Zawgyiျဖင့္ဖတ္ရန္

 
Scooter က Justin အသက္ ဆယ့္သံုးနွစ္ကတည္းက သစၥာရွိလူယံုေတာ္လိုတစ္မ်ိဳး၊မန္ေနဂ်ာလိုသဖြယ္ေစာင့္ေရွာက္လာခဲ့ရေၾကာင္းကုိ The Journal Megazine ကုိ “Justin အသက္ 13နွစ္မွာ ကြ်န္ေတာ္သူ႔ကုိဘယ္ေတာ့မွမထားခဲ့ပါဘူး။သူ႔အေပၚမွာဘယ္ေတာ့မွလက္မေလွ်ာ့ပါဘူးလို႔ ကတိေပးခဲ့တယ္။ အဲဒီကတိကုိကြ်န္ေတာ္ေနာက္လည္းတစ္သက္လံုးတည္သြားမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။Justin ဟာဘဝမွာေမွာင္မိုက္ေအးစက္တဲ့အခ်ိန္ေတြရွိျပီး မလုပ္သင့္တာေတြပဲတသီၾကီးလုပ္မိေနတဲ့အခ်ိန္ေတြလည္းရွိပါတယ္။ မူးယစ္ေဆးေတြသံုးစြဲတာလိုမ်ိဳးေပါ့။ Justin က Selena နဲ႔ခ်စ္သူသက္တမ္းရွစ္နွစ္ေက်ာ္အတြင္းမွာ ခဏခဏျပတ္ေနခဲ့ျပီးအခ်ိဳ႕အၾကိမ္ေတြမွာ တစ္နွစ္ေလာက္ၾကာတယ္ဆိုတာ အားလံုးသိၾကမွာပါ။အဲဒီလိုအခ်ိန္ေတြမွာ Justin ဟာ ေဆးေတြကုိပဲအားကုိးတၾကီးနဲ႔အေဖာ္ျပဳျပီးေနခဲ့ဖူးပါတယ္။ Justin ရဲ႕ မန္ေနဂ်ာျဖစ္ျပီး Justin ရဲ႕ က်န္းမာေရးကိုအျမဲလိုလိုဂရုျပဳေနရတဲ့ Scooter အေနနဲ႔ အဲဒီလိုရက္ေတြဟာ သူတို႔နွစ္ေယာက္စလံုးအတြက္တကယ့္ကုိကံဆိုးမိုးေမွာင္က်ခ်ိန္ေတြပါပဲ။

Justin က အသက္ ဆယ့္ကုိးနွစ္အရြယ္တုန္းကလည္္း သူ႔ရဲ႕လမ္ေဘာ္ဂီနီကားၾကီးထဲမွာေဆးေျခာက္ေတြထည့္ျပီးေလွ်ာက္သြားေနလို႔ အဖမ္းခံခဲ့ရဖူးပါေသးတယ္။ ေဆးနဲ႔ပတ္သက္ျပီး Justin မွာ မေကာင္းတဲ့အမွတ္တရေတြပဲရွိခဲ့တယ္လုိ႔ဆိုရမွာပါ။ Selena နဲ႔အတူရွိေနခ်ိန္ေတြဆို မခုတ္တတ္တဲ့ေၾကာင္ကေလးလိုလိမ္မာေနတတ္တဲ့ Justin ဟာ Selena နဲ႔ ေဝးသြားခ်ိန္ေတြဆိုရင္ေတာ့ ေဆးေတြသံုးျပီး အေမွာင္ကမၻာထဲကုိ ကြ်မ္းျပန္က်သြားတတ္တဲ့ လူဆိုးေလးတစ္ေယာက္ပါပဲ။ Justin ရဲ႕ မန္ေနဂ်ာ Scooter ဟာ Justin အတြက္ဘယ္ေလာက္ေတာင္စုိးရိမ္ေနရသလဲဆိုရင္ မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာေတာင္ Justin ေဆးလြန္ျပီးေသသြားမွာအျမဲတမ္းစိုးရိမ္ေနခဲ့ရတဲ့အေၾကာင္းထုတ္ေဖာ္ေျပာျပခဲ့ပါေသးတယ္။

Scooter က “သူကြ်န္ေတာ့္ကုိအေဝးမွာထားခဲ့ျပီး ကမၻာအနွံ႕ေလ်ွာက္သြားေနခဲ့တဲ့ရက္ေတြရွိပါတယ္။ အဲဒီလိုရက္ေတြမွာဆို ကြ်န္ေတာ္ညဘက္ေတြအိပ္လို႔မရခဲ့ဘူး။ ကြ်န္ေတာ္သူ႔ကုိဆံုးရံႈးလိုက္ရျပီ၊သူ႔ကုိ ျပန္မေတြ႕ရေတာ့ဘူးဆိုျပီးေျခာက္ျခားေနခဲ့ရတာ။ သူေသေတာ့မယ္လို႔ကြ်န္ေတာ္ထင္ေနခဲ့တယ္။ သူနဲ႔ပတ္သက္ရင္အျမဲစိုးရိမ္ေနရတယ္။ တစ္ေန႔မွာ သူညအိပ္သြားျပီး သူသံုးထားတဲ့ေဆးေတြအရွိန္နဲ႔၊ေဆးေတြကသူ႔ခႏၶာကုိယ္ထဲမွာအရမ္းကိုမ်ားျပားလြန္းေနျပီး ေနာက္တစ္ေန႔မွာ သူနိုးထမလာေတာ့မွာကုိ ကြ်န္ေတာ္အေၾကာက္ဆံုးပါပဲ”လို႔ ေျပာျပထားပါတယ္။

