Zawgyiျဖင့္ဖတ္ရန္

 

(၇၁) ႏွစ္ေျမာက္ အာဇာနည္ေန႔အထိမ္းအမွတ္အျဖစ္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံပိုင္မီဒီယာက ေတြ႕ဆုံေမးျမန္းထားတာကို ေဖာ္ျပေပးလိုက္ ပါတယ္။

ေမး။ ။ အာဇာနည္ေန႔နဲ႔ပတ္သက္ၿပီး အေမ့ရင္ထဲမွာလည္း ေျပာစရာစကားေတြ အမ်ားႀကီးရွိမယ္ ထင္ပါတယ္။ ျပည္သူေတြ သိခ်င္ေနၾကတဲ့ အာဇာနည္ေန႔နဲ႔ ပတ္သက္ၿပီး အေမ့ရင္ထဲက စကားေတြကို ေျပာျပေပးေစလိုပါတယ္။

ေျဖ။ ။ တကယ္ေတာ့ ေျပာျပခ်င္တာ မရွိပါဘူး။ ျပည္သူေတြ ေျပာတာကိုပဲ နားေထာင္ခ်င္တာပါ။ အခုဆိုရင္ အာဇာနည္ေန႔ကို ျပည္သူေတြက ဘယ္လို ျမင္သလဲ။ အထူးသျဖင့္ ေဖေဖတို႔ကို လုံးဝမမီခဲ့တဲ့ ျပည္သူေတြေပါ့။ အမ်ားစုကေတာ့ မမီခဲ့ဘူး။ ေဖေဖတို႔ ေခတ္ကို မီခဲ့တဲ့ ျပည္သူျပည္သားေတြ ဆိုတာ အခု လူနည္းစုျဖစ္သြားၿပီ။ လူလတ္ပိုင္းနဲ႔ လူငယ္ပိုင္းေတြက လုံးဝမမီခဲ့ဘူး။ အာဇာနည္ေန႔နဲ႔ပတ္သက္ရင္ ကိုယ္ကိုယ္တိုင္ ေျပာခ်င္တာထက္ အမ်ားျပည္သူက အခု ဘယ္လိုျမင္သလဲ၊ အာဇာနည္ေန႔ကို ဘာျဖစ္လို႔ တန္ဖိုးထားသလဲ၊ အေလးထားသလဲ ဆိုတာကို ပိုၿပီးေတာ့ သိခ်င္တာပါ။

ေမး။ ။ တကယ္တမ္းေတာ့ ဒီစကားေတြကို ျပန္မတူးဆြသင့္ဘူး ထင္ပါတယ္။ ဒါေပမယ့္ တတိုင္းျပည္လုံးရဲ႕ အမ်ိဳးသားေခါင္းေဆာင္ႀကီးမို႔ ေမးရတာပါ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ လုပ္ႀကံခံရမယ့္ေန႔ စာအုပ္ေတြထဲကေန ဖတ္ရႈမွတ္သားခဲ့ရတဲ့ ဗိုလ္ခ်ဳပ္အေနနဲ႔ ဝတ္ေနက် အဝတ္အစား မဟုတ္တဲ့ အေနအထားနဲ႔ ပတ္သက္တာရယ္၊ အိမ္ကေန မထြက္ခြာခင္ သမီးငယ္ျဖစ္တဲ့ အေမစုကို တယုတယေပြ႕ခ်ီနမ္းၿပီး ႏႈတ္ဆက္သြားတဲ့ ပုံရိပ္ေတြ ျပန္ျမင္ေယာင္တဲ့အခါ အေမစုရဲ႕ ခံစားခ်က္ေလးကို ၾကားသိခ်င္ပါတယ္။

ေျဖ။ ။ အဝတ္အစားနဲ႔ပတ္သက္လို႔ တခါမွလည္း သိပ္ၿပီးမစဥ္းစားခဲ့ပါဘူး။ ဖတ္ေတာ့ ဖတ္ဖူးတာေပါ့။ အဲဒီေန႔က ခ်ိတ္ပိုးပုဆိုးနဲ႔ သြားတယ္ဆိုတာ။ ဒါေပမယ့္လည္း အဝတ္အစားကေတာ့ သိပ္အေရးႀကီးတဲ့ကိစၥ မဟုတ္ဘူးလို႔ ထင္ပါတယ္။ အစိုးရအဖြဲ႕ဝင္ တေယာက္ ျဖစ္ေတာ့လည္း အစိုးရအဖြဲ႕ဝင္ တေယာက္ပီပီ တခါတေလေတာ့လည္း ဝတ္သင့္၊ စားသင့္တယ္ ထင္လို႔ ဝတ္တယ္လို႔ပဲ စိတ္ထဲမွာ ထင္ပါတယ္။ ဒါေပမယ့္လည္း အေမတို႔ကို ဒီလိုပဲ ေပြ႕ၿပီးေတာ့ နမ္းတယ္၊ ေမႊးေမႊးေပးတယ္ ဆိုတာေတာ့ ေဖေဖက လုပ္ေနက်ပါ။ ႐ုံးမသြားခင္ သားသမီးေတြ အားလုံးကို ဒီလိုပဲ ႏႈတ္ဆက္ေလ့ ရွိပါတယ္။

ေမး။ ။ လက္ရွိမွာလည္း အေမစုအေနနဲ႔ ႀကီးေလးတဲ့ ႏိုင္ငံ့တာဝန္ေတြ ကိုယ္တိုင္ ထမ္းေဆာင္ေနေတာ့ ဘယ္လိုအခ်ိန္မ်ိဳး၊ ဘယ္လိုအေျခအေနမ်ိဳးမွာ ဖခင္ဗိုလ္ခ်ဳပ္ကို လြမ္းဆြတ္မိပါသလဲရွင္။ ဥပမာ- အခက္အခဲေတြနဲ႔ ႀကဳံလာတဲ့အခ်ိန္၊ ဒါမွမဟုတ္ ေအာင္ျမင္မႈရရွိခဲ့တဲ့ အေျခအေနမ်ိဳးမွာေပါ့။

ေျဖ။ ။ လြမ္းဆြတ္တယ္လို႔ေတာ့ မေျပာခ်င္ပါဘူး။ အေမက ခလုတ္ထိမွ အမိတတာမ်ိဳးကို သိပ္မႀကိဳက္ပါဘူး။ ေဖေဖတင္ မဟုတ္ပါဘူး။ ေမေမေရာ၊ ေဖေဖေရာ ႏွစ္ေယာက္စလုံးကို မၾကာခဏ သတိရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေက်းဇူးတင္တဲ့စိတ္နဲ႔ သတိရတာပါ။ ဘယ္လို အခက္အခဲေတြပဲ ရင္ဆိုင္ရ ရင္ဆိုင္ရ၊ ဘယ္လိုစိန္ေခၚမႈေတြပဲ ရင္ဆိုင္ရ ရင္ဆိုင္ရ ရင္ဆိုင္ႏိုင္တယ္ဆိုရင္ ဒါက မိဘရဲ႕ေက်းဇူးေၾကာင့္လို႔ သတ္မွတ္ပါတယ္။ ေမေမရဲ႕ သြန္သင္ဆုံးမမႈေၾကာင့္၊ ေဖေဖရဲ႕ စိတ္ဓာတ္ စံနမူနာအေၾကာင္းကို လြမ္းဆြတ္တယ္ ဆိုတာထက္ ေက်းဇူးတင္တဲ့စိတ္နဲ႔ ပိုၿပီးေတာ့ သတိရတာ မ်ားပါတယ္။

ေမး။ ။ အဘြားေဒၚခင္ၾကည္ကေနတဆင့္ ျပန္လည္ၾကားသိရတဲ့ ဗိုလ္ခ်ဳပ္ရဲ႕အေၾကာင္း၊ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး အမွတ္ရဆုံး အျဖစ္ေတြကိုလည္း သိပါရေစရွင္။

