Zawgyiျဖင့္ဖတ္ရန္

 

ဖိလစ္ပိုင္ႏုိင္ငံ၊ Kabankalan မွာ ေနထုိင္တဲ့ ကေလး(၆)ႏွစ္ (၇)ႏွစ္ ဝန္းက်င္ေလာက္သာရွိေသးတဲ့ ကေလးငယ္ေလးတစ္ဦးဟာ လက္ႏွစ္ဘက္ မပါပါဘူး။ ဒါေပမယ့္ သူဟာ ဘဝကို ျဖစ္ႏုိင္သေလာက္ ႀကိဳးစားရွင္သန္ရင္း အခက္အခဲေတြကို ေက်ာ္လႊားေနသူ ျဖစ္ပါတယ္။

သူက တစ္ျခား သူ႕လုိ မသန္စြမ္းသူေတြပဲျဖစ္ျဖစ္၊ စိတ္ဓာတ္က်ၿပီး ေလာကႀကီးကို အ႐ႈံးေပးခ်င္ေနသူေတြပဲျဖစ္ျဖစ္ သူ႕ကို သင္ခန္းစာအျဖစ္ သေဘာထားၿပီး ဥပမာၾကည့္ၾကဖုိ႔ တုိက္တြန္းခဲ့ပါတယ္။ ဘယ္သူမွ ဘဝတုိင္း ျပည့္ျပည့္စုံစုံ ေနရတာမဟုတ္ဘဲ လုိအပ္ခ်က္ေတြ ရွိတယ္လုိ႔ သူက ေျပာပါတယ္။

အမ်ားတကာ စိတ္ဓာတ္တက္ၾကြေစဖုိ႔အတြက္ လက္ႏွစ္ဘက္မရွိတဲ့ အဲဒီေကာင္ေလးက သူ ပုဆိန္နဲ႔သစ္ပင္ကို ခုတ္ေနတဲ့ဗြီဒီယုိကိုလည္း မိဘေတြကို ႐ုိက္ကူးေစခဲ့ပါတယ္။ လက္ႏွစ္ဘက္မပါသူဟာ ဘယ္လုိလုပ္ သစ္ပင္ခုတ္ရတာ အဆင္ေျပႏုိင္မလဲ။ ဒါေပမယ့္ ေကာင္ေလးက ႀကိဳးစားၿပီး လုပ္ျပခဲ့ပါတယ္။

သူဟာ ညာဘက္ပခုံးနဲ႔ လည္ပင္းၾကားမွာ ပုဆိန္ကို ညႇပ္ၿပီး သစ္တုံးကို ခုတ္ျပခဲ့တာပါ။ လူမႈကြန္ရက္မွာေတာ့ ေကာင္ေလးရဲ႕ ဗြီဒီယုိကို ၾကည့္႐ႈသူဟာ သန္းခ်ီရွိခဲ့ၿပီး၊ ေကာင္ေလးရဲ႕ သတၱိရွိပုံ၊ ဘဝကို အ႐ႈံးမေပးဘဲ ႀကိဳးစားရွင္သန္ပုံေတြဟာ သူတုိ႔အတြက္ေတာ့ အားက်အတုယူစရာ ျဖစ္ခဲ့တယ္လုိ႔ မွတ္ခ်က္ေတြ ေပးခံခဲ့ရပါတယ္။

Credit:နတ္စည္ေတာ္ (MyanmarNote)

source : unlad.co.uk

 

Unicodeဖြင့်ဖတ်ရန်

 

လက်မရှိလို့ ဘဝကိုရုန်းကန်နေရတဲ့ ကလေးငယ်က၊ လူတွေကို စိတ်ဓာတ်မကျဖို့ သတိပေး

 

ဖိလစ်ပိုင်နိုင်ငံ၊ Kabankalan မှာ နေထိုင်တဲ့ ကလေး(၆)နှစ် (၇)နှစ် ဝန်းကျင်လောက်သာရှိသေးတဲ့ ကလေးငယ်လေးတစ်ဦးဟာ လက်နှစ်ဘက် မပါပါဘူး။ ဒါပေမယ့် သူဟာ ဘဝကို ဖြစ်နိုင်သလောက် ကြိုးစားရှင်သန်ရင်း အခက်အခဲတွေကို ကျော်လွှားနေသူ ဖြစ်ပါတယ်။

သူက တစ်ခြား သူ့လို မသန်စွမ်းသူတွေပဲဖြစ်ဖြစ်၊ စိတ်ဓာတ်ကျပြီး လောကကြီးကို အရှုံးပေးချင်နေသူတွေပဲဖြစ်ဖြစ် သူ့ကို သင်ခန်းစာအဖြစ် သဘောထားပြီး ဥပမာကြည့်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘယ်သူမှ ဘဝတိုင်း ပြည့်ပြည့်စုံစုံ နေရတာမဟုတ်ဘဲ လိုအပ်ချက်တွေ ရှိတယ်လို့ သူက ပြောပါတယ်။

အများတကာ စိတ်ဓာတ်တက်ကြွစေဖို့အတွက် လက်နှစ်ဘက်မရှိတဲ့ အဲဒီကောင်လေးက သူ ပုဆိန်နဲ့သစ်ပင်ကို ခုတ်နေတဲ့ဗွီဒီယိုကိုလည်း မိဘတွေကို ရိုက်ကူးစေခဲ့ပါတယ်။ လက်နှစ်ဘက်မပါသူဟာ ဘယ်လိုလုပ် သစ်ပင်ခုတ်ရတာ အဆင်ပြေနိုင်မလဲ။ ဒါပေမယ့် ကောင်လေးက ကြိုးစားပြီး လုပ်ပြခဲ့ပါတယ်။

သူဟာ ညာဘက်ပခုံးနဲ့ လည်ပင်းကြားမှာ ပုဆိန်ကို ညှပ်ပြီး သစ်တုံးကို ခုတ်ပြခဲ့တာပါ။ လူမှုကွန်ရက်မှာတော့ ကောင်လေးရဲ့ ဗွီဒီယိုကို ကြည့်ရှုသူဟာ သန်းချီရှိခဲ့ပြီး၊ ကောင်လေးရဲ့ သတ္တိရှိပုံ၊ ဘဝကို အရှုံးမပေးဘဲ ကြိုးစားရှင်သန်ပုံတွေဟာ သူတို့အတွက်တော့ အားကျအတုယူစရာ ဖြစ်ခဲ့တယ်လို့ မှတ်ချက်တွေ ပေးခံခဲ့ရပါတယ်။

Credit:နတ်စည်တော် (MyanmarNote)

source : unlad.co.uk