Zawgyiျဖင့္ဖတ္ရန္

 

ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ အမ်ိဳးသမီးတစ္ဦးအျဖစ္ ထင္ရွားသည့္ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္းမွ မသင္းသင္းေအး (ေခၚ) မမီးမီး၏ဈာပနကို ဩဂုတ္လ ၁၇ ရက္ ယေန႔ မြန္းလြဲ ၂ နာရီက ေျမာက္ဥကၠလာပ ၿမိဳ႕နယ္ရွိ ေရေဝးသုသာန္တြင္က်င္းပခဲ့သည္။

ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ဧရာဝတီတိုင္းေဒသႀကီး ေက်ာင္းကုန္းၿမိဳ႕နယ္ထဲ၌ ယာဥ္မေတာ္တဆျဖစ္ကာ ေသဆုံးခဲ့သည့္ မမီး၏ အသုဘအခမ္းအနားသို႔ ႏိုင္ငံေရး၊ လူမႈေရး စသည့္နယ္ပယ္အသီးသီးမွ လူေပါင္း ေသာင္းခ်ီကာ တက္ေရာက္ခဲ့ၿပီး ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကလည္း ဝမ္းနည္းေၾကာင္းသဝဏ္လႊာ ေပးပို႔ခဲ့သည္။

“မီးမီးေရ နင့္ဈာပနရဲ႕အျပင္ဘက္မွာ နင္ခ်စ္တဲ့ျပည္သူေတြက ေက်ာင္းသားေတြက နင့္ကိုခ်စ္ေၾကာင္း ဝမ္းနည္းေၾကာင္းျပေနၾကတယ္။ နင့္မွာေငြမရွိ အာဏာမရွိေပမယ့္ နင္ေပးဆပ္လုပ္ကိုင္ခဲ့တဲ့လုပ္ရပ္ေတြေၾကာင့္ ေနာင္မ်ိဳးဆက္ေတြက နင့္ကိုခ်စ္ေၾကာင္းျပေနပါတယ္”ဟု ၈၈ ေက်ာင္းသားေခါင္းေဆာင္ဦးမင္းကိုႏိုင္က ဝမ္းနည္းေၾကာင္း အမွတ္တရစကား ေျပာသည္။

မမီးမီးကို အဖ ဦးဘသိန္း အမိ ေဒၚခင္ညိမ္းတို႔က ၁၉၇၂ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕၌ဖြားျမင္ခဲ့ၿပီး ၁၉၈၈ ခုႏွစ္တြင္ ဒသမတန္းေက်ာင္းသူဘဝျဖင့္ အေျခခံပညာ ေက်ာင္းသားမ်ား သမဂၢ (အကသ)၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကေရစီလႈပ္ရွားမႈ (မကဒ) အဖြဲ႕ဝင္အျဖစ္ အေရးေတာ္ပုံတြင္ပါဝင္လႈပ္ရွားခဲ့သည္။

၁၉၈၉ ခုႏွစ္ မတ္လတြင္ စက္မႈတကၠသိုလ္ေက်ာင္းသား ကိုဖုန္းေမာ္ ကြယ္လြန္ျခင္းတစ္ႏွစ္ျပည့္ လႈံ႕ေဆာ္လႈပ္ရွားမႈေၾကာင့္ ေလးလ တစ္ႀကိမ္၊ ၁၉၉၆ ခုႏွစ္ ဒီဇင္ဘာလတြင္ စစ္အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းေရး ေက်ာင္းသားမ်ားဆႏၵျပမႈျဖင့္ ခုနစ္ႏွစ္ တစ္ႀကိမ္၊ ေထာင္ဒဏ္က်ခံခဲ့ရသည္။

၂၀၀၂ ခုႏွစ္တြင္ျပန္လည္လြတ္ေျမာက္လာၿပီး ၈၈ မ်ိဳးဆက္ေက်ာင္းသားမ်ားအဖြဲ႕တြင္ ပါဝင္လႈပ္ရွားကာ ၂၀၀၇ ခုႏွစ္တြင္ ေလာင္စာဆီးေဈးမ်ားတက္ျခင္းကိစၥ ဆႏၵျပပြဲမ်ား၊ ေ႐ႊဝါေရာင္ သံဃာ့ဆႏၵျပပြဲမ်ားႏွင့္ ဆက္စပ္ကာ ဖမ္းဆီးခံခဲ့ရၿပီး ၂၀၀၈ ခုႏွစ္ ႏိုဝင္ဘာလတြင္ ေထာင္ဒဏ္ ၆၅ ႏွစ္ ခ်မွတ္ျခင္းခံရသည္။

၂၀၁၂ ခုႏွစ္တြင္ အျခားေသာ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္မ်ားႏွင့္အတူ ျပန္လည္လြတ္ေျမာက္ခဲ့ၿပီး ယခုကြယ္လြန္ခ်ိန္အထိ ၈၈မ်ိဳးဆက္ၿငိမ္းခ်မ္းေရး ႏွင့္ပြင့္လင္းလူ႔အဖြဲ႕အစည္းတြင္ အမ်ိဳးသမီးေရးႏွင့္ ကေလး သူငယ္ေရးရာဌာနတြင္ တြဲဖက္တာဝန္ခံအျဖစ္ ထမ္းေဆာင္ခဲ့သည္။