ေျဖ။ ။ ေျပာတာေတြက အမ်ားႀကီးေပါ့။ ဘာမွတ္မိသလဲဆိုေတာ့ ေဖေဖ့အေၾကာင္း တိုက္႐ိုက္မဟုတ္ပါဘူး။ ေမေမ(ေဒၚခင္ၾကည္)က အရင္တုန္းကဆိုရင္ ႐ုပ္ရွင္ေတြကို ဆင္ဆာလုပ္ရတဲ့ လူႀကီးဆိုေတာ့ ႐ုပ္ရွင္ေတြကို တပတ္ တခါ သြားသြားၿပီးေတာ့ ဆင္ဆာသြားလုပ္ရတယ္။ ဒါေပမယ့္ ေမေမက ႐ုပ္ရွင္ၾကည့္တာေတြကို သိပ္ၿပီးေတာ့ အားမေပးဘူး။ တခါတေလ ေက်ာင္းပိတ္ရင္ ေခၚသြားတယ္။ မနက္အေစာႀကီး သြားရတယ္။ ေက်ာင္းပိတ္တဲ့အခါ ေခၚသြားတယ္ ဆိုေပမယ့္လည္း ေမေမက ႐ုပ္ရွင္ေကာင္းေတြကို ဘယ္ေတာ့မွ ေ႐ြးေလ့မရွိဘူး။ အလုပ္အေနနဲ႔ပဲ သေဘာထားၿပီး အျခားသူေတြ မၾကည့္ခ်င္တဲ့ဟာေတြကိုပဲ ၾကည့္ၿပီး ဆင္ဆာလုပ္တယ္။ တခါေတာ့ ထူးထူးျခားျခား ေက်ာင္းပိတ္တုန္းမွာ ကေလးကေတာ့ ၾကည့္ခ်င္မွာပဲဆိုၿပီး ႐ုပ္ရွင္ေကာင္းေကာင္းတခုကို ေ႐ြးထားတယ္။ ဘာကားလဲ ဆိုတာကိုေတာ့ မမွတ္မိေတာ့ပါဘူး။ ႐ုပ္ရွင္ေကာင္းေကာင္းကို ၾကည့္ရတာလည္း အင္မတန္မွ ၾကည့္ခဲတယ္ဆိုေတာ့ သိပ္ၾကည့္ခ်င္တာေပါ့။ ဒါေပမယ့္လည္း ႐ုပ္ရွင္သြားၿပီး ၾကည့္ရမယ့္ေန႔မတိုင္မီမွာပဲ အလုပ္တခု ေပၚလာေတာ့ ေမေမက ရန္ကုန္အျပင္ကို ထြက္ရတယ္။ ဘယ္လဲ မသိဘူး၊ ပဲခူးလား၊ ဘာလား အဲဒီလိုဟာမ်ိဳး တေနရာကို သြားမယ္ဆိုေတာ့ သြားလို႔မရဘူး။ အေမက သိပ္သြားခ်င္တယ္ဆိုတာ သိေတာ့ ေမေမက ေျပာတယ္၊ ေမေမ့ မိတ္ေဆြ တေယာက္နဲ႔ သြားလို႔ရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ႐ုပ္ရွင္႐ုံက မန္ေနဂ်ာေတြကလည္း သိေနတယ္။ အေမ မွတ္မိသေလာက္ေတာ့ ဆင္ဆာလုပ္တဲ့ လူႀကီးေတြက ဧည့္သည္ သုံးေယာက္လား၊ ေလးေယာက္လား မသိဘူး၊ ေခၚသြားပိုင္ခြင့္ ရွိတယ္။ အရင္ကလည္း ေမေမနဲ႔ သြားဖူးတယ္ဆိုေတာ့ ေမေမ့မိတ္ေဆြကိုလည္း သိေနတယ္။ ေမေမ့မိတ္ေဆြနဲ႔ သြားဆိုေတာ့ အေမက ေျပာတာေပါ့။ ဘယ္လိုလုပ္သြားမလဲ၊ ေမေမ အလုပ္လုပ္မွ၊ ေမေမက ဆင္ဆာလုပ္လို႔သာ လူေခၚလို႔ရတာ၊ ေမေမ မပါဘဲနဲ႔ အေမတို႔ခ်ည္းပဲ သြားရင္ ဘယ္လိုျဖစ္မလဲဆိုၿပီး ေျပာပါတယ္။ အေမက ၾကည့္လည္း ၾကည့္ခ်င္တယ္။ ေမေမက အဲဒီလို လုပ္လိုက္လို႔ မၾကည့္ရေတာ့ပါဘူး ဆိုၿပီး အေမက စိတ္ေကာက္ၿပီး အိပ္ရာေပၚမွာ အိပ္ေနတယ္။ အေမတို႔ ငယ္ငယ္တုန္းက ေန႔လယ္ဆိုရင္ အိပ္ရတယ္။ အိပ္ရာထဲမွာ အိပ္ေနေတာ့ ေမေမ့မိတ္ေဆြက လာတာေပါ့၊ လာၿပီး မနက္ျဖန္အစီအစဥ္အတြက္ အေမ့ကို ဘယ္ေတာ့ လာေခၚရမလဲဆိုေတာ့ ေမေမက ေျပာတယ္ “မသြားေတာ့ဘူး၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း သမီးက ေျပာတယ္၊ အဲဒါ မမွန္ကန္ဘူးလို႔ ေျပာတယ္” အဲဒါကေတာ့ ေမေမ ေျပာတဲ့အထဲမွာ သတိအရဆုံးပဲ။ အေမက စိတ္ေကာက္ေနလို႔ အိပ္ခ်င္ေယာင္ေဆာင္ေနတာ ဆိုေပမယ့္ ေနာက္ေတာ့ ေမေမ့မိတ္ေဆြက အိပ္ခ်င္ေယာင္ေဆာင္ေနမွန္း သိတယ္။ အိပ္ခ်င္ေယာင္ေဆာင္ေနမွန္း မ်က္ခြံက လႈပ္ေနေတာ့ သိတယ္။ ေမေမက တမင္ေျပာတာေပါ့။ အဲဒါေတာ့ ေကာင္းေကာင္း မွတ္မိတယ္။

ေမး။ ။ ႏိုင္ငံေခါင္းေဆာင္၊ အမ်ိဳးသားေခါင္းေဆာင္၊ အာဇာနည္ေခါင္းေဆာင္ႀကီးျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သမီးတေယာက္အျဖစ္ အဘြားေဒၚခင္ၾကည္က အေမ့ကို ဘယ္လို ျပဳစုပ်ိဳးေထာင္ခဲ့ရတယ္ဆိုတာကို မွ်ေဝေပးပါဦး။

ေျဖ။ ။ ခုနက ေျပာသလို အဲဒီလိုဟာမ်ိဳးေပါ့။ ေမေမရဲ႕ ျပဳစုပ်ိဳးေထာင္မႈကိုလည္း မီးေမာင္းထိုးျပတဲ့အေနနဲ႔ပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ တခ်ိဳ႕မိဘေတြကဆိုရင္ လူႀကီးေျပာတာကို ေစာဒကတက္ရသလား၊ လူႀကီးကို ဒီလိုေမးခြန္းထုတ္ရသလားေပါ့။ သြားဆိုရင္သြား၊ မသြားနဲ႔ ဆိုရင္ မသြားနဲ႔၊ မဟုတ္ဘဲနဲ႔ ဒါသြားလို႔မျဖစ္ဘူး၊ ဒါသြားတာ မမွန္ဘူး၊ မသြားသင့္ဘူး ဆိုတာကို ေမေမက လက္ခံတာကို အေမက အမ်ားႀကီး တန္ဖိုးထားတယ္။ မွတ္မိတယ္ဆိုတာ ေမေမ့အေၾကာင္း၊ ေဖေဖ့အေၾကာင္းရယ္ မဟုတ္ဘူး။ မိဘႏွစ္ပါးစလုံးနဲ႔ပတ္သက္လို႔ မွတ္သားစရာလို႔ စိတ္ထဲမွာ ယူဆပါတယ္။ ေမေမက ေျဖာင့္မတ္တယ္၊ တည္ၾကည္တယ္၊ အင္မတန္မွ စည္းကမ္းႀကီးတယ္။ တခ်ိဳ႕မိတ္ေဆြေတြက ေျပာပါတယ္။ ေမေမက ေဖေဖထက္ကို စည္းကမ္းႀကီးတယ္လို႔ ေျပာပါတယ္။

