Zawgyiျဖင့္ဖတ္ရန္

 

ေႁမြကိုက္ခံရတဲ့အခါ ေႁမြကိုသတ္ၿပီး ေဆး႐ုံကိုတစ္ပါတည္း ယူလာျပဖို႔ သူမ်ားေတြေျပာၾကတာ ၾကားဖူးမွာပါ။ ဒါမွ ဆရာဝန္ေတြက ကိုက္တဲ့ေႁမြကို ခြဲျခားသိၿပီး သက္ဆိုင္ရာ ေႁမြဆိပ္ေျဖေဆးနဲ႔ ျမန္ျမန္ဆန္ဆန္ အသက္ကယ္ႏိုင္မယ္လို႔ ဆိုၾကပါတယ္။ ဒါေပမယ့္ တ႐ုတ္ႏိုင္ငံက အမ်ိဳးသမီးတစ္ဦးကေတာ့ ေပါက္ေပါက္ရွာရွာပဲ သူမကိုေပါက္ခဲ့တဲ့ေႁမြအရွင္ကို လက္မွာပတ္ၿပီး ေဆး႐ုံေခၚလာခဲ့ပါတယ္။

ယင္းအျဖစ္ဟာ ဇူလိုင္လ(၂၉)ရက္တုန္းက တ႐ုတ္ႏိုင္ငံ ဇီက်န္းျပည္နယ္မွာ ျဖစ္ပြားခဲ့တာပါ။ အသက္(၂၀)ဝန္းက်င္ရွိတဲ့ အမ်ိဳးသမီးတစ္ဦးဟာ တစ္ညမွာ အိမ္ျပင္လမ္းေလွ်ာက္ထြက္ရင္း သူမရဲ႕ဖုန္းက ခ်ဳံပုတ္ေတြထဲ မေတာ္တဆ က်သြားခဲ့ပါတယ္။ ခ်ဳံပုတ္ေတြထဲ ဖုန္းရွာေနတုန္းမွာပဲ ခ်ဳံထဲပုန္းေနတဲ့ ေႁမြတစ္ေကာင္က သူမရဲ႕ ညာလက္မကို ဆတ္ခနဲလွမ္းကိုက္လိုက္ပါတယ္။

ဒဏ္ရာကႀကီးႀကီးမားမားမဟုတ္ေပမယ့္ ထိုအမ်ိဳးသမီးဟာ ေဆးကုသမႈခံယူဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေၾကာင့္ ေႁမြကို သူမရဲ႕လက္နဲ႔ ကိုယ္တိုင္ဖမ္းၿပီး ဘယ္ဘက္လက္ေကာက္ဝတ္မွာ ပတ္ကာ အေရးေပၚဌာနကို အေရာက္သြားခဲ့ပါတယ္။ ေဆး႐ုံက ဆရာဝန္ေတြနဲ႔ သူနာျပဳေတြကေတာ့ ထိုအမ်ိဳးသမီးရဲ႕သတၱိေကာင္းပုံကို အမ်ားႀကီး အံ့ၾသခဲ့ၾကပါတယ္။ မ်ားေသာအားျဖင့္ ေႁမြကိုက္ခံရတဲ့ လူနာေတြေရာက္လာရင္ ေႁမြကိုသတ္ၿပီးမွ ယူလာၾကေၾကာင္း ဆရာဝန္တစ္ဦးက ဆိုပါတယ္။ ထိုအမ်ိဳးသမီးက ေႁမြက တျခားသူေတြကို ထပ္မကိုက္ေအာင္လို႔ ဆိုၿပီး ေႁမြေခါင္းကို ပုလင္းတစ္လုံးစြပ္လာပါေသးတယ္။

ဒါေပမယ့္ သူမက ကံေကာင္းပါတယ္။ သူမကို ကိုက္တဲ့ေႁမြက အဆိပ္ရွိတဲ့ေႁမြ မဟုတ္ပါဘူး။ သူမရဲ႕ အနာကို ေသခ်ာသန႔္ရွင္းၿပီး ဆရာဝန္ေတြက ေဆးထိုးအၿပီးမွာေတာ့ ထိုသတၱိခဲဟာ စိတ္ခ်လက္ခ်နဲ႔ အိမ္ျပန္သြားခဲ့ပါတယ္။ အခုအခ်ိန္ထိေတာ့ ေဆး႐ုံကို ေႁမြအရွင္ႀကီး ေခၚလာၿပီး ေအးေအးေဆးေဆးနဲ႔ လူနာမွတ္တမ္းပုံစံကိုျဖည့္ေနတဲ့ အမ်ိဳးသမီးကေတာ့ ႀကဳံဖူးသမွ်ထဲမွာ အထူးဆန္းဆုံးအမ်ိဳးသမီးလို႔ ဆိုရမွာပါပဲ။