ထို႔ျပင္ ၾကက္ေျခနီအဖြဲ႕၊ နာေရးကူညီမႈ အသင္းတို႔တြင္လည္း တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္ခဲ့သည္။

၁၉၉၀ ျပည့္ႏွစ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ တာေမြၿမိဳ႕နယ္လူငယ္တာဝန္ခံ ကိုလွမိုးႏွင့္အိမ္ေထာင္က်ၿပီး သမီးတစ္ေယာက္သားတစ္ေယာက္ထြန္းကားခဲ့သည္။

ကြယ္လြန္ခ်ိန္တြင္ ခင္ပြန္းသည္၊ သားသမီးႏွစ္ဦးႏွင့္ ေျမးႏွစ္ဦးတို႔က်န္ရစ္ခဲ့သည္။

Credit:apann pyay

 

Unicodeဖြင့်ဖတ်ရန်

 

ယာဉ်တိမ်းမှောက်ပြီး ကွယ်လွန်ခဲ့သည့် ၈၈ မျိုးဆက်အဖွဲ့ဝင် မမီးမီး၏ဈာပနကျင်းပ

 

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးအဖြစ် ထင်ရှားသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မသင်းသင်းအေး (ခေါ်) မမီးမီး၏ဈာပနကို ဩဂုတ်လ ၁၇ ရက် ယနေ့ မွန်းလွဲ ၂ နာရီက မြောက်ဥက္ကလာပ မြို့နယ်ရှိ ရေဝေးသုသာန်တွင်ကျင်းပခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ထဲ၌ ယာဉ်မတော်တဆဖြစ်ကာ သေဆုံးခဲ့သည့် မမီး၏ အသုဘအခမ်းအနားသို့ နိုင်ငံရေး၊ လူမှုရေး စသည့်နယ်ပယ်အသီးသီးမှ လူပေါင်း သောင်းချီကာ တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။

“မီးမီးရေ နင့်ဈာပနရဲ့အပြင်ဘက်မှာ နင်ချစ်တဲ့ပြည်သူတွေက ကျောင်းသားတွေက နင့်ကိုချစ်ကြောင်း ဝမ်းနည်းကြောင်းပြနေကြတယ်။ နင့်မှာငွေမရှိ အာဏာမရှိပေမယ့် နင်ပေးဆပ်လုပ်ကိုင်ခဲ့တဲ့လုပ်ရပ်တွေကြောင့် နောင်မျိုးဆက်တွေက နင့်ကိုချစ်ကြောင်းပြနေပါတယ်”ဟု ၈၈ ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်က ဝမ်းနည်းကြောင်း အမှတ်တရစကား ပြောသည်။
မမီးမီးကို အဖ ဦးဘသိန်း အမိ ဒေါ်ခင်ညိမ်းတို့က ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၌ဖွားမြင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ဒသမတန်းကျောင်းသူဘဝဖြင့် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အကသ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှု (မကဒ) အဖွဲ့ဝင်အဖြစ် အရေးတော်ပုံတွင်ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၈၉ ခုနှစ် မတ်လတွင် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကွယ်လွန်ခြင်းတစ်နှစ်ပြည့် လှုံ့ဆော်လှုပ်ရှားမှုကြောင့် လေးလ တစ်ကြိမ်၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ကျောင်းသားများဆန္ဒပြမှုဖြင့် ခုနစ်နှစ် တစ်ကြိမ်၊ ထောင်ဒဏ်ကျခံခဲ့ရသည်။

၂၀၀၂ ခုနှစ်တွင်ပြန်လည်လွတ်မြောက်လာပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တွင် ပါဝင်လှုပ်ရှားကာ ၂၀၀၇ ခုနှစ်တွင် လောင်စာဆီးဈေးများတက်ခြင်းကိစ္စ ဆန္ဒပြပွဲများ၊ ရွှေဝါရောင် သံဃာ့ဆန္ဒပြပွဲများနှင့် ဆက်စပ်ကာ ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခြင်းခံရသည်။

၂၀၁၂ ခုနှစ်တွင် အခြားသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်အတူ ပြန်လည်လွတ်မြောက်ခဲ့ပြီး ယခုကွယ်လွန်ချိန်အထိ ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတွင် အမျိုးသမီးရေးနှင့် ကလေး သူငယ်ရေးရာဌာနတွင် တွဲဖက်တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့သည်။

ထို့ပြင် ကြက်ခြေနီအဖွဲ့၊ နာရေးကူညီမှု အသင်းတို့တွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေမြို့နယ်လူငယ်တာဝန်ခံ ကိုလှမိုးနှင့်အိမ်ထောင်ကျပြီး သမီးတစ်ယောက်သားတစ်ယောက်ထွန်းကားခဲ့သည်။

ကွယ်လွန်ချိန်တွင် ခင်ပွန်းသည်၊ သားသမီးနှစ်ဦးနှင့် မြေးနှစ်ဦးတို့ကျန်ရစ်ခဲ့သည်။

Credit:apann pyay