Zawgyiျဖင့္ဖတ္ရန္

 

ပဲပုပ္ႏွင့္ စိတ္ၾကြေဆးျပား ရန္ကုန္သို႔ ပို႔ေဆာင္စဥ္ သိမ္းဆဲရမိ

ရွမ္းျပည္နယ္ေတာင္ပိုင္း နမ္႔စန္ျမိဳ႕၌ ၂၀၁၈ ၾသဂုတ္​ ၁၆ရက္​​ေန႔ ​ေန႔လည္ ၁၁ နာရီခြဲခန္႔အခ်ိန္ခန္႔တြင္ မိုးနဲျမိဳ႕မွ ဆုိင္ကယ္ျဖင္႔ တင္ေဆာင္လာေသာ ပဲပုပ္အိပ္တစ္လုံးအား ရန္ကုန္ျမိဳ႕သုိ႔ပုိ႔ေဆာင္ရန္ အမည္မသိသူတစ္ဦးမွ ရန္ကုန္သုိ႔ထြက္ခြာ လုဆဲဆဲ ဒုိ႔ညီေနာင္ကားဂိတ္သုိ႔ လာေရာက္ပုိ႔ေဆာင္၍ ပဲပုပ္အိတ္ကုိ ကားဂိတ္​မွဴးျဖစ္သူ အိတ္အား တာဝန္အရ ဖြင္႔ႀကည့္စစ္ေဆးစဥ္ ပိုင္ရွင္ျဖစ္သူတြင္ အိတ္ကုိအားထားခဲ႔ျပီး ဆုိင္ကယ္ျဖင္႔ထြက္ေျပးသြားခဲ႔သည္။

အိတ္အတြင္းမွပဲပုပ္မ်ားနွင္႔စိတ္ႀကြရာမေဆးျပား ၁၉၈၀၀ ျပား ေတြ႔ရွိျခင္းျဖင့္ ရဲစခန္းသို႔ အေၾကာင္းၾကားေပး ခဲ႔ရေၾကာင္း “မုနိျမီ”အြန္လိုင္းမီဒီယာသို႔ ဒို႔ညီေနာင္ ကားဂိတ္မွ တာဝန္ရွိသူတစ္ဦး ေျပာၾကားသည္။

ထိုေနာက္ နမ့္စန္ျမိဳ႕မရဲစခန္းမွ ပဲပုပ္ႏွင့္ စိတ္ၾကြေဆးျပား ရန္ကုန္သို႔ ပို႔ေဆာင္ခဲ့သူအား အမႈဖြင့္ စစ္ေဆးလ်ွက္ ရွိေၾကာင္း စုံစမ္းသိရွိရပါသည္။

Credit:သာခိုင္(မုနိျမီ)

Unicodeဖြင့်ဖတ်ရန်

 

ရန်ကုန်သို့ ပို့ဆောင်မည့် ဆေးပြားတွေ ပဲပုပ်နှင့် ရောထည့်လာမှု ဖမ်းမိ

 

ပဲပုပ်နှင့် စိတ်ကြွဆေးပြား ရန်ကုန်သို့ ပို့ဆောင်စဉ် သိမ်းဆဲရမိ

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့၌ ၂၀၁၈ သြဂုတ် ၁၆ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်အချိန်ခန့်တွင် မိုးနဲမြို့မှ ဆိုင်ကယ်ဖြင့် တင်ဆောင်လာသော ပဲပုပ်အိပ်တစ်လုံးအား ရန်ကုန်မြို့သို့ပို့ဆောင်ရန် အမည်မသိသူတစ်ဦးမှ ရန်ကုန်သို့ထွက်ခွာ လုဆဲဆဲ ဒို့ညီနောင်ကားဂိတ်သို့ လာရောက်ပို့ဆောင်၍ ပဲပုပ်အိတ်ကို ကားဂိတ်မှူးဖြစ်သူ အိတ်အား တာဝန်အရ ဖွင့်ကြည့်စစ်ဆေးစဉ် ပိုင်ရှင်ဖြစ်သူတွင် အိတ်ကိုအားထားခဲ့ပြီး ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့သည်။

အိတ်အတွင်းမှပဲပုပ်များနှင့်စိတ်ကြွရာမဆေးပြား ၁၉၈၀၀ ပြား တွေ့ရှိခြင်းဖြင့် ရဲစခန်းသို့ အကြောင်းကြားပေး ခဲ့ရကြောင်း “မုနိမြီ”အွန်လိုင်းမီဒီယာသို့ ဒို့ညီနောင် ကားဂိတ်မှ တာဝန်ရှိသူတစ်ဦး ပြောကြားသည်။

ထိုနောက် နမ့်စန်မြို့မရဲစခန်းမှ ပဲပုပ်နှင့် စိတ်ကြွဆေးပြား ရန်ကုန်သို့ ပို့ဆောင်ခဲ့သူအား အမှုဖွင့် စစ်ဆေးလျှက် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

Credit:သာခိုင်(မုနိမြီ)