ေမး။ ။ ႏိုင္ငံ့အတြက္ ေဆာင္႐ြက္တာေတြနဲ႔ပတ္သက္ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ အေမစုတို႔ရဲ႕ၾကားက တူညီမႈ၊ ယုံၾကည္မႈေတြက ဘာေတြလို႔ အေမသုံးသပ္မိပါသလဲ၊ ကြဲျပားမႈေတြ ရွိပါသလားရွင့္။

ေျဖ။ ။ အဲဒါ ကိုယ္တိုင္ေျပာဖို႔ အင္မတန္မွ ခက္ခဲပါတယ္။ အျပင္ကလူေတြသုံးသပ္တာ ပိုၿပီးေတာ့ ဓမၼဓိ႒ာန္ က်လိမ့္မယ္လို႔ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကိုယ့္ကိုယ္ကိုယ္လည္း အမွန္အတိုင္း ျမင္ဖို႔ဆိုတာ လြယ္တာ မဟုတ္ပါဘူး။ ေဖေဖတို႔ အသက္ရွင္ခဲ့တဲ့ အေျခအေန၊ ေဖေဖတို႔ျဖတ္သန္း ခဲ့ရတဲ့ အေတြ႕အႀကဳံအရ အေမတို႔ အေတြ႕အႀကဳံေတြနဲ႔ မတူဘူး။ မတူဘူးဆိုေတာ့ ႏႈိင္းယွဥ္တယ္ ဆိုတာေတာ့ သိပ္မလြယ္ပါဘူး။ အခက္အခဲေတြကေတာ့ မ်ားတာေပါ့။ ေဖေဖတို႔လည္း အခက္အခဲေတြ အမ်ားႀကီးရင္ဆိုင္ခဲ့တယ္။ အေမတို႔လည္း အခက္အခဲေတြ အမ်ားႀကီး ရင္ဆိုင္ရတယ္။ ဦးတည္ခ်က္က ႏိုင္ငံေကာင္းဖို႔၊ တည္ၿငိမ္ဖို႔၊ တိုးတက္ဖို႔၊ ညီၫြတ္ဖို႔ ဦးတည္ခ်က္ေတြကေတာ့ တူညီတယ္လို႔ အေမ့အေနနဲ႔ ယူဆတယ္။ ဦးတည္ခ်က္ေတြကို ရင္ဆိုင္တဲ့ေနရာမွာ ဒီဦးတည္ခ်က္ေတြနဲ႔ ပတ္သက္ေနတဲ့အလုပ္ေတြကို ကိုင္တြယ္တဲ့ေနရာမွာေတာ့ အလုပ္ေတြကလည္း မတူဘူးဆိုေတာ့ ဘယ္ေလာက္တူတယ္၊ မတူဘူးဆိုတာ ဆုံးျဖတ္ဖို႔ခက္ပါတယ္။

ေမး။ ။ ဗိုလ္ခ်ဳပ္ရဲ႕ ႏိုင္ငံလြတ္လပ္ေရးႀကိဳးပမ္းမႈေတြထဲက အထူးျခားဆုံးနဲ႔ အေအာင္ျမင္ဆုံးလို႔ ခံယူမိတဲ့ အရာက ဘာျဖစ္မလဲဆိုတာကို သိခ်င္ပါတယ္ရွင့္။

ေျဖ။ ။ အေျခအေနက တစ္ခုတည္းရယ္လို႔ မဟုတ္ပါဘူး။ သမိုင္းတစ္ေလွ်ာက္မွာ ထူးျခားတဲ့ အေျခအေန တစ္ခုဆိုတာ ေျပာရခက္ပါတယ္။ တခ်ိဳ႕ကိစၥေတြမွာ ဥပမာ ကမာၻ႔သမိုင္းမွာဆိုရင္ အင္မတန္မွထူးျခားတဲ့ စစ္ပြဲႀကီးေတြရွိတာေတာ့ ရွိမွာေပါ့။ သမိုင္းဆိုတာ အစဥ္အဆက္တစ္ခုပါပဲ။ တစ္ေန႔တည္းနဲ႔ျဖစ္တာလည္း မဟုတ္ဘူး။ တစ္ႏွစ္တည္းနဲ႔ ျဖစ္တာလည္းမဟုတ္ဘူး။ တစ္ခုကို ၾကည့္ၿပီးေျပာဖို႔ဆိုတာေတာ့ မလြယ္ပါဘူး၊ သို႔ေသာ္ျငားလည္း ေဖေဖရဲ႕ ဦးတည္ခ်က္ျဖစ္တဲ့ လြတ္လပ္ေရးရဖို႔အတြက္ ညႇိႏႈိင္းေဆြးေႏြးတဲ့ဟာ ေအာင္ျမင္ျခင္းဆိုတာ ဒါကေတာ့ ထင္ထင္ေပၚေပၚ ရွိတဲ့ လုပ္ရပ္တစ္ခုျဖစ္ပါတယ္။

ေမး။ ။ ဒီအာဇာနည္ေန႔မွာ အေမ ဂါရဝျပဳတဲ့အခါငယ္စဥ္က တက္ေရာက္ၿပီး ဂါရဝျပဳခဲ့တာနဲ႔ အခုဆိုရင္ ႏိုင္ငံ့အႀကီးအကဲတစ္ေယာက္၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ တက္ေရာက္ၿပီး ဂါရဝျပဳတာ အဲဒီၾကားထဲမွာ ျခားနားတဲ့ ခံစားမႈမ်ိဳးမ်ားရွိသလား၊ ထူးျခားတဲ့ခံစားခ်က္မ်ားရွိလားဆိုတာ ေျပာျပေပးပါဦးရွင္။

ေျဖ။ ။ အခုလည္းအေမက ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္အေနနဲ႔ သြားၿပီးေတာ့ ဂါရဝျပဳတာ မဟုတ္ပါဘူး။ မိသားစုေတြနဲ႔အတူတူပဲ။ သမီးအေနနဲ႔ဂါရဝျပဳတာပါ။ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ဆိုတာ ဒီရာထူးကို ကိုင္ထားတဲ့အခ်ိန္မွာပဲ ျဖစ္တာပါ။ ေဖေဖ့သမီးဆိုတာကေတာ့ ဒါတစ္သက္။ အခုလည္း ေဖေဖ့ကို ဂါရဝျပဳတယ္ဆိုတာ မိသားစုအေနနဲ႔၊ ေဖေဖ့သမီး တစ္ေယာက္အေနနဲ႔ပဲ သြားတာပါ။ အဲဒီေတာ့ ဘာမွမထူးျခားပါဘူး။

