Zawgyiျဖင့္ဖတ္ရန္

 

တစ္ေနကုန္ အလုပ္ေတြလုပ္ျပီး အိမ္ျပန္ေရာက္တဲ့အခါ ေကာင္းေကာင္းအနားယူမွ ေနာက္တစ္ေန႕အတြက္ အားအင္အျပည့္ရွိျပီး အရာရာမွာ အေကာင္းဆံုးျဖစ္ေအာင္ လုပ္နိုင္မွာပါ။ စိတ္ေရာ လူပါ အေကာင္းဆံုးအနားယူဖို႕အတြက္ အိပ္စက္တဲ့ေနရာက အရမ္းအေရးၾကီးပါတယ္။ ခႏၶာကုိယ္ ေကာင္းေကာင္းအနားရဖို႕ ေကာင္းမြန္တဲ့အရာေတြျဖစ္လာဖို႕အတြက္ သင့္အိပ္ခန္း၊ အိပ္ရာနဲ႕ပတ္သက္ျပီး ေဆာင္ရန္ ၊ ေရွာင္ရန္ေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) အိပ္ခန္းဆိုတာ အိပ္စက္အနားယူဖို႕ပဲျဖစ္သင့္ပါတယ္

အိပ္ခန္းထဲမွာ တျခားအလုပ္နဲ႕ ပတ္သက္တာေတြ၊ မလိုအပ္တဲ့ ပစၥည္းေတြ မထားတာ အေကာင္းဆံုးပါ။ အ၀တ္ဗီရိုနဲ႕ အ၀တ္စင္ေတြ ထားတယ္ဆိုရင္ေတာင္ အိပ္ယာနား ကပ္မထားပါနဲ႕ ေနရာက်ဥ္းတယ္ဆိုရင္ေတာင္ အိပ္ယာေပၚမွာ အ၀တ္ေတြပံုထားတာမ်ိဳး မလုပ္ဖို႕လိုပါတယ္။

(၂) သန္႕ရွင္းေရးပံုမွန္လုပ္ေပးပါ

အိပ္ယာက ထလာတာနဲ႕ ေစာင္နဲ႕ တျခားအသံုးအေဆာင္ေတြကို ေခါက္သိမ္းပါ။ အိပ္ယာေပၚမွာ သန္႕ရွင္းေနေအာင္ထားပါ။ ျပီးေတာ့ အိပ္ခန္းသန္႕ရွင္းေရးကို တစ္ပတ္တစ္ခါ လုပ္ေပးပါ။

(၃) အိပ္ယာေပၚမွာ ပစၥည္းေတြ ရႈပ္ဖြမထားပါနဲ႕

တတ္နိုင္ရင္ အိပ္ယာေပၚမွာ ပစၥည္းေတြ အစံုေရာက္ေနတာ မေကာင္းပါဘူး။ ေနရာက်ဥ္းရင္ပိုေတာင္မထားသင့္ပါဘူး။ အလုပ္နဲ႕ပတ္သက္တာေတြ၊ ေက်ာင္းစာအုပ္ေတြ၊ လြယ္အိတ္ စတာေတြကို သူ႕ေနရာနဲ႔သူ ျပန္ထားျဖစ္ေအာင္ထားပါ။

(၄) အိပ္ခန္းထဲကမွန္

အိိပ္ခန္းထဲမွာ မွန္ထားမယ္ဆိုရင္ မွန္ထဲကို ၾကည့္လိုက္ရင္ အိပ္ယာမေပၚတဲ့ေနရာမွာ ထားရမွာပါ။ မဟုတ္ရင္ သင္အိပ္ေပ်ာ္ေနခ်ိန္မွန္ထဲမွာ သင့္ပံုရိပ္ ေပၚေနျပီး အဲ့ဒီအခ်ိန္မက္တဲ့ အိပ္မက္ေတြက တကယ္ျဖစ္လာနိုင္တယ္လို႕ ဆိုၾကပါတယ္။ အိပ္မက္ဆိုးေတြ မက္ခဲ့ရင္ ဒုကၡပဲေလေနာ္။

(၅) အိပ္ခန္းမီးမွိန္မွိန္ေလးထြန္းပါ

အိပ္တဲ့အခ်ိန္မွာ မီးလင္းေနတာက မေကာင္းသလို၊ အလင္းေရာင္မရွိဘဲ လံုး၀ေမွာင္ေနတာကလည္း မေကာင္းပါဘူး။ ဒါေၾကာင့္ အိပ္တဲ့အခ်ိန္မွာ အလင္းေရာင္ရရံု မီးမွိန္မွိန္ေလးကို ထြန္းထားသင့္ပါတယ္။

(၆) အိပ္ခန္းနဲ႕ အိပ္ယာနဲ႕ပတ္သက္တဲ့ အသံုးအေဆာင္ေတြရဲ႕အေရာင္
အနီေရာင္၊ ခရမ္းေရာင္ စတဲ့အေရာင္ရင့္ရင့္ေတာက္ေတာက္ေတြက အိိပ္စက္ျခင္းကို အေႏွာက္အယွက္ျဖစ္ေစတာေၾကာင့္အိပ္ခန္းနဲ႕ အိပ္ယာအသံုးအေဆာင္ေတြမွာ မသံုးသင့္ပါဘူး။ အ၀ါေရာင္နုနု၊ အျပာနု ၊ ထံုးေျခာက္ေရာင္ စတာေတြက ေႏြးေထြးမႈကိုျဖစ္ေစျပီး အိပ္စက္ျခင္းအတြက္အကူအညီျဖစ္ေစလို႕ အဲ့ဒီအေရာင္ေတြကိုသံုးသင့္ပါတယ္။