Ref: worldofbuzz

Credit:Lyhealth Care

Unicodeဖြင့်ဖတ်ရန်

 

မြွေကိုက်ခံရလို့ဆိုပြီး ကိုက်တဲ့မြွေကိုပါ ဆေးရုံဆီ အရှင်လိုက်ခေါ်လာရဲတဲ့ သတ္တိခဲမိန်းမပျို
မြွေကိုက်ခံရတဲ့အခါ မြွေကိုသတ်ပြီး ဆေးရုံကိုတစ်ပါတည်း ယူလာပြဖို့ သူများတွေပြောကြတာ ကြားဖူးမှာပါ။ ဒါမှ ဆရာဝန်တွေက ကိုက်တဲ့မြွေကို ခွဲခြားသိပြီး သက်ဆိုင်ရာ မြွေဆိပ်ဖြေဆေးနဲ့ မြန်မြန်ဆန်ဆန် အသက်ကယ်နိုင်မယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးကတော့ ပေါက်ပေါက်ရှာရှာပဲ သူမကိုပေါက်ခဲ့တဲ့မြွေအရှင်ကို လက်မှာပတ်ပြီး ဆေးရုံခေါ်လာခဲ့ပါတယ်။

ယင်းအဖြစ်ဟာ ဇူလိုင်လ(၂၉)ရက်တုန်းက တရုတ်နိုင်ငံ ဇီကျန်းပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ အသက်(၂၀)ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ တစ်ညမှာ အိမ်ပြင်လမ်းလျှောက်ထွက်ရင်း သူမရဲ့ဖုန်းက ချုံပုတ်တွေထဲ မတော်တဆ ကျသွားခဲ့ပါတယ်။ ချုံပုတ်တွေထဲ ဖုန်းရှာနေတုန်းမှာပဲ ချုံထဲပုန်းနေတဲ့ မြွေတစ်ကောင်က သူမရဲ့ ညာလက်မကို ဆတ်ခနဲလှမ်းကိုက်လိုက်ပါတယ်။

ဒဏ်ရာကကြီးကြီးမားမားမဟုတ်ပေမယ့် ထိုအမျိုးသမီးဟာ ဆေးကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် မြွေကို သူမရဲ့လက်နဲ့ ကိုယ်တိုင်ဖမ်းပြီး ဘယ်ဘက်လက်ကောက်ဝတ်မှာ ပတ်ကာ အရေးပေါ်ဌာနကို အရောက်သွားခဲ့ပါတယ်။ ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေကတော့ ထိုအမျိုးသမီးရဲ့သတ္တိကောင်းပုံကို အများကြီး အံ့သြခဲ့ကြပါတယ်။ များသောအားဖြင့် မြွေကိုက်ခံရတဲ့ လူနာတွေရောက်လာရင် မြွေကိုသတ်ပြီးမှ ယူလာကြကြောင်း ဆရာဝန်တစ်ဦးက ဆိုပါတယ်။ ထိုအမျိုးသမီးက မြွေက တခြားသူတွေကို ထပ်မကိုက်အောင်လို့ ဆိုပြီး မြွေခေါင်းကို ပုလင်းတစ်လုံးစွပ်လာပါသေးတယ်။

ဒါပေမယ့် သူမက ကံကောင်းပါတယ်။ သူမကို ကိုက်တဲ့မြွေက အဆိပ်ရှိတဲ့မြွေ မဟုတ်ပါဘူး။ သူမရဲ့ အနာကို သေချာသန့်ရှင်းပြီး ဆရာဝန်တွေက ဆေးထိုးအပြီးမှာတော့ ထိုသတ္တိခဲဟာ စိတ်ချလက်ချနဲ့ အိမ်ပြန်သွားခဲ့ပါတယ်။ အခုအချိန်ထိတော့ ဆေးရုံကို မြွေအရှင်ကြီး ခေါ်လာပြီး အေးအေးဆေးဆေးနဲ့ လူနာမှတ်တမ်းပုံစံကိုဖြည့်နေတဲ့ အမျိုးသမီးကတော့ ကြုံဖူးသမျှထဲမှာ အထူးဆန်းဆုံးအမျိုးသမီးလို့ ဆိုရမှာပါပဲ။

Ref: worldofbuzz

Credit:Lyhealth Care