Zawgyiဖြင့်ဖတ်ရန်

 








Credit:Kay Kay

Ref : Smile’s Facebook

 

Unicodeဖြင့်ဖတ်ရန်

 

ဖွားဖွားကြီး ဒေါ်ခင်လေးဆွေရဲ့ ၈၆ နှစ်ပြည့် မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ စမိုင်းလ်

 

တစ်ချိန်က အနုပညာသမိုင်းတစ်လျှောက်မှာ နာမည်ကြီးခေတ်စားလာတဲ့ မင်းသမီးကြီး ဒေါ်ခင်လေးဆွေဟာဆိုရင် လူတိုင်းသိတဲ့ အနုပညာရှင်တစ်ယောက်ပါ။ မင်းသမီးကြီး ဒေါ်ခင်လေးဆွေကတော့ ကောင်းမွန်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်ပြသနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရယူပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ယနေ့ဆိုရင် ဒေါ်ခင်လေးဆွေဟာ အသက် (၈၆) နှစ် ပြည့်ပြီးဖြစ်တာမို့ မြေးဖြစ်သူ စမိုင်းလ်ကနေ ဖွားဖွားကြီးအတွက် ” Happy 86th birthday Phwar Phwar Gyi ” ဆိုတဲ့ စာသားလေးနဲ့ မွေးနေ့ဆုမွန်ကောင်း ဆုတောင်းပေးထားတာပဲဖြစ်ပါတယ်။ အသက် (၈၆) နှစ် ပြည့်ပြီဖြစ်သည့်တိုင်အောင် အသက်ရှည်ကျန်းမာပြီး လှပနုပျိုနေသေးတဲ့ မင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် မျှဝေပေးလိုက်ပါတယ်
အသက်ရှည်ကျန်းမာပြီး လှပနုပျိုနေသေးတဲ့ ဒေါ်ခင်လေးဆွေရဲ့ ပုံရိပ်
ဖွားဖွားကြီးနဲ့ တွဲရိုက်ထားတဲ့ စမိုင်းလ်တို့ မြေးအဖွားနှစ်ယောက်ရဲ့ ပုံရိပ်
အသက် (၈၆) နှစ်ပြည့်ပြီဖြစ်တဲ့ မင်းသမီးကြီး ဒေါ်ခင်လေးဆွေအတွက် မြေးဖြစ်သူ စမိုင်းလ်ကတော့ မွေးနေ့ဆုမွန်ကောင်းလေးတွေ တောင်းဆုခြွေပြီးပြီမို့ ချစ်ပရိသတ်ကြီးများကလည်း ကျန်းမာနုပျိုလှပနေသေးတဲ့ ဖွားဖွားကြီးအတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေနဲ့ ဆုတောင်းပေးခဲ့ကြပါဦးနော်။ ကြည့်ရှု့အားပေးခဲ့ကြပါသော ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit:Kay Kay

Ref : Smile’s Facebook