ေမး။ ။ အာဇာနည္ေန႔ ဂုဏ္ျပဳကဗ်ာေတြထဲမွာ ဆရာေဇာ္ဂ်ီ (၁၉၆၄) ခုႏွစ္က ေရးဖြဲ႕ခဲ့တဲ့ “ေျပာလိုက္ပါဘိ ေဟာပါဘိ”ဆိုတဲ့ ကဗ်ာကို အေမအႀကိဳက္ႏွစ္သက္ဆုံး ျဖစ္တယ္လို႔ မွတ္သားဖူး ပါတယ္။ ကဗ်ာရဲ႕ ဆိုလိုရင္းအေပၚ ခံစားမႈကို သိပါရေစရွင္။

ေျဖ။ ။ ကဗ်ာက လြမ္းတာတင္မဟုတ္ဘူး။ သင္ခန္းစာယူဖို႔ ဘယ္လို အျဖစ္အပ်က္မ်ိဳးမဆို ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ သင္ခန္းစာေကာင္းေကာင္းယူခ်င္ရင္ ယူလို႔ရတယ္ဆိုတာ ဒီကဗ်ာက ျပတာပါ။ ဆရာေဇာ္ဂ်ီကလည္း အင္မတန္မွ ကဗ်ာပညာက ေျပာင္ေျမာက္ပါတယ္။ ဖတ္လို႔လည္း ေကာင္းတယ္။ စကားလုံးေလးေတြ ေ႐ြးထားတာကလည္း လွတယ္။ သင့္ေတာ္တယ္။ ေနာက္ၿပီးေတာ့ အလကား သက္သက္ လြမ္းေနတာမဟုတ္ဘူး။ ဒီဟာကို၊ ဒီအျဖစ္အပ်က္ကို အေျခခံၿပီးေတာ့ ေနာင္လာေနာက္သားေတြ ပိုၿပီးေတာ့ မွန္ကန္တဲ့စိတ္ဓာတ္၊ ပိုၿပီးေတာ့ ျမင့္မားတဲ့ စိတ္ဓာတ္ေတြ ျဖစ္ေပၚေစေရးအတြက္ ရည္႐ြယ္ၿပီးေတာ့ ေရးတာမို႔ သေဘာက်တာပါ။

ေမး။ ။ အခု နိဂုံးခ်ဳပ္အေနနဲ႔ မ်ိဳးဆက္သစ္လူငယ္ေတြအတြက္ အာဇာနည္ေန႔အမွတ္တရ ဩဝါဒ စကားေလး ေျပာၾကားေပးပါဦးရွင့္။

ေျဖ။ ။ အဲဒါကေတာ့ အေမ ခဏခဏေျပာတဲ့ကိစၥပါ။ ကိုယ္ေကာင္းတာလုပ္တယ္ဆိုရင္ ဒါဟာ ကိုယ့္အတြက္ အေကာင္းဆုံးပဲျဖစ္မွာပဲ။ အထူးသျဖင့္ မိဘေတြကိုဆိုရင္ အေမအၿမဲပဲေျပာတယ္။ ကိုယ့္သားသမီးေတြကို ေကာင္းတဲ့အေမြအႏွစ္ ေပးခ်င္တယ္ဆိုရင္ ကိုယ္မွန္မွန္ကန္ကန္ ေကာင္းေကာင္း မြန္မြန္ ေနသြားမယ္။ အဲဒါဟာ အေကာင္းဆုံးအေမြအႏွစ္ပဲ။ ပိုက္ဆံဆိုတာက ဘယ္ေလာက္ ထားေပးခဲ့ႏိုင္မလဲ။ ေနာက္ၿပီးေတာ့လည္း ကိုယ္ထားေပးခဲ့တဲ့ ပိုက္ဆံကလည္း ေန႔ခ်င္းညခ်င္းေပ်ာက္ရင္လည္း ေပ်ာက္သြားမွာပဲ။ ကိုယ္ဘာမွမသိႏိုင္ဘူး။ အေကာင္းဆုံး အေမြအႏွစ္ ဆိုတာကေတာ့ မွန္မွန္ကန္ကန္ ျမင့္ျမင့္ျမတ္ျမတ္ေနသြားဖို႔ပဲ။ လူငယ္ေတြဆိုတာကေတာ့ အခြင့္အေရးေတြ အမ်ားႀကီးရွိတယ္။ ကိုယ့္ကိုယ္ကိုယ္ တစ္ေန႔တစ္ခ်ိန္တစ္ခါမွာ ေကာင္းမြန္တဲ့၊ ျမင့္ျမတ္တဲ့၊ အမ်ားကို အက်ိဳးျပဳႏိုင္တဲ့ ပုဂၢိဳလ္တစ္ဦးျဖစ္လာဖို႔ အခြင့္အေရးေတြ အမ်ားႀကီးရွိတယ္။ ႀကိဳးစားႏိုင္တဲ့ အခြင့္အေရးေတြ၊ အခ်ိန္ေတြအမ်ားႀကီးရွိတယ္။ အသက္ႀကီးလာတာနဲ႔အမွ် ဒီအခြင့္အေရးေတြက နည္းနည္းသြားတယ္။ အဲဒီေတာ့ လူငယ္ေတြကို ေျပာရမယ္ဆိုရင္ ကိုယ့္ရဲ႕ အင္မတန္မွ တန္ဖိုးရွိတဲ့အခ်ိန္ေတြကို တန္ဖိုးရွိေအာင္သုံးပါ။ တန္ဖိုးရွိေအာင္သုံးရင္ အခု အာဇာနည္ေခါင္းေဆာင္ႀကီးေတြကို ျပည္သူလူထုက သတိရေနတာ၊ တမ္းတေနတာေတြ အဲဒါေတြကို အားက်ေနတာမဟုတ္ဘဲနဲ႔ ဒီလိုတမ္းတျခင္း၊ သတိရျခင္းျဖစ္ေစတဲ့ မွန္ကန္တဲ့စိတ္ဓာတ္ေတြကိုသာ အားက်တာျဖစ္ရမယ္။ တခ်ိဳ႕ကဆိုရင္ ထင္ေပၚေက်ာ္ေစာခ်င္တာေပါ့။ အာဇာနည္ႀကီးေတြလို ျဖစ္ခ်င္တယ္ဆိုတာ အာဇာနည္ႀကီးေတြလို ေက်ာ္ၾကားခ်င္တာ၊ ထင္ေပၚခ်င္တာ။ အာဇာနည္ႀကီးေတြလို ႐ုန္းကန္ခ်င္တာက အခက္အခဲေတြကို ရင္ဆိုင္ခ်င္တာမဟုတ္ဘူး။ အဲဒါေၾကာင့္ မွန္မွန္ကန္ကန္ သုံးသပ္ဖို႔၊ မွန္မွန္ကန္ကန္ သင္ခန္းစာယူဖို႔ ကေတာ့ အေရးႀကီးဆုံးပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ ကိုယ့္ဟာကိုယ္ ဆုံးျဖတ္ရမွာပါ။ ဘယ္လိုသင္ခန္းစာ ယူမလဲ၊ ဘယ္လို သုံးသပ္မလဲဆိုတာ အေမ့အေနနဲ႔ လူတိုင္း ဒီလိုစဥ္းစားရမယ္၊ ဒီလိုစိတ္ထားရမယ္လို႔ ေျပာလို႔ကေတာ့ မျဖစ္ႏိုင္ပါဘူး။

ေမး။ ။ ေနာက္ဆုံးအေနနဲ႔ ၿငိမ္းခ်မ္းေရးစကားဝိုင္းေတြ ေနရာတိုင္းမွာလုပ္ေနတာ အဲဒီအေပၚမွာ အေမ့ရဲ႕ ေက်နပ္မႈ ဘယ္ေလာက္အတိုင္းအတာထိရွိသလဲဆိုတာ ေျပာျပေပးေစလိုပါတယ္။