Selena ကုိ Justin က ခ်စ္လည္းခ်စ္ေၾကာက္လည္းေၾကာက္ရတာေၾကာင့္ Selena က Justin ကုိအျပည့္အဝထိန္းကြပ္နုိင္ခဲ့ေပမယ့္လည္း Hailey ကေတာ့ အားလံုးသိၾကတဲ့အတိုင္း Justin ဘာၾကီးပဲျဖစ္ေနေနခ်စ္ပါမယ္ဆိုျပီး ဘာမွလည္းတားျမစ္ေျပာဆိုနုိင္တဲ့ ၾသဇာအာဏာ Justin အေပၚမွာမရွိိပဲ၊ခ်စ္တဲ့သူစိတ္ေတာ္မညိဳေအာင္၊ထြက္မသြားေအာင္ကုိမနည္းအရိပ္တၾကည့္ၾကည့္လုပ္ေနရတာဆုိေတာ့.. Justin က သူ႔ဘာသာျပဳျပင္ေျပာင္းလဲမႈမလုပ္ရင္ေတာ့ ေျပာင္းလဲသြားဖို႔လမ္းမရွိပါဘူး။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ.. Justin တစ္ေယာက္ေဆးလြန္ျပီးေသသြားမွာ စိုးရိမ္ရတယ္လို႔ထင္လား။ ကမၻာေက်ာ္အဆိုေတာ္တစ္ဦးျဖစ္တာနဲ႔အညီ Justin ဟာ သူ႔ကုိယ္သူထိန္းနိုင္မွာပါလို႔ ေတြးမိၾကလား။ ေျပာခဲ့ၾကဦးေနာ္။

Credit:Can’t Wait To Say

 

Unicodeဖြင့်ဖတ်ရန်

 

Justin Bieber ကို ဆေးလွန်ပြီးသေမှာစိုးတယ်လို့ မန်နေဂျာဖြစ်သူဖွင့်ဟ

 

Justin Bieber ရဲ့ မန်နေဂျာက Scooter Braun ပါ။ သူဟာ Justin နဲ့ ငယ်စဉ်ကတည်းက အတူရှိခဲ့တာဖြစ်ပြီး Justin အသက်ဆယ့်သုံးနှစ်အရွယ် ဂီတလောကထဲကိုပထမဆုံးစတင်ဝင်ရောက်လာစဉ်ကတည်းက Justin ရဲ့ ကိစ္စအဝဝကိုစီမံဆောင်ရွက်ပေးရတဲ့ မန်နေဂျာဖြစ်ခဲ့တာပါ။ Justin က Scooter ကို အစ်ကိုတစ်ယောက်လိုရော သူငယ်ချင်းတစ်ယောက်လိုပါယုံကြည်အားကိုးခဲ့ပြီး Justin ရဲ့ အမှောင်မိုက်ဆုံးအချိန်တွေမှာတောင်မှ Scooter ကဘေးမှာအမြဲရှိပေးခဲ့ပါတယ်။

Scooter က Justin အသက် ဆယ့်သုံးနှစ်ကတည်းက သစ္စာရှိလူယုံတော်လိုတစ်မျိုး၊မန်နေဂျာလိုသဖွယ်စောင့်ရှောက်လာခဲ့ရကြောင်းကို The Journal Megazine ကို “Justin အသက် 13နှစ်မှာ ကျွန်တော်သူ့ကိုဘယ်တော့မှမထားခဲ့ပါဘူး။သူ့အပေါ်မှာဘယ်တော့မှလက်မလျှော့ပါဘူးလို့ ကတိပေးခဲ့တယ်။ အဲဒီကတိကိုကျွန်တော်နောက်လည်းတစ်သက်လုံးတည်သွားမှာပါ”လို့ပြောကြားခဲ့ပါတယ်။Justin ဟာဘဝမှာမှောင်မိုက်အေးစက်တဲ့အချိန်တွေရှိပြီး မလုပ်သင့်တာတွေပဲတသီကြီးလုပ်မိနေတဲ့အချိန်တွေလည်းရှိပါတယ်။ မူးယစ်ဆေးတွေသုံးစွဲတာလိုမျိုးပေါ့။ Justin က Selena နဲ့ချစ်သူသက်တမ်းရှစ်နှစ်ကျော်အတွင်းမှာ ခဏခဏပြတ်နေခဲ့ပြီးအချို့အကြိမ်တွေမှာ တစ်နှစ်လောက်ကြာတယ်ဆိုတာ အားလုံးသိကြမှာပါ။အဲဒီလိုအချိန်တွေမှာ Justin ဟာ ဆေးတွေကိုပဲအားကိုးတကြီးနဲ့အဖော်ပြုပြီးနေခဲ့ဖူးပါတယ်။ Justin ရဲ့ မန်နေဂျာဖြစ်ပြီး Justin ရဲ့ ကျန်းမာရေးကိုအမြဲလိုလိုဂရုပြုနေရတဲ့ Scooter အနေနဲ့ အဲဒီလိုရက်တွေဟာ သူတို့နှစ်ယောက်စလုံးအတွက်တကယ့်ကိုကံဆိုးမိုးမှောင်ကျချိန်တွေပါပဲ။

