Zawgyiျဖင့္ဖတ္ရန္

 

၄ႏွစ္ Du Sihan ေလးဟာ Thalassemia ဆိုတဲ့ ေရာဂါကိုခံစားေနရျပီး ေသြးလည္ပတ္မႈပံုမွန္မဟုတ္ေသာေၾကာင့္ တစ္ခါတစ္ေလ ျပင္းထန္တဲ့နာက်င္မႈကို ကေလးတစ္ေယာက္အေနနဲ႔ မခံစားႏုိင္ဘူး

တစ္ခါတစ္ခါ နာတိုင္း ဘာမွမလုပ္ပါနဲ႔ေတာ့.. သူ႔ကိုတစ္သက္လံုးမနာက်င္ေစမယ့္ လမ္းပဲေပးသြားပါေတာ့လို႔ေျပာတယ္။ မိဘေတြကလည္း သားသမီးကို ဘယ္လိုမွအဆံုး႐ႈံးမခံႏုိင္တာေၾကာင့္ ခဏေလာက္သည္းခံဖို႔ ျပီးရင္ သက္သာသြားမွာပါလုိ႔ေခ်ာ့ေမာ့ျပီးေျပာေနတဲ့ျမင္ကြင္းဟာ ျမင္သူတိုင္းကို မ်က္ရည္ဝဲေစပါတယ္။

Sihan ေလးရဲ႕သတင္း အင္တာနက္မွာပ်ံသြားေတာ့ အင္တာနက္သံုးစဲြသူေတြက ထိုမိသားစုရဲ႕အခက္ခဲေျဖ႐ွင္းႏုိင္ဖို႔ ကူညီေပးခဲ့တယ္။ ကေလးရဲ႕ေဆးဖိုုးဝါးခက အားလံုးေပါင္း ေဒၚလာ ၁၃၄၅၅ဝ ႐ွိတယ္လို႔သိရပါတယ္။ စုေပါင္း လွဴဒါန္းမႈကရတဲ့ေငြနဲ႔ Sihanေလးကို ခဲြစိတ္ဖို႔ အဆင္ေျပသြားခဲ့ပါတယ္။

ခဲြစိိတ္ျပီးေပမယ့္လည္း Sihan ေလး ရက္၂ဝေက်ာ္ေလာက္အျပင္းဖ်ားခဲ့ျပီး ပိုးသတ္ဖို႔ ရက္ေပါင္း ၄ဝ အနားယူရမယ္လုိ႔သိရပါတယ္။ ေနာက္ထပ္ခဲြစိတ္မႈလုပ္ႏုိင္ဖို႔ မိသားစုက ေမွ်ာ္လင့္ေနျပီး ဒီတစ္ခါဆိုရင္ေတာ့ အေျခအေနျပန္ေကာင္းလာႏိုင္ဖို႔ဆုေတာင္းေနၾကတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကေလးအသက္ရြယ္နဲ႔မမွ်ေအာင္ ခံစားေနရတဲ့ ဒီေဝဒနာေၾကာင့္ ၾကာၾကာဒဏ္မခံႏိုင္ခဲ့ဘူး။

ေနာက္ဆံုးထြက္သက္မွာေတာ့ အေမျဖစ္သူကုိ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ဖို႔ေျပာျပီး ေသဆံုးသြားခဲ့ပါတယ္။ အခုေတာ့ နာက်င္မႈမ႐ွိဘဲ တစ္သက္လံုး ျငိမ္းခ်မ္းစြာအိပ္စက္ႏုိင္သြားျပီလို႔ Sihan ေလး အေမက ဝမ္းနည္းေၾကကဲြစြာ ေျပာခဲ့တယ္။

Credit: buzzy.com.mm

Unicodeဖြင့်ဖတ်ရန်

 

နာကျင်မှုတွေကိုထပ်မခံစားနိုင်တော့လို့ သေချင်တယ်လို့တောင်းဆိုလာတဲ့ သနားစရာကလေးလေး

 

၄နှစ် Du Sihan လေးဟာ Thalassemia ဆိုတဲ့ ရောဂါကိုခံစားနေရပြီး သွေးလည်ပတ်မှုပုံမှန်မဟုတ်သောကြောင့် တစ်ခါတစ်လေ ပြင်းထန်တဲ့နာကျင်မှုကို ကလေးတစ်ယောက်အနေနဲ့ မခံစားနိုင်ဘူး

တစ်ခါတစ်ခါ နာတိုင်း ဘာမှမလုပ်ပါနဲ့တော့.. သူ့ကိုတစ်သက်လုံးမနာကျင်စေမယ့် လမ်းပဲပေးသွားပါတော့လို့ပြောတယ်။ မိဘတွေကလည်း သားသမီးကို ဘယ်လိုမှအဆုံးရှုံးမခံနိုင်တာကြောင့် ခဏလောက်သည်းခံဖို့ ပြီးရင် သက်သာသွားမှာပါလို့ချော့မော့ပြီးပြောနေတဲ့မြင်ကွင်းဟာ မြင်သူတိုင်းကို မျက်ရည်ဝဲစေပါတယ်။

Sihan လေးရဲ့သတင်း အင်တာနက်မှာပျံသွားတော့ အင်တာနက်သုံးစွဲသူတွေက ထိုမိသားစုရဲ့အခက်ခဲဖြေရှင်းနိုင်ဖို့ ကူညီပေးခဲ့တယ်။ ကလေးရဲ့ဆေးဖိုးဝါးခက အားလုံးပေါင်း ဒေါ်လာ ၁၃၄၅၅ဝ ရှိတယ်လို့သိရပါတယ်။ စုပေါင်း လှူဒါန်းမှုကရတဲ့ငွေနဲ့ Sihanလေးကို ခွဲစိတ်ဖို့ အဆင်ပြေသွားခဲ့ပါတယ်။

ခွဲစိတ်ပြီးပေမယ့်လည်း Sihan လေး ရက်၂ဝကျော်လောက်အပြင်းဖျားခဲ့ပြီး ပိုးသတ်ဖို့ ရက်ပေါင်း ၄ဝ အနားယူရမယ်လို့သိရပါတယ်။ နောက်ထပ်ခွဲစိတ်မှုလုပ်နိုင်ဖို့ မိသားစုက မျှော်လင့်နေပြီး ဒီတစ်ခါဆိုရင်တော့ အခြေအနေပြန်ကောင်းလာနိုင်ဖို့ဆုတောင်းနေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးအသက်ရွယ်နဲ့မမျှအောင် ခံစားနေရတဲ့ ဒီဝေဒနာကြောင့် ကြာကြာဒဏ်မခံနိုင်ခဲ့ဘူး။

နောက်ဆုံးထွက်သက်မှာတော့ အမေဖြစ်သူကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပြောပြီး သေဆုံးသွားခဲ့ပါတယ်။ အခုတော့ နာကျင်မှုမရှိဘဲ တစ်သက်လုံး ငြိမ်းချမ်းစွာအိပ်စက်နိုင်သွားပြီလို့ Sihan လေး အမေက ဝမ်းနည်းကြေကွဲစွာ ပြောခဲ့တယ်။

Credit: buzzy.com.mm