ေျဖ။ ။ ေက်နပ္ပါတယ္။ ဒါေပမယ့္ တစ္ဝိုင္းနဲ႔တစ္ဝိုင္းေတာ့မတူဘူး။ တခ်ိဳ႕ဝိုင္းေတြမွာဆိုရင္ ဒီဝိုင္းထဲမွာပါတဲ့ ပုဂၢိဳလ္ေတြက ေမးတဲ့ေမးခြန္းေတြက စိတ္ဝင္စားစရာ ေကာင္းတယ္။ အေျဖေတြ ကလည္း စိတ္ဝင္စားစရာေကာင္းတယ္။ ဒါေပမယ့္ နားေထာင္တဲ့သူေတြကို ပိုၿပီးေတာ့ သေဘာက်တယ္။ တခ်ိဳ႕ေတြက သူမ်ားေျပာတာ နားမေထာင္ဘူး။ လာကတည္းက ဘာေမးခြန္း ေမးမယ္ ဆိုတာ ဆုံးျဖတ္ထားၿပီးသား။ တျခားသူေတြက ေမးတာေရာ၊ သူတို႔ ျပန္ၿပီးေျဖတာေရာ ေကာင္းေကာင္း နားမေထာင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ေမးခြန္းက ထပ္ေနတယ္။ ထပ္တယ္ဆိုတာ သူတို႔ေကာင္းေကာင္း နားမေထာင္လို႔ဆိုတာ သိသာတယ္။ တခ်ိဳ႕က်ေတာ့ တကယ္ကို သိခ်င္တယ္။ ဟိုတစ္ေယာက္က ဘာေျပာမလဲ ေသေသခ်ာခ်ာနားေထာင္တယ္။ ေသေသခ်ာခ်ာ စဥ္းစားတယ္။ အဲဒီလို ေဆြးေႏြးတဲ့သူေတြပါလာရင္ေတာ့ ပိုၿပီးေတာ့ စိတ္ဝင္စားစရာ ေကာင္းတယ္။ ပိုၿပီးေတာ့လည္း ေက်နပ္စရာေကာင္းတယ္။ ေက်းလက္ေတြက ပိုၿပီး ပြင့္ပြင့္လင္းလင္းရွိတယ္။ ျပင္ဆင္ထားတာေတြ နည္းတယ္။ သဘာဝက်တယ္။ ေက်းလက္က ပိုၿပီးသာတယ္လို႔ မေျပာခ်င္ပါဘူး။ ပိုၿပီးေတာ့ ပြင့္လင္းတယ္။ ပိုၿပီး သဘာဝက်တယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွ ျပန္လည္ကူးယူေဖာ္ျပသည္။

Credit:DVB

 

Unicodeဖြင့်ဖတ်ရန်

 

အာဇာနည်နေ့အထိမ်းအမှတ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံမေးမြန်းခြင်း

 

(၇၁) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံပိုင်မီဒီယာက တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက် ပါတယ်။

မေး။ ။ အာဇာနည်နေ့နဲ့ပတ်သက်ပြီး အမေ့ရင်ထဲမှာလည်း ပြောစရာစကားတွေ အများကြီးရှိမယ် ထင်ပါတယ်။ ပြည်သူတွေ သိချင်နေကြတဲ့ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး အမေ့ရင်ထဲက စကားတွေကို ပြောပြပေးစေလိုပါတယ်။

ဖြေ။ ။ တကယ်တော့ ပြောပြချင်တာ မရှိပါဘူး။ ပြည်သူတွေ ပြောတာကိုပဲ နားထောင်ချင်တာပါ။ အခုဆိုရင် အာဇာနည်နေ့ကို ပြည်သူတွေက ဘယ်လို မြင်သလဲ။ အထူးသဖြင့် ဖေဖေတို့ကို လုံးဝမမီခဲ့တဲ့ ပြည်သူတွေပေါ့။ အများစုကတော့ မမီခဲ့ဘူး။ ဖေဖေတို့ ခေတ်ကို မီခဲ့တဲ့ ပြည်သူပြည်သားတွေ ဆိုတာ အခု လူနည်းစုဖြစ်သွားပြီ။ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေက လုံးဝမမီခဲ့ဘူး။ အာဇာနည်နေ့နဲ့ပတ်သက်ရင် ကိုယ်ကိုယ်တိုင် ပြောချင်တာထက် အများပြည်သူက အခု ဘယ်လိုမြင်သလဲ၊ အာဇာနည်နေ့ကို ဘာဖြစ်လို့ တန်ဖိုးထားသလဲ၊ အလေးထားသလဲ ဆိုတာကို ပိုပြီးတော့ သိချင်တာပါ။

မေး။ ။ တကယ်တမ်းတော့ ဒီစကားတွေကို ပြန်မတူးဆွသင့်ဘူး ထင်ပါတယ်။ ဒါပေမယ့် တတိုင်းပြည်လုံးရဲ့ အမျိုးသားခေါင်းဆောင်ကြီးမို့ မေးရတာပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရမယ့်နေ့ စာအုပ်တွေထဲကနေ ဖတ်ရှုမှတ်သားခဲ့ရတဲ့ ဗိုလ်ချုပ်အနေနဲ့ ဝတ်နေကျ အဝတ်အစား မဟုတ်တဲ့ အနေအထားနဲ့ ပတ်သက်တာရယ်၊ အိမ်ကနေ မထွက်ခွာခင် သမီးငယ်ဖြစ်တဲ့ အမေစုကို တယုတယပွေ့ချီနမ်းပြီး နှုတ်ဆက်သွားတဲ့ ပုံရိပ်တွေ ပြန်မြင်ယောင်တဲ့အခါ အမေစုရဲ့ ခံစားချက်လေးကို ကြားသိချင်ပါတယ်။

ဖြေ။ ။ အဝတ်အစားနဲ့ပတ်သက်လို့ တခါမှလည်း သိပ်ပြီးမစဉ်းစားခဲ့ပါဘူး။ ဖတ်တော့ ဖတ်ဖူးတာပေါ့။ အဲဒီနေ့က ချိတ်ပိုးပုဆိုးနဲ့ သွားတယ်ဆိုတာ။ ဒါပေမယ့်လည်း အဝတ်အစားကတော့ သိပ်အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူးလို့ ထင်ပါတယ်။ အစိုးရအဖွဲ့ဝင် တယောက် ဖြစ်တော့လည်း အစိုးရအဖွဲ့ဝင် တယောက်ပီပီ တခါတလေတော့လည်း ဝတ်သင့်၊ စားသင့်တယ် ထင်လို့ ဝတ်တယ်လို့ပဲ စိတ်ထဲမှာ ထင်ပါတယ်။ ဒါပေမယ့်လည်း အမေတို့ကို ဒီလိုပဲ ပွေ့ပြီးတော့ နမ်းတယ်၊ မွှေးမွှေးပေးတယ် ဆိုတာတော့ ဖေဖေက လုပ်နေကျပါ။ ရုံးမသွားခင် သားသမီးတွေ အားလုံးကို ဒီလိုပဲ နှုတ်ဆက်လေ့ ရှိပါတယ်။

မေး။ ။ လက်ရှိမှာလည်း အမေစုအနေနဲ့ ကြီးလေးတဲ့ နိုင်ငံ့တာဝန်တွေ ကိုယ်တိုင် ထမ်းဆောင်နေတော့ ဘယ်လိုအချိန်မျိုး၊ ဘယ်လိုအခြေအနေမျိုးမှာ ဖခင်ဗိုလ်ချုပ်ကို လွမ်းဆွတ်မိပါသလဲရှင်။ ဥပမာ- အခက်အခဲတွေနဲ့ ကြုံလာတဲ့အချိန်၊ ဒါမှမဟုတ် အောင်မြင်မှုရရှိခဲ့တဲ့ အခြေအနေမျိုးမှာပေါ့။

ဖြေ။ ။ လွမ်းဆွတ်တယ်လို့တော့ မပြောချင်ပါဘူး။ အမေက ခလုတ်ထိမှ အမိတတာမျိုးကို သိပ်မကြိုက်ပါဘူး။ ဖေဖေတင် မဟုတ်ပါဘူး။ မေမေရော၊ ဖေဖေရော နှစ်ယောက်စလုံးကို မကြာခဏ သတိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျေးဇူးတင်တဲ့စိတ်နဲ့ သတိရတာပါ။ ဘယ်လို အခက်အခဲတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ ဘယ်လိုစိန်ခေါ်မှုတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ရင်ဆိုင်နိုင်တယ်ဆိုရင် ဒါက မိဘရဲ့ကျေးဇူးကြောင့်လို့ သတ်မှတ်ပါတယ်။ မေမေရဲ့ သွန်သင်ဆုံးမမှုကြောင့်၊ ဖေဖေရဲ့ စိတ်ဓာတ် စံနမူနာအကြောင်းကို လွမ်းဆွတ်တယ် ဆိုတာထက် ကျေးဇူးတင်တဲ့စိတ်နဲ့ ပိုပြီးတော့ သတိရတာ များပါတယ်။

မေး။ ။ အဘွားဒေါ်ခင်ကြည်ကနေတဆင့် ပြန်လည်ကြားသိရတဲ့ ဗိုလ်ချုပ်ရဲ့အကြောင်း၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အမှတ်ရဆုံး အဖြစ်တွေကိုလည်း သိပါရစေရှင်။

ဖြေ။ ။ ပြောတာတွေက အများကြီးပေါ့။ ဘာမှတ်မိသလဲဆိုတော့ ဖေဖေ့အကြောင်း တိုက်ရိုက်မဟုတ်ပါဘူး။ မေမေ(ဒေါ်ခင်ကြည်)က အရင်တုန်းကဆိုရင် ရုပ်ရှင်တွေကို ဆင်ဆာလုပ်ရတဲ့ လူကြီးဆိုတော့ ရုပ်ရှင်တွေကို တပတ် တခါ သွားသွားပြီးတော့ ဆင်ဆာသွားလုပ်ရတယ်။ ဒါပေမယ့် မေမေက ရုပ်ရှင်ကြည့်တာတွေကို သိပ်ပြီးတော့ အားမပေးဘူး။ တခါတလေ ကျောင်းပိတ်ရင် ခေါ်သွားတယ်။ မနက်အစောကြီး သွားရတယ်။ ကျောင်းပိတ်တဲ့အခါ ခေါ်သွားတယ် ဆိုပေမယ့်လည်း မေမေက ရုပ်ရှင်ကောင်းတွေကို ဘယ်တော့မှ ရွေးလေ့မရှိဘူး။ အလုပ်အနေနဲ့ပဲ သဘောထားပြီး အခြားသူတွေ မကြည့်ချင်တဲ့ဟာတွေကိုပဲ ကြည့်ပြီး ဆင်ဆာလုပ်တယ်။ တခါတော့ ထူးထူးခြားခြား ကျောင်းပိတ်တုန်းမှာ ကလေးကတော့ ကြည့်ချင်မှာပဲဆိုပြီး ရုပ်ရှင်ကောင်းကောင်းတခုကို ရွေးထားတယ်။ ဘာကားလဲ ဆိုတာကိုတော့ မမှတ်မိတော့ပါဘူး။ ရုပ်ရှင်ကောင်းကောင်းကို ကြည့်ရတာလည်း အင်မတန်မှ ကြည့်ခဲတယ်ဆိုတော့ သိပ်ကြည့်ချင်တာပေါ့။ ဒါပေမယ့်လည်း ရုပ်ရှင်သွားပြီး ကြည့်ရမယ့်နေ့မတိုင်မီမှာပဲ အလုပ်တခု ပေါ်လာတော့ မေမေက ရန်ကုန်အပြင်ကို ထွက်ရတယ်။ ဘယ်လဲ မသိဘူး၊ ပဲခူးလား၊ ဘာလား အဲဒီလိုဟာမျိုး တနေရာကို သွားမယ်ဆိုတော့ သွားလို့မရဘူး။ အမေက သိပ်သွားချင်တယ်ဆိုတာ သိတော့ မေမေက ပြောတယ်၊ မေမေ့ မိတ်ဆွေ တယောက်နဲ့ သွားလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ရုံက မန်နေဂျာတွေကလည်း သိနေတယ်။ အမေ မှတ်မိသလောက်တော့ ဆင်ဆာလုပ်တဲ့ လူကြီးတွေက ဧည့်သည် သုံးယောက်လား၊ လေးယောက်လား မသိဘူး၊ ခေါ်သွားပိုင်ခွင့် ရှိတယ်။ အရင်ကလည်း မေမေနဲ့ သွားဖူးတယ်ဆိုတော့ မေမေ့မိတ်ဆွေကိုလည်း သိနေတယ်။ မေမေ့မိတ်ဆွေနဲ့ သွားဆိုတော့ အမေက ပြောတာပေါ့။ ဘယ်လိုလုပ်သွားမလဲ၊ မေမေ အလုပ်လုပ်မှ၊ မေမေက ဆင်ဆာလုပ်လို့သာ လူခေါ်လို့ရတာ၊ မေမေ မပါဘဲနဲ့ အမေတို့ချည်းပဲ သွားရင် ဘယ်လိုဖြစ်မလဲဆိုပြီး ပြောပါတယ်။ အမေက ကြည့်လည်း ကြည့်ချင်တယ်။ မေမေက အဲဒီလို လုပ်လိုက်လို့ မကြည့်ရတော့ပါဘူး ဆိုပြီး အမေက စိတ်ကောက်ပြီး အိပ်ရာပေါ်မှာ အိပ်နေတယ်။ အမေတို့ ငယ်ငယ်တုန်းက နေ့လယ်ဆိုရင် အိပ်ရတယ်။ အိပ်ရာထဲမှာ အိပ်နေတော့ မေမေ့မိတ်ဆွေက လာတာပေါ့၊ လာပြီး မနက်ဖြန်အစီအစဉ်အတွက် အမေ့ကို ဘယ်တော့ လာခေါ်ရမလဲဆိုတော့ မေမေက ပြောတယ် “မသွားတော့ဘူး၊ ဗိုလ်ချုပ်အောင်ဆန်း သမီးက ပြောတယ်၊ အဲဒါ မမှန်ကန်ဘူးလို့ ပြောတယ်” အဲဒါကတော့ မေမေ ပြောတဲ့အထဲမှာ သတိအရဆုံးပဲ။ အမေက စိတ်ကောက်နေလို့ အိပ်ချင်ယောင်ဆောင်နေတာ ဆိုပေမယ့် နောက်တော့ မေမေ့မိတ်ဆွေက အိပ်ချင်ယောင်ဆောင်နေမှန်း သိတယ်။ အိပ်ချင်ယောင်ဆောင်နေမှန်း မျက်ခွံက လှုပ်နေတော့ သိတယ်။ မေမေက တမင်ပြောတာပေါ့။ အဲဒါတော့ ကောင်းကောင်း မှတ်မိတယ်။

မေး။ ။ နိုင်ငံခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ အာဇာနည်ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတယောက်အဖြစ် အဘွားဒေါ်ခင်ကြည်က အမေ့ကို ဘယ်လို ပြုစုပျိုးထောင်ခဲ့ရတယ်ဆိုတာကို မျှဝေပေးပါဦး။

