Zawgyiျဖင့္ဖတ္ရန္

 

ရာဇဝတ္မႈခင္းမ်ားႏွင့္ ပတ္သက္၍ တိုင္ၾကား႐ုံသက္ သက္မဟုတ္ဘဲ ျပည္သူမ်ားကိုယ္ တိုင္ အေရးယူဖမ္းဆီးႏိုင္ရန္ စီစဥ္ေဆာင္႐ြက္မည္ဟု ရန္ကုန္တိုင္း ေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္း သိန္းက ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ကို လာတိုင္ ၾကားေနစရာမလိုဘဲ သူတို႔ကိုယ္ တိုင္ ဖမ္းဆီးအေရးယူတားဆီးႏိုင္ ခြင့္ ျပည္သူမွာလည္း ရွိတယ္ဆို တဲ့ ပုံသဏၭာန္နဲ႔ေပါင္းစပ္လိုက္ မယ္ဆိုရင္ တိုင္းျပည္မွာ ေပၚ ေပါက္ေနတဲ့ မူးယစ္ေဆးဝါးအ ျပင္ အျခားေသာ လူကုန္ကူးမႈ၊ ေလာင္းကစားမႈေတြ၊ မေကာင္းမႈ ျဖစ္ေပၚေနတဲ့အေျခအေနေတြကို ထိန္းသိမ္းႏိုင္လိမ့္မယ္လို႔ ယုံ ၾကည္ပါတယ္’’ဟု ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဆိုသည္။

စက္တင္ဘာ ၂၀ ရက္က ရန္ကုန္ၿမိဳ႕ရွိ မူးယစ္ေဆးဝါးျပ တိုက္တြင္ ျပဳလုပ္ေသာ တိုင္းေဒ သႀကီးအဆင့္ အမ်ိဳးသားမူးယစ္ ေဆးဝါးထိန္းခ်ဳပ္ေရးမူဝါဒရွင္း လင္းပြဲ၌ ဝန္ႀကီးခ်ဳပ္က အထက္ ပါအတိုင္း ေျပာၾကားသည္။

ထိုသို႔ ျပည္သူမ်ားကိုယ္တိုင္ ရာဇဝတ္မႈမ်ားကို တားျမစ္ဖမ္း ဆီးႏိုင္ခြင့္ရွိသည့္ လုပ္ငန္းစဥ္ တစ္ခု တိုင္းေဒသႀကီးအဆင့္မွ ေအာက္ေျခအဆင့္အထိ ေပၚ ေပါက္လာေရး ဌာနဆိုင္ရာမ်ား၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားအပါအဝင္ ရပ္၊ ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားႏွင့္လာမည့္ ေအာက္တိုဘာအတြင္း ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

‘‘ျပစ္မႈဆိုင္ရာက်င့္ထုံးဥပ ေဒမွာ ျပည္သူရဲ႕ ကူညီခြင့္ကို ျပ႒ာန္းထားပါတယ္။ ဆူးေလမွာ လက္ပတ္နီေတြ ပတ္ၿပီး အတင္း မလိုတစ္မ်ိဳး၊ လိုတစ္မ်ိဳးလုပ္လို႔ သာ ေျပာေနရတာ။ ျပည္သူေတြ က မွန္တယ္။ မဟုတ္တာ လုပ္ တဲ့သူေတြကသာ ေၾကာက္ေန တာ။ ျပည္သူေတြညီၫြတ္လို႔ရွိ ရင္ ေျပာင္းဝ ငါတို႔ဘက္လွည့္လာ မလားေၾကာက္ေနတာ။ ျပည္သူ ကို ညီၫြတ္မခံဘူး’’ဟု တရား လႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္က မွတ္ခ်က္ျပဳသည္။

ထို႔အျပင္ တရားဥပေဒစိုးမိုး ေရးေဆာင္႐ြက္ရာတြင္ ျပည္သူ မ်ားကိုယ္တိုင္ ပါဝင္ခြင့္ရွိေၾကာင္းဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ ျပ႒ာန္းထားၿပီးျဖစ္သည္ဟု ရဲအရာရွိေဟာင္းတစ္ဦးက ေျပာသည္။

Credit:7Day News Journal

 

Unicodeဖြင့်ဖတ်ရန်

 

ရာဇဝတ်မှုတွေနဲ့ပတ်သတ်ပြီး ပြည်သူပြည်သားများအတွက်သတင်းကောင်း

 

ရာဇဝတ်မှုခင်းများနှင့် ပတ်သက်၍ တိုင်ကြားရုံသက် သက်မဟုတ်ဘဲ ပြည်သူများကိုယ် တိုင် အရေးယူဖမ်းဆီးနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။

‘‘ကျွန်တော်တို့ကို လာတိုင် ကြားနေစရာမလိုဘဲ သူတို့ကိုယ် တိုင် ဖမ်းဆီးအရေးယူတားဆီးနိုင် ခွင့် ပြည်သူမှာလည်း ရှိတယ်ဆို တဲ့ ပုံသဏ္ဌာန်နဲ့ပေါင်းစပ်လိုက် မယ်ဆိုရင် တိုင်းပြည်မှာ ပေါ် ပေါက်နေတဲ့ မူးယစ်ဆေးဝါးအ ပြင် အခြားသော လူကုန်ကူးမှု၊ လောင်းကစားမှုတွေ၊ မကောင်းမှု ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ယုံ ကြည်ပါတယ်’’ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

စက်တင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါးပြ တိုက်တွင် ပြုလုပ်သော တိုင်းဒေ သကြီးအဆင့် အမျိုးသားမူးယစ် ဆေးဝါးထိန်းချုပ်ရေးမူဝါဒရှင်း လင်းပွဲ၌ ဝန်ကြီးချုပ်က အထက် ပါအတိုင်း ပြောကြားသည်။

ထိုသို့ ပြည်သူများကိုယ်တိုင် ရာဇဝတ်မှုများကို တားမြစ်ဖမ်း ဆီးနိုင်ခွင့်ရှိသည့် လုပ်ငန်းစဉ် တစ်ခု တိုင်းဒေသကြီးအဆင့်မှ အောက်ခြေအဆင့်အထိ ပေါ် ပေါက်လာရေး ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် ရပ်၊ ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့်လာမည့် အောက်တိုဘာအတွင်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ပြစ်မှုဆိုင်ရာကျင့်ထုံးဥပ ဒေမှာ ပြည်သူရဲ့ ကူညီခွင့်ကို ပြဋ္ဌာန်းထားပါတယ်။ ဆူးလေမှာ လက်ပတ်နီတွေ ပတ်ပြီး အတင်း မလိုတစ်မျိုး၊ လိုတစ်မျိုးလုပ်လို့ သာ ပြောနေရတာ။ ပြည်သူတွေ က မှန်တယ်။ မဟုတ်တာ လုပ် တဲ့သူတွေကသာ ကြောက်နေ တာ။ ပြည်သူတွေညီညွတ်လို့ရှိ ရင် ပြောင်းဝ ငါတို့ဘက်လှည့်လာ မလားကြောက်နေတာ။ ပြည်သူ ကို ညီညွတ်မခံဘူး’’ဟု တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

ထို့အပြင် တရားဥပဒေစိုးမိုး ရေးဆောင်ရွက်ရာတွင် ပြည်သူ များကိုယ်တိုင် ပါဝင်ခွင့်ရှိကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်ဟု ရဲအရာရှိဟောင်းတစ်ဦးက ပြောသည်။

Credit:7Day News Journal