Zawgyiျဖင့္ဖတ္ရန္

 

ဗင္နီဇြဲလားႏုိင္ငံဟာ အစိုးရရဲ႕ စီမံခန္႔ခြဲမႈအမွားေတြနဲ႔အတူ ျပည္သူေတြ ဆင္းရဲမႈဒဏ္ကုိ အလူးအလဲခံေနရတဲ့ ႏုိင္ငံပါ။ ႏုိင္ငံသုံးေငြေၾကး အလြန္အမင္း ေဖာင္းပြမႈဟာ ျပည္တြင္းစီးပြားေရးလုပ္ငန္းေတြကို အယုံအၾကည္မဲ့ေစၿပီး၊ အလုပ္အကိုင္အခြင့္အလမ္းေတြလည္း အလြန္ကိုပင္ ရွားပါးလာခဲ့ပါတယ္။

အလုပ္လက္မဲ့ျပႆနာေတြနဲ႔အတူ အငတ္ဒဏ္ကို ျပည္သူေတြ ခံေနၾကရပါတယ္။ ေငြေၾကးေဖာင္းပြမႈဟာ ဘယ္ေလာက္အထိ ျမင့္မားေနသလဲဆုိရင္ ၾကက္ငယ္တစ္ေကာင္ စားရဖုိ႔ပင္ ဗင္နီဇြဲလားေငြေၾကး ဘုိလီဗာ (၁၄.၅)သန္းအထိ ေပးေနရပါတယ္။ အသားဟင္း၊ ငါးဟင္းဟာ ဗင္နီဇြဲလားႏုိင္ငံမွာ တကယ့္ဒိတ္ဒိတ္ႀကဲ သူေဌးေတြေတာင္ နပ္မွန္ေအာင္ စားဖုိ႔မလြယ္ပါဘူးတဲ့။

သူတုိ႔မွာ ဝယ္ယူဖုိ႔ပုိက္ဆံ ရွိေနတယ္ဆုိရင္ေတာင္ ေရာင္းခ်မယ့္သူက အေတာ္ေလးအဆက္အသြယ္ေကာင္းမွ စားရတဲ့အေျခအေနကို ေရာက္ေနပါတယ္။ အငတ္ဒဏ္က တရားဥပေဒစုိးမုိးေရးကို တုိက္႐ုိက္ထိခုိက္ေစၿပီး၊ ဗင္နီဇြဲလားႏုိင္ငံရဲ႕ၿမိဳ႕ေတာ္ ကရာဆက္မွာ တစ္ရက္ကုိ လုယက္မႈအႀကိမ္ (၅၀) ျဖစ္ပြားေနၿပီး၊ ဓားျပတုိက္ လူသတ္မႈက တစ္ရက္ကို (၄၆)ႀကိမ္အထိ ျဖစ္ေနပါတယ္။

ဗင္နီဇြဲလားရဲ႕ ေငြေၾကးေဖာင္းပြမႈက အခုအခါမွာ (၁၀၀၀၀၀)%အထိ ေရာက္ႏုိင္တယ္လုိ႔ ဆုိေနပါတယ္။ ဒီလုိအခက္အခဲေတြၾကားမွာ ဗင္နီဇြဲလားသမၼတ နီကုိးလက္စ္မာဒူ႐ုိက ကမာၻေက်ာ္တူရကီစားဖုိမွဴး ေဆာ့ေဘးရဲ႕ အသားကင္လက္ရာေတြနဲ႔ ဟန္က်ပန္က် ညစာစားေနတဲ့ဗြီဒီယုိဖုိင္ဟာ လူမႈကြန္ရက္မွာ ေပါက္ၾကားသြားလုိ႔ သမၼတရဲ႕လုပ္ရပ္ကို အမ်ားက ေဝဖန္ေနၾကပါတယ္။

သမၼတမာဒူ႐ုိဟာ ေစ်းအလြန္ႀကီးတဲ့ ေဆးျပင္းလိပ္ကုိ ဖြာလုိက္ အသားကင္ေလးကို မစုိ႔မပုိ႔စားလုိက္နဲ႔ ဇိမ္ယူေနပါတယ္။ ဒီဗြီဒီယုိကုိ ေဆာ့ေဘးက သူရဲ႕လူမႈကြန္ရက္မွာ တင္ခဲ့ရာက ပ်ံ႔ႏွံ႔ခဲ့တာပါ။ သူကေတာ့ သေဘာ႐ုိးနဲ႔ သူရဲ႕လက္ရာကို သမၼေတြေတာင္ အားေပးတယ္ဆုိတဲ့ပုံစံနဲ႔တင္တာဆုိေပမယ့္ ဗင္နီဇြဲလားျပည္သူေတြအတြက္ေတာ့ ဒါဟာ ငုိခ်င္ရက္လက္တုိ႔ ျဖစ္ေစခဲ့ပါတယ္။ ေဆာ့ေဘးက သမၼတမာဒူ႐ုိကို သူရဲ႕အမွတ္တရ အက်ႌလက္ေဆာင္ကိုေတာင္ ေပးခဲ့ပါေသးတယ္။