Justin က အသက် ဆယ့်ကိုးနှစ်အရွယ်တုန်းကလည်း သူ့ရဲ့လမ်ဘော်ဂီနီကားကြီးထဲမှာဆေးခြောက်တွေထည့်ပြီးလျှောက်သွားနေလို့ အဖမ်းခံခဲ့ရဖူးပါသေးတယ်။ ဆေးနဲ့ပတ်သက်ပြီး Justin မှာ မကောင်းတဲ့အမှတ်တရတွေပဲရှိခဲ့တယ်လို့ဆိုရမှာပါ။ Selena နဲ့အတူရှိနေချိန်တွေဆို မခုတ်တတ်တဲ့ကြောင်ကလေးလိုလိမ်မာနေတတ်တဲ့ Justin ဟာ Selena နဲ့ ဝေးသွားချိန်တွေဆိုရင်တော့ ဆေးတွေသုံးပြီး အမှောင်ကမ္ဘာထဲကို ကျွမ်းပြန်ကျသွားတတ်တဲ့ လူဆိုးလေးတစ်ယောက်ပါပဲ။ Justin ရဲ့ မန်နေဂျာ Scooter ဟာ Justin အတွက်ဘယ်လောက်တောင်စိုးရိမ်နေရသလဲဆိုရင် မီဒီယာတွေနဲ့ အင်တာဗျူးမှာတောင် Justin ဆေးလွန်ပြီးသေသွားမှာအမြဲတမ်းစိုးရိမ်နေခဲ့ရတဲ့အကြောင်းထုတ်ဖော်ပြောပြခဲ့ပါသေးတယ်။

Scooter က “သူကျွန်တော့်ကိုအဝေးမှာထားခဲ့ပြီး ကမ္ဘာအနှံ့လျှောက်သွားနေခဲ့တဲ့ရက်တွေရှိပါတယ်။ အဲဒီလိုရက်တွေမှာဆို ကျွန်တော်ညဘက်တွေအိပ်လို့မရခဲ့ဘူး။ ကျွန်တော်သူ့ကိုဆုံးရှုံးလိုက်ရပြီ၊သူ့ကို ပြန်မတွေ့ရတော့ဘူးဆိုပြီးခြောက်ခြားနေခဲ့ရတာ။ သူသေတော့မယ်လို့ကျွန်တော်ထင်နေခဲ့တယ်။ သူနဲ့ပတ်သက်ရင်အမြဲစိုးရိမ်နေရတယ်။ တစ်နေ့မှာ သူညအိပ်သွားပြီး သူသုံးထားတဲ့ဆေးတွေအရှိန်နဲ့၊ဆေးတွေကသူ့ခန္ဓာကိုယ်ထဲမှာအရမ်းကိုများပြားလွန်းနေပြီး နောက်တစ်နေ့မှာ သူနိုးထမလာတော့မှာကို ကျွန်တော်အကြောက်ဆုံးပါပဲ”လို့ ပြောပြထားပါတယ်။

Selena ကို Justin က ချစ်လည်းချစ်ကြောက်လည်းကြောက်ရတာကြောင့် Selena က Justin ကိုအပြည့်အဝထိန်းကွပ်နိုင်ခဲ့ပေမယ့်လည်း Hailey ကတော့ အားလုံးသိကြတဲ့အတိုင်း Justin ဘာကြီးပဲဖြစ်နေနေချစ်ပါမယ်ဆိုပြီး ဘာမှလည်းတားမြစ်ပြောဆိုနိုင်တဲ့ သြဇာအာဏာ Justin အပေါ်မှာမရှိပဲ၊ချစ်တဲ့သူစိတ်တော်မညိုအောင်၊ထွက်မသွားအောင်ကိုမနည်းအရိပ်တကြည့်ကြည့်လုပ်နေရတာဆိုတော့.. Justin က သူ့ဘာသာပြုပြင်ပြောင်းလဲမှုမလုပ်ရင်တော့ ပြောင်းလဲသွားဖို့လမ်းမရှိပါဘူး။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော.. Justin တစ်ယောက်ဆေးလွန်ပြီးသေသွားမှာ စိုးရိမ်ရတယ်လို့ထင်လား။ ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်တာနဲ့အညီ Justin ဟာ သူ့ကိုယ်သူထိန်းနိုင်မှာပါလို့ တွေးမိကြလား။ ပြောခဲ့ကြဦးနော်။

Credit:Can’t Wait To Say