(၇) အိပ္ယာအထားအသိုေရႊ႕ေျပာင္းေပးပါ

အိပ္ယာကို တစ္နွစ္ပတ္လံုး တစ္ေနရာထဲမွ ာထားတာမ်ိဳးထက္ ေျခာက္လေလာက္မွာ တစ္ခါ အေရႊ႕အေျပာင္းလုပ္ေပးတာ ပိုေကာင္းပါတယ္။ အဲ့ဒီလုိ အိပ္ယာကို ေနရာေရႊ႕လိုက္တဲ့အခါ အိပ္ခန္းကိုပါ သန္႕ရွင္းေရးလုပ္ျပီးသားျဖစ္သြားျပီး ေနရာအသစ္ကို ေရာက္လာသလို ခံစားရတာေၾကာင့္ သင့္ရဲ႕ျငီးေငြ႕ေနတဲ့ ခံစားခ်က္ေတြကိုလည္း ေျပာင္းလဲေပးနိုင္ပါတယ္။

Credit:Aunty May

 

Unicodeဖြင့်ဖတ်ရန်

 

အိပ်စက်ချိန်မှာ သင့်ဆီကံကောင်းခြင်းတွေ ရောက်ရှိလာစေဖို့ ဒီ (၇)ချက်ကို လိုက်နာလိုက်ပါ

 

တစ်နေကုန် အလုပ်တွေလုပ်ပြီး အိမ်ပြန်ရောက်တဲ့အခါ ကောင်းကောင်းအနားယူမှ နောက်တစ်နေ့အတွက် အားအင်အပြည့်ရှိပြီး အရာရာမှာ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မှာပါ။ စိတ်ရော လူပါ အကောင်းဆုံးအနားယူဖို့အတွက် အိပ်စက်တဲ့နေရာက အရမ်းအရေးကြီးပါတယ်။ ခန္ဓာကိုယ် ကောင်းကောင်းအနားရဖို့ ကောင်းမွန်တဲ့အရာတွေဖြစ်လာဖို့အတွက် သင့်အိပ်ခန်း၊ အိပ်ရာနဲ့ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အိပ်ခန်းဆိုတာ အိပ်စက်အနားယူဖို့ပဲဖြစ်သင့်ပါတယ်

အိပ်ခန်းထဲမှာ တခြားအလုပ်နဲ့ ပတ်သက်တာတွေ၊ မလိုအပ်တဲ့ ပစ္စည်းတွေ မထားတာ အကောင်းဆုံးပါ။ အဝတ်ဗီရိုနဲ့ အဝတ်စင်တွေ ထားတယ်ဆိုရင်တောင် အိပ်ယာနား ကပ်မထားပါနဲ့ နေရာကျဉ်းတယ်ဆိုရင်တောင် အိပ်ယာပေါ်မှာ အဝတ်တွေပုံထားတာမျိုး မလုပ်ဖို့လိုပါတယ်။

(၂) သန့်ရှင်းရေးပုံမှန်လုပ်ပေးပါ

အိပ်ယာက ထလာတာနဲ့ စောင်နဲ့ တခြားအသုံးအဆောင်တွေကို ခေါက်သိမ်းပါ။ အိပ်ယာပေါ်မှာ သန့်ရှင်းနေအောင်ထားပါ။ ပြီးတော့ အိပ်ခန်းသန့်ရှင်းရေးကို တစ်ပတ်တစ်ခါ လုပ်ပေးပါ။

(၃) အိပ်ယာပေါ်မှာ ပစ္စည်းတွေ ရှုပ်ဖွမထားပါနဲ့

တတ်နိုင်ရင် အိပ်ယာပေါ်မှာ ပစ္စည်းတွေ အစုံရောက်နေတာ မကောင်းပါဘူး။ နေရာကျဉ်းရင်ပိုတောင်မထားသင့်ပါဘူး။ အလုပ်နဲ့ပတ်သက်တာတွေ၊ ကျောင်းစာအုပ်တွေ၊ လွယ်အိတ် စတာတွေကို သူ့နေရာနဲ့သူ ပြန်ထားဖြစ်အောင်ထားပါ။

(၄) အိပ်ခန်းထဲကမှန်

အိပ်ခန်းထဲမှာ မှန်ထားမယ်ဆိုရင် မှန်ထဲကို ကြည့်လိုက်ရင် အိပ်ယာမပေါ်တဲ့နေရာမှာ ထားရမှာပါ။ မဟုတ်ရင် သင်အိပ်ပျော်နေချိန်မှန်ထဲမှာ သင့်ပုံရိပ် ပေါ်နေပြီး အဲ့ဒီအချိန်မက်တဲ့ အိပ်မက်တွေက တကယ်ဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။ အိပ်မက်ဆိုးတွေ မက်ခဲ့ရင် ဒုက္ခပဲလေနော်။

(၅) အိပ်ခန်းမီးမှိန်မှိန်လေးထွန်းပါ

အိပ်တဲ့အချိန်မှာ မီးလင်းနေတာက မကောင်းသလို၊ အလင်းရောင်မရှိဘဲ လုံးဝမှောင်နေတာကလည်း မကောင်းပါဘူး။ ဒါကြောင့် အိပ်တဲ့အချိန်မှာ အလင်းရောင်ရရုံ မီးမှိန်မှိန်လေးကို ထွန်းထားသင့်ပါတယ်။

(၆) အိပ်ခန်းနဲ့ အိပ်ယာနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေရဲ့အရောင်
အနီရောင်၊ ခရမ်းရောင် စတဲ့အရောင်ရင့်ရင့်တောက်တောက်တွေက အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေတာကြောင့်အိပ်ခန်းနