Zawgyiဖြင့်ဖတ်ရန်
Credit:Saw
Source: Smile’s ig
Unicodeဖြင့်ဖတ်ရန်
ရွှေတိဂုံစေတီမှာ သိန်းပေါင်း(၁၃၆)သိန်း လှူဒါန်းခဲတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ
စမိုင်းလ်ဆိုတာက တစ်ခါကအနုပညာလောကမှာ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်ဦးပါ။ ကြော်ငြာလောကမှာတော့ စမိုင်းလ်မပါတဲ့ကြော်ငြာဆိုတာမရှိသလောက်ပါပဲ။ သူမကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း ခင်ပွန်းဖြစ်သူနဲ့ နိုင်ငံခြားမှာသွားရောက်နေထိုင်ခဲ့ပြီး အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့တာဖြစ်ပါတယ်။ သူမက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
စမိုင်းလ်က မကြာသေးခင်က ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားမှာလဲ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ သူမကတော့ အခုဆိုရင် သူမရဲ့ချစ်ခင်ပွန်းနဲ့ သမီးလေးနှစ်ယောက်နဲ့အတူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။
ကုသိုလ်ရေးဆိုလက်မနှေးတတ်တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံက ရွှေတိဂုံဘုရားမှာ အလှူငွေ သိန်းပေါင်း တစ်ရာသုံးဆယ့်ခြောက်သိန်း လှူဒါန်းခဲ့ပါသေးတယ်။ စမိုင်းလ်က သူမရဲ့ instagram မှာ လှူဒါန်းထားတဲ့အမှတ်တရပုံလေးကို မျှဝေပေးထားပါသေးတယ်။
စမိုင်းလ်တို့မိသားစုဟာ မပြည့်စုံတဲ့ဘဝက ကြိုးစားလာခဲ့ရသူတွေမို့ အခုလိုပြည့်ပြည့်စုံစုံနေရတဲ့အခါ ရတနာသုံးပါးကိုမမေ့လျော့ပဲ ဘာသာရေးကိုလိုက်စားသူတွေပါ။
စမိုင်းလ်တို့မိသားစု အခုလိုလှူဒါန်းရတဲ့ အကျိုးကျေးဇူးကြောင့် နောက်ဒီထပ်မက မြောက်များစွာလှူဒါန်းနိုင်ပါစေနော်။
ပရိသတ်ကြီးလဲ စမိုင်းလ်တို့မိသားစုရဲ့အလှူကိုကြည့်ပြီး သာဓုအနုမောတနာခေါ်နိုင်ကြပါစေနော်။ စမိုင်းလ်တို့မိသားစုကိုချစ်ကြရင် ဒီပိုစ့်လေးကို Like & share လုပ်ပေးကြပါဦးနောိ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit:Saw
Source: Smile’s ig