Zawgyiဖြင့်ဖတ်ရန်
Credit: buzzy.com.mm
Unicodeဖြင့်ဖတ်ရန်
လူတော်တော်များများကိုထိတ်လန့်စေခဲ့တဲ့ ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးတံတားကြီးရဲ့သတင်း
34 မိုင်ရှည်လျားတဲ့ ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးတံတားကြီးကိုနှစ်ဦးသဘောတူတည်ဆောက်ဖို့ဆုံးဖြတ်ခဲ့ကြတာကMacau,Hong Kong နဲ့ Zhuhai,China ပါ။ ဟောင်ကောင်နဲ့တရုတ်ဟာ နှစ်နိုင်ငံသဘောတူသူတို့နှစ်နိုင်ငံကိုကုန်းလမ်းကနေတွယ်ဆက်ပေးမယ့်တံတားကြီးကိုတည်ဆောက်ဖို့လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ကုန်းလမ်းကဆက်သွယ်ပေးတာဆိုတော့ဘာပဲပြောပြောရေလမ်းထက်စာရင်ပိုမိုသွားရေးလာရေးလွယ်ကူတာကြောင့်ဒီတံတားကြီးသာပြီးသွားခဲ့ရင် ဟောင်ကောင်ရဲ့ Macau နဲ့ တရုတ်နဲ့ Zhuhai မြို့တွေဟာ ခွဲမရအောင်တသားတည်းဖြစ်သွားကြမှာပါ။ဒီတံတားကြီးကိုအကောင်အထည်ဖော်ရာမှာတော့ ငွေရေးကြေးရေးကြောင့်ရော အခြားသောအခက်အခဲများစွာကြောင့်ပါဆယ်စုနှစ်တစ်ခုကြာတာတောင် ပြီးမြောက်အောင်အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးတဲ့အခြေအနေမှာရှိနေပါတယ်။ဒါပေမယ့် မကြာသေးမီကထွက်ရှိလာတဲ့တံတားကြီးရဲ့သတင်းဟာ တံတားကြီးပြီးမြောက်ဖို့စောင့့်််စားမျှော်လင့်နေကြတဲ့နှစ်နိုင်ငံစလုံးကလူတော်တော်များများကိုထိတ်လန့်စေခဲ့ပါတယ်။
သတင်းကတော့ တံတားအောက်ခြေက ဘိလပ်မြေတိုင်ကြီးတွေရဲ့အစိတ်အပိုင်းအချို့ဟာပင်လယ်ထဲကိုရွေ့လျားမျောပါနေတယ်ဆိုတဲ့သတင်းပါပဲ။တဖြည်းဖြည်းနဲ့ပင်လယ်ဟာတံတားကြီးတစ်ခုလုံးကိုဝါးမြိုတော့မှာလားဆိုတဲ့မေးခွန်းတွေနဲ့ လူတွေရတက်မအေးဖြစ်နေရပါတယ်။ Drone နဲ့ရိုက်ကူးခဲ့တဲ့ဓာတ်ပုံအချို့မှာလည်းတံတားအောက်ခြေက အစိတ်အပိုင်းအချို့ဟာတကယ်ကိုပဲပင်လယ်ပြင်မှာ ပေါလောမျောနေတာမို့ စိတ်ပူစရာပါပဲ။ဒီကိစ္စနဲ့ပက်သက်ပြီးHong Kong-Zhuhai ရဲ့ တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရတော့ ဒီအစိတ်အပိုင်းတွေဟာတမင်ကိုပေါလောမျောအောင်တည်ဆောက်ယူထားတာဖြစ်ကြောင်း၊သူတို့ရဲ့တည်ဆောက်တဲ့နည်းဟာသူတို့နည်းသူတို့ဟန်နဲ့ရှိကြောင်းဖြေရှင်းထားခဲ့ပါတယ်။“ဒီကွန်ကရစ်အစိတ်အပိုင်းတွေက လိုအပ်ချက်နှစ်ခုအတွက်တည်ဆောက်ထားခဲ့တာပါ။ပထမတစ်ခုကကမ်းခြေနားမှာကပ်နေတာတွေ၊သူတို့က လှိုင်းပုတ်ခတ်မှုကိုခံနိုင်ရည်ရှိစေဖို့အတွက်ဖြစ်ပြီးနောက်တစ်ခုက လူတွေစိုးရိမ်တကြီးဖြစ်နေကြတဲ့ပင်လယ်ထဲမှာမျောပါနေတယ်လို့ထင်ရတဲ့အရာတွေကတော့တံတားအောက်ခြေနားကို သင်္ဘောတွေကပ်မလာစေဖို့နဲ့၊ရေအောက်ဥမင်လိုဏ်ခေါင်းကိုဝင်မတိုက်မိစေဖို့ကာထားတဲ့အရာတွေပါ”လို့ ဟောင်ကောင် Site engineer တစ်ဦးက Media တွေကိုဖြေကြားထားပါတယ်။
Credit: buzzy.com.mm