Zawgyiဖြင့်ဖတ်ရန်

 







Credit to We Love Cele

 

Unicodeဖြင့်ဖတ်ရန်

 

ယွန်းဝတီလွင်မိုးက သူမရဲ့သားလေးကို ထုတ်မပြသေးတဲ့အကြောင်းရင်း ပြောပြီ

 

ယွန်းဝတီလွင်မိုးဟာ ဒီ August 7 ရက်နေ့က သားယောက်ကျားလေးကို အောင်မြင်စွာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ မွေးဖွားပြီးဖြစ်ပေမယ့်လည်း ယခုအချိန်ထိ ပရိသတ်တွေကို သူမရဲ့ သားယောက်ကျားလေးကို ပြသခြင်းမရှိသေးပါဘူး။

အမှန်တကယ်တော့ ယွန်းဝတီလွင်မိုးက သူမရဲ့သားလေးကို ထုတ်မပြသေးတဲ့အကြောင်းရင်းက ကလေးက အသားဝါဝင်နေလို့ ဆေးကုနေရတာကြောင့်ပါလို့ ပရိသတ်တွေကို ပြောပြလာပါတယ်။

နောက်ပြီးတော့ ကလေးရဲ့နာမည်ပေးဖို့ကိုလည်း သူမကိုယ်တိုင်ပဲ စဉ်းစားရွေးချယ်လျက်ရှိနေပါသေးတယ်။

မကြာခင် အချိန်တွင်းမှာတော့ ပရိသတ်တွေကိုပြောပြသွားဖို့ရှိတယ်လို့ သူမဖခင်ဦးလွင်မိုးကပြောပါတယ်။

ကလေးက ၇ပေါင်ခွဲရှိပြီး တနင်္လာ သားလေးဖြစ်တယ်လို့ သိရပါတယ်။ ကလေးမွေးပြီး အခြေနေတွေတည်ငြိမ်သွားရင် ယွန်းလေးကတော့ အနုပညာအလုပ်ပြန်လုပ်ဖို့လည်းရှိပါတယ်လို့ ဆိုလာပါတယ်။

ယွန်းလေးရဲ့ သားယောက်ကျားလေးကတော့ ဘယ်သူနဲ့တူမလဲဆိုတာ မကြာခင် ပရိသတ်ကြီးသိရတော့မှာပါနော်။

Credit to We Love Cele