Credit:လင္းေဇာ္ကို (MyanmarNote)

source : metro.co.uk

Unicodeဖြင့်ဖတ်ရန်

 

ပြည်သူတွေငတ်နေချိန် အသားကင်နဲ့ ပွဲတော်တည်နေတဲ့ ဗင်နီဇွဲလားသမ္မတ ဝေဖန်ခံနေရ

 

ဗင်နီဇွဲလားနိုင်ငံဟာ အစိုးရရဲ့ စီမံခန့်ခွဲမှုအမှားတွေနဲ့အတူ ပြည်သူတွေ ဆင်းရဲမှုဒဏ်ကို အလူးအလဲခံနေရတဲ့ နိုင်ငံပါ။ နိုင်ငံသုံးငွေကြေး အလွန်အမင်း ဖောင်းပွမှုဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အယုံအကြည်မဲ့စေပြီး၊ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အလွန်ကိုပင် ရှားပါးလာခဲ့ပါတယ်။

အလုပ်လက်မဲ့ပြဿနာတွေနဲ့အတူ အငတ်ဒဏ်ကို ပြည်သူတွေ ခံနေကြရပါတယ်။ ငွေကြေးဖောင်းပွမှုဟာ ဘယ်လောက်အထိ မြင့်မားနေသလဲဆိုရင် ကြက်ငယ်တစ်ကောင် စားရဖို့ပင် ဗင်နီဇွဲလားငွေကြေး ဘိုလီဗာ (၁၄.၅)သန်းအထိ ပေးနေရပါတယ်။ အသားဟင်း၊ ငါးဟင်းဟာ ဗင်နီဇွဲလားနိုင်ငံမှာ တကယ့်ဒိတ်ဒိတ်ကြဲ သူဌေးတွေတောင် နပ်မှန်အောင် စားဖို့မလွယ်ပါဘူးတဲ့။

သူတို့မှာ ဝယ်ယူဖို့ပိုက်ဆံ ရှိနေတယ်ဆိုရင်တောင် ရောင်းချမယ့်သူက အတော်လေးအဆက်အသွယ်ကောင်းမှ စားရတဲ့အခြေအနေကို ရောက်နေပါတယ်။ အငတ်ဒဏ်က တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ထိခိုက်စေပြီး၊ ဗင်နီဇွဲလားနိုင်ငံရဲ့မြို့တော် ကရာဆက်မှာ တစ်ရက်ကို လုယက်မှုအကြိမ် (၅၀) ဖြစ်ပွားနေပြီး၊ ဓားပြတိုက် လူသတ်မှုက တစ်ရက်ကို (၄၆)ကြိမ်အထိ ဖြစ်နေပါတယ်။

ဗင်နီဇွဲလားရဲ့ ငွေကြေးဖောင်းပွမှုက အခုအခါမှာ (၁၀၀၀၀၀)%အထိ ရောက်နိုင်တယ်လို့ ဆိုနေပါတယ်။ ဒီလိုအခက်အခဲတွေကြားမှာ ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ်မာဒူရိုက ကမ္ဘာကျော်တူရကီစားဖိုမှူး ဆော့ဘေးရဲ့ အသားကင်လက်ရာတွေနဲ့ ဟန်ကျပန်ကျ ညစာစားနေတဲ့ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပေါက်ကြားသွားလို့ သမ္မတရဲ့လုပ်ရပ်ကို အများက ဝေဖန်နေကြပါတယ်။

သမ္မတမာဒူရိုဟာ ဈေးအလွန်ကြီးတဲ့ ဆေးပြင်းလိပ်ကို ဖွာလိုက် အသားကင်လေးကို မစို့မပို့စားလိုက်နဲ့ ဇိမ်ယူနေပါတယ်။ ဒီဗွီဒီယိုကို ဆော့ဘေးက သူရဲ့လူမှုကွန်ရက်မှာ တင်ခဲ့ရာက ပျံ့နှံ့ခဲ့တာပါ။ သူကတော့ သဘောရိုးနဲ့ သူရဲ့လက်ရာကို သမ္မတွေတောင် အားပေးတယ်ဆိုတဲ့ပုံစံနဲ့တင်တာဆိုပေမယ့် ဗင်နီဇွဲလားပြည်သူတွေအတွက်တော့ ဒါဟာ ငိုချင်ရက်လက်တို့ ဖြစ်စေခဲ့ပါတယ်။ ဆော့ဘေးက သမ္မတမာဒူရိုကို သူရဲ့အမှတ်တရ အင်္ကျီလက်ဆောင်ကိုတောင် ပေးခဲ့ပါသေးတယ်။

Credit:လင်းဇော်ကို (MyanmarNote)

source : metro.co.uk