Zawgyiဖြင့်ဖတ်ရန်

 






Credit:Kay Kay

Ref : HeinMin’s Facebook

 

Unicodeဖြင့်ဖတ်ရန်

 

စိုးသူကို အချစ်ကြမ်းတယ်လို့ ပြောလိုက်တဲ့ ဟိန်းမင်း

 

ဇာတ်ပို့သရုပ်ဆောင် ဟိန်းမင်းဟာဆိုရင် ဦးလေးခန်း အဖေခန်းတွေကနေ သရုပ်ဆောင်ရတာများပေမယ့် ကျရာဇာတ်ရုပ်ကိုလည်း မညိုမငြင်နဲ့ သရုပ်ဆောင်ပြသနိုင်ခဲ့တဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အသက်အရွယ်ရလာတဲ့ ဟိန်းမင်းဟာ ဝါသနာပါလွန်းတဲ့ အနုပညာကို ရပ်နားမှုမရှိဘဲ ဆက်လက်သရုပ်ဆောင်ရိုက်ကူးနေခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်သရုပ်ဆောင်ရိုက်ကူးနေတဲ့ သူဟာ ယခုဆိုရင် ရုပ်ရှင်ကားရိုက်ကူးရင်း စိုးသူစနောက်တဲ့ အကြောင်းကို ” အချစ်ကြမ်းတဲ့ ကိုစိုးသူ” ဆိုတဲ့ စာသားလေးနဲ့ စိုးသူ ခင်ခင်မင်မင် ရင်ရင်းရင်းနှီးနဲ့ နောက်ပြောင်တတ်ကြောင်းကို ဟိန်းမင်းရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။
ယခုဆိုရင် ဟိန်းမင်းဟာ ” တရားလား ” ရုပ်ရှင်ကားကြီးကို အောင်ပန်းမှာ ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ စိုးသူနဲ့ အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးတဲ့ ” တရားလား ” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ စိုးသူ၊ ပြေတီဦး၊ ဝတ်မှုန်ရွှေရည်၊ ချိုပြုံး၊ ယွန်းရွှေရည်၊ တခြားအနုပညာရှင်ပေါင်း မြောက်များစွာတို့နဲ့အတူ သရုပ်ဆောင် ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်သရုပ်ဆောင် ရိုက်ကူးပေးနေတဲ့ ဟိန်းမင်းကို ပရိသတ်ကြီးများက ဆက်လက်ပြီး အားပေးကြပါဦးနော်။

ဟိန်းမင်းရဲ့ ကိုယ်ကို လာတလားမထင်အောင် ပွေ့ချီထားခဲ့တဲ့ စိုးသူရဲ့ပုံရိပ်

ခင်ခင်မင်မင်ရင်းရင်းနှီးနှီး စနောက်တတ်တဲ့ စိုးသူကြောင့် ကြောက်ကြောက်နဲ့ ပျော်နေခဲ့တဲ့ ဟိန်းမင်းရဲ့ပုံရိပ်

လူကြီးကို ဘယ်လိုတွေတောင် စနောက်ကျီစယ်လိုက်တာလဲ စိုးသူရယ်

အနုပညာသမားတွေဟာ အချင်းချင်းစနောက် နောက်ပြောင်ကြတာလေးဟာ ကြည်နူးစရာလေးတစ်ခုပဲ ဖြစ်ပါတယ်။ အရမ်းအစအနောက်သန်လွန်းတဲ့ စိုးသူရဲ့ လက်ထဲမှာ ရုန်းမထွက်နိုင်ခဲ့တဲ့ ဟိန်းမင်းရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးလိုက်ကြပါဦး ပရိသတ်ကြီးရေ။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit:Kay Kay

Ref : HeinMin’s Facebook