ဖြေ။ ။ ခုနက ပြောသလို အဲဒီလိုဟာမျိုးပေါ့။ မေမေရဲ့ ပြုစုပျိုးထောင်မှုကိုလည်း မီးမောင်းထိုးပြတဲ့အနေနဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ တချို့မိဘတွေကဆိုရင် လူကြီးပြောတာကို စောဒကတက်ရသလား၊ လူကြီးကို ဒီလိုမေးခွန်းထုတ်ရသလားပေါ့။ သွားဆိုရင်သွား၊ မသွားနဲ့ ဆိုရင် မသွားနဲ့၊ မဟုတ်ဘဲနဲ့ ဒါသွားလို့မဖြစ်ဘူး၊ ဒါသွားတာ မမှန်ဘူး၊ မသွားသင့်ဘူး ဆိုတာကို မေမေက လက်ခံတာကို အမေက အများကြီး တန်ဖိုးထားတယ်။ မှတ်မိတယ်ဆိုတာ မေမေ့အကြောင်း၊ ဖေဖေ့အကြောင်းရယ် မဟုတ်ဘူး။ မိဘနှစ်ပါးစလုံးနဲ့ပတ်သက်လို့ မှတ်သားစရာလို့ စိတ်ထဲမှာ ယူဆပါတယ်။ မေမေက ဖြောင့်မတ်တယ်၊ တည်ကြည်တယ်၊ အင်မတန်မှ စည်းကမ်းကြီးတယ်။ တချို့မိတ်ဆွေတွေက ပြောပါတယ်။ မေမေက ဖေဖေထက်ကို စည်းကမ်းကြီးတယ်လို့ ပြောပါတယ်။

မေး။ ။ နိုင်ငံ့အတွက် ဆောင်ရွက်တာတွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမေစုတို့ရဲ့ကြားက တူညီမှု၊ ယုံကြည်မှုတွေက ဘာတွေလို့ အမေသုံးသပ်မိပါသလဲ၊ ကွဲပြားမှုတွေ ရှိပါသလားရှင့်။

ဖြေ။ ။ အဲဒါ ကိုယ်တိုင်ပြောဖို့ အင်မတန်မှ ခက်ခဲပါတယ်။ အပြင်ကလူတွေသုံးသပ်တာ ပိုပြီးတော့ ဓမ္မဓိဋ္ဌာန် ကျလိမ့်မယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း အမှန်အတိုင်း မြင်ဖို့ဆိုတာ လွယ်တာ မဟုတ်ပါဘူး။ ဖေဖေတို့ အသက်ရှင်ခဲ့တဲ့ အခြေအနေ၊ ဖေဖေတို့ဖြတ်သန်း ခဲ့ရတဲ့ အတွေ့အကြုံအရ အမေတို့ အတွေ့အကြုံတွေနဲ့ မတူဘူး။ မတူဘူးဆိုတော့ နှိုင်းယှဉ်တယ် ဆိုတာတော့ သိပ်မလွယ်ပါဘူး။ အခက်အခဲတွေကတော့ များတာပေါ့။ ဖေဖေတို့လည်း အခက်အခဲတွေ အများကြီးရင်ဆိုင်ခဲ့တယ်။ အမေတို့လည်း အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ ဦးတည်ချက်က နိုင်ငံကောင်းဖို့၊ တည်ငြိမ်ဖို့၊ တိုးတက်ဖို့၊ ညီညွတ်ဖို့ ဦးတည်ချက်တွေကတော့ တူညီတယ်လို့ အမေ့အနေနဲ့ ယူဆတယ်။ ဦးတည်ချက်တွေကို ရင်ဆိုင်တဲ့နေရာမှာ ဒီဦးတည်ချက်တွေနဲ့ ပတ်သက်နေတဲ့အလုပ်တွေကို ကိုင်တွယ်တဲ့နေရာမှာတော့ အလုပ်တွေကလည်း မတူဘူးဆိုတော့ ဘယ်လောက်တူတယ်၊ မတူဘူးဆိုတာ ဆုံးဖြတ်ဖို့ခက်ပါတယ်။

မေး။ ။ ဗိုလ်ချုပ်ရဲ့ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတွေထဲက အထူးခြားဆုံးနဲ့ အအောင်မြင်ဆုံးလို့ ခံယူမိတဲ့ အရာက ဘာဖြစ်မလဲဆိုတာကို သိချင်ပါတယ်ရှင့်။

ဖြေ။ ။ အခြေအနေက တစ်ခုတည်းရယ်လို့ မဟုတ်ပါဘူး။ သမိုင်းတစ်လျှောက်မှာ ထူးခြားတဲ့ အခြေအနေ တစ်ခုဆိုတာ ပြောရခက်ပါတယ်။ တချို့ကိစ္စတွေမှာ ဥပမာ ကမ္ဘာ့သမိုင်းမှာဆိုရင် အင်မတန်မှထူးခြားတဲ့ စစ်ပွဲကြီးတွေရှိတာတော့ ရှိမှာပေါ့။ သမိုင်းဆိုတာ အစဉ်အဆက်တစ်ခုပါပဲ။ တစ်နေ့တည်းနဲ့ဖြစ်တာလည်း မဟုတ်ဘူး။ တစ်နှစ်တည်းနဲ့ ဖြစ်တာလည်းမဟုတ်ဘူး။ တစ်ခုကို ကြည့်ပြီးပြောဖို့ဆိုတာတော့ မလွယ်ပါဘူး၊ သို့သော်ငြားလည်း ဖေဖေရဲ့ ဦးတည်ချက်ဖြစ်တဲ့ လွတ်လပ်ရေးရဖို့အတွက် ညှိနှိုင်းဆွေးနွေးတဲ့ဟာ အောင်မြင်ခြင်းဆိုတာ ဒါကတော့ ထင်ထင်ပေါ်ပေါ် ရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။

မေး။ ။ ဒီအာဇာနည်နေ့မှာ အမေ ဂါရဝပြုတဲ့အခါငယ်စဉ်က တက်ရောက်ပြီး ဂါရဝပြုခဲ့တာနဲ့ အခုဆိုရင် နိုင်ငံ့အကြီးအကဲတစ်ယောက်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ တက်ရောက်ပြီး ဂါရဝပြုတာ အဲဒီကြားထဲမှာ ခြားနားတဲ့ ခံစားမှုမျိုးများရှိသလား၊ ထူးခြားတဲ့ခံစားချက်များရှိလားဆိုတာ ပြောပြပေးပါဦးရှင်။

ဖြေ။ ။ အခုလည်းအမေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သွားပြီးတော့ ဂါရဝပြုတာ မဟုတ်ပါဘူး။ မိသားစုတွေနဲ့အတူတူပဲ။ သမီးအနေနဲ့ဂါရဝပြုတာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတာ ဒီရာထူးကို ကိုင်ထားတဲ့အချိန်မှာပဲ ဖြစ်တာပါ။ ဖေဖေ့သမီးဆိုတာကတော့ ဒါတစ်သက်။ အခုလည်း ဖေဖေ့ကို ဂါရဝပြုတယ်ဆိုတာ မိသားစုအနေနဲ့၊ ဖေဖေ့သမီး တစ်ယောက်အနေနဲ့ပဲ သွားတာပါ။ အဲဒီတော့ ဘာမှမထူးခြားပါဘူး။

မေး။ ။ အာဇာနည်နေ့ ဂုဏ်ပြုကဗျာတွေထဲမှာ ဆရာဇော်ဂျီ (၁၉၆၄) ခုနှစ်က ရေးဖွဲ့ခဲ့တဲ့ “ပြောလိုက်ပါဘိ ဟောပါဘိ”ဆိုတဲ့ ကဗျာကို အမေအကြိုက်နှစ်သက်ဆုံး ဖြစ်တယ်လို့ မှတ်သားဖူး ပါတယ်။ ကဗျာရဲ့ ဆိုလိုရင်းအပေါ် ခံစားမှုကို သိပါရစေရှင်။

ဖြေ။ ။ ကဗျာက လွမ်းတာတင်မဟုတ်ဘူး။ သင်ခန်းစာယူဖို့ ဘယ်လို အဖြစ်အပျက်မျိုးမဆို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်ခန်းစာကောင်းကောင်းယူချင်ရင် ယူလို့ရတယ်ဆိုတာ ဒီကဗျာက ပြတာပါ။ ဆရာဇော်ဂျီကလည်း အင်မတန်မှ ကဗျာပညာက ပြောင်မြောက်ပါတယ်။ ဖတ်လို့လည်း ကောင်းတယ်။ စကားလုံးလေးတွေ ရွေးထားတာကလည်း လှတယ်။ သင့်တော်တယ်။ နောက်ပြီးတော့ အလကား သက်သက် လွမ်းနေတာမဟုတ်ဘူး။ ဒီဟာကို၊ ဒီအဖြစ်အပျက်ကို အခြေခံပြီးတော့ နောင်လာနောက်သားတွေ ပိုပြီးတော့ မှန်ကန်တဲ့စိတ်ဓာတ်၊ ပိုပြီးတော့ မြင့်မားတဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ပြီးတော့ ရေးတာမို့ သဘောကျတာပါ။

မေး။ ။ အခု နိဂုံးချုပ်အနေနဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် အာဇာနည်နေ့အမှတ်တရ ဩဝါဒ စကားလေး ပြောကြားပေးပါဦးရှင့်။

ဖြေ။ ။ အဲဒါကတော့ အမေ ခဏခဏပြောတဲ့ကိစ္စပါ။ ကိုယ်ကောင်းတာလုပ်တယ်ဆိုရင် ဒါဟာ ကိုယ့်အတွက် အကောင်းဆုံးပဲဖြစ်မှာပဲ။ အထူးသဖြင့် မိဘတွေကိုဆိုရင် အမေအမြဲပဲပြောတယ်။ ကိုယ့်သားသမီးတွေကို ကောင်းတဲ့အမွေအနှစ် ပေးချင်တယ်ဆိုရင် ကိုယ်မှန်မှန်ကန်ကန် ကောင်းကောင်း မွန်မွန် နေသွားမယ်။ အဲဒါဟာ အကောင်းဆုံးအမွေအနှစ်ပဲ။ ပိုက်ဆံဆိုတာက ဘယ်လောက် ထားပေးခဲ့နိုင်မလဲ။ နောက်ပြီးတော့လည်း ကိုယ်ထားပေးခဲ့တဲ့ ပိုက်ဆံကလည်း နေ့ချင်းညချင်းပျောက်ရင်လည်း ပျောက်သွားမှာပဲ။ ကိုယ်ဘာမှမသိနိုင်ဘူး။ အကောင်းဆုံး အမွေအနှစ် ဆိုတာကတော့ မှန်မှန်ကန်ကန် မြင့်မြင့်မြတ်မြတ်နေသွားဖို့ပဲ။ လူငယ်တွေဆိုတာကတော့ အခွင့်အရေးတွေ အများကြီးရှိတယ်။ ကိုယ့်ကိုယ်ကိုယ် တစ်နေ့တစ်ချိန်တစ်ခါမှာ ကောင်းမွန်တဲ့၊ မြင့်မြတ်တဲ့၊ အများကို အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်။ ကြိုးစားနိုင်တဲ့ အခွင့်အရေးတွေ၊ အချိန်တွေအများကြီးရှိတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီအခွင့်အရေးတွေက နည်းနည်းသွားတယ်။ အဲဒီတော့ လူငယ်တွေကို ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ အင်မတန်မှ တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိအောင်သုံးပါ။ တန်ဖိုးရှိအောင်သုံးရင် အခု အာဇာနည်ခေါင်းဆောင်ကြီးတွေကို ပြည်သူလူထုက သတိရနေတာ၊ တမ်းတနေတာတွေ အဲဒါတွေကို အားကျနေတာမဟုတ်ဘဲနဲ့ ဒီလိုတမ်းတခြင်း၊ သတိရခြင်းဖြစ်စေတဲ့ မှန်ကန်တဲ့စိတ်ဓာတ်တွေကိုသာ အားကျတာဖြစ်ရမယ်။ တချို့ကဆိုရင် ထင်ပေါ်ကျော်စောချင်တာပေါ့။ အာဇာနည်ကြီးတွေလို ဖြစ်ချင်တယ်ဆိုတာ အာဇာနည်ကြီးတွေလို ကျော်ကြားချင်တာ၊ ထင်ပေါ်ချင်တာ။ အာဇာနည်ကြီးတွေလို ရုန်းကန်ချင်တာက အခက်အခဲတွေကို ရင်ဆိုင်ချင်တာမဟုတ်ဘူး။ အဲဒါကြောင့် မှန်မှန်ကန်ကန် သုံးသပ်ဖို့၊ မှန်မှန်ကန်ကန် သင်ခန်းစာယူဖို့ ကတော့ အရေးကြီးဆုံးပါ။ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမှာပါ။ ဘယ်လိုသင်ခန်းစာ ယူမလဲ၊ ဘယ်လို သုံးသပ်မလဲဆိုတာ အမေ့အနေနဲ့ လူတိုင်း ဒီလိုစဉ်းစားရမယ်၊ ဒီလိုစိတ်ထားရမယ်လို့ ပြောလို့ကတော့ မဖြစ်နိုင်ပါဘူး။

မေး။ ။ နောက်ဆုံးအနေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ နေရာတိုင်းမှာလုပ်နေတာ အဲဒီအပေါ်မှာ အမေ့ရဲ့ ကျေနပ်မှု ဘယ်လောက်အတိုင်းအတာထိရှိသလဲဆိုတာ ပြောပြပေးစေလိုပါတယ်။

ဖြေ။ ။ ကျေနပ်ပါတယ်။ ဒါပေမယ့် တစ်ဝိုင်းနဲ့တစ်ဝိုင်းတော့မတူဘူး။ တချို့ဝိုင်းတွေမှာဆိုရင် ဒီဝိုင်းထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေက မေးတဲ့မေးခွန်းတွေက စိတ်ဝင်စားစရာ ကောင်းတယ်။ အဖြေတွေ ကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ဒါပေမယ့် နားထောင်တဲ့သူတွေကို ပိုပြီးတော့ သဘောကျတယ်။ တချို့တွေက သူများပြောတာ နားမထောင်ဘူး။ လာကတည်းက ဘာမေးခွန်း မေးမယ် ဆိုတာ ဆုံးဖြတ်ထားပြီးသား။ တခြားသူတွေက မေးတာရော၊ သူတို့ ပြန်ပြီးဖြေတာရော ကောင်းကောင်း နားမထောင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မေးခွန်းက ထပ်နေတယ်။ ထပ်တယ်ဆိုတာ သူတို့ကောင်းကောင်း နားမထောင်လို့ဆိုတာ သိသာတယ်။ တချို့ကျတော့ တကယ်ကို သိချင်တယ်။ ဟိုတစ်ယောက်က ဘာပြောမလဲ သေသေချာချာနားထောင်တယ်။ သေသေချာချာ စဉ်းစားတယ်။ အဲဒီလို ဆွေးနွေးတဲ့သူတွေပါလာရင်တော့ ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတယ်။ ပိုပြီးတော့လည်း ကျေနပ်စရာကောင်းတယ်။ ကျေးလက်တွေက ပိုပြီး ပွင့်ပွင့်လင်းလင်းရှိတယ်။ ပြင်ဆင်ထားတာတွေ နည်းတယ်။ သဘာဝကျတယ်။ ကျေးလက်က ပိုပြီးသာတယ်လို့ မပြောချင်ပါဘူး။ ပိုပြီးတော့ ပွင့်လင်းတယ်။ ပိုပြီး သဘာဝကျတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြသည်။

Credit:DVB