးတဲ့ ပရိတ်သတ်တွေက အရမ်းကိုသဘောတူလွန်းကြတဲ့ ချစ်သူစုံတွဲ တွေပါ။ ဒါပေမယ့် အခုတော့ အချစ်ရေးပြတ်စဲသွားပြီးနောက် ဂျက်စတင်ဘက်က စတင်ပြီး သူ့ရဲ့ ရည်းစားဟောင်းမိန်းကလေးနဲ့ စေ့စပ်လိုက်တဲ့သတင်းနဲ့ လူသိရှင်ကြား ထုတ်ဖော်လိုက်ပါတယ်။

အဲ့ဒီသတင်းတွေထွက်တဲ့ ရက်ပိုင်းမှာတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာခါစ ဆယ်လီနာ့ အတွက် စိုးရိမ်ပူပန်ပေးနေသူတွေ ရှိခဲ့ပါတယ်။ သတင်းတွေကလည်း ဆယ်လီနာ့ကို စောင့်ကြည့်နေ ခဲ့ပြီး သူ့ဘက်က ဘယ်လိုတုန့်ပြန်ပြီး ဘာတွေလုပ်နေလိမ့်မလဲဆို တာနဲ့ သူမကော အသည်းကွဲနေလိမ့် မလားဆိုတာကို သိချင်နေကြတာပါ။

ဒါပေမယ့် ဆယ်လီနာလေးက သူမရဲ့ စိတ်ထဲက ခံစားချက်နာကျင်မှုကို ဖွက်ထားတာပဲလား။ လူမသိ အောင် တိတ်တိတ်လေး ကြိတ်ခံစားတာလားတော့ မသိနိုင်ပါဘူး။ အခုလက်တလောတော့ အနုပညာ လုပ်ဖက်ကောင်လေးတစ်ယောက်နဲ့ ဆယ်လီနာက တစ်တွဲတွဲလုပ်နေပြန်ပါတယ်။ တွဲသွားတွဲလာနဲ့ ပတ်ဝန်းကျင်ကလူတွေ မျက်စိနောက်လောက်အောင်ပါပဲ။

နယူးယောက်မှာ The Dead Don’t Die ရုပ်ရှင်ရိုက်ကူးနဲ့ တွဲဖက်သရုပ်ဆောင်တွေနဲ့ အတူ ဆယ်လီ နာက အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေတာကို တွေ့ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် လောက်ပဲ ရှိလိမ့်မယ်လို့ ထင်ရတဲ့ ကောင်လေးက ဆယ်လီနာ့နဲ့ အရမ်းရင်းနှီးနေတဲ့ပုံပါပဲ။ လက်တ လောတော့ ဆယ်လီနာက ဒီကောင်လေးကို ချစ်သူအဖြစ် ထားမလားဆိုတာတော့ ထင်ကြေးပေး ပြောနေကြပါပြီ။

Credit:မေ(ရွှေအင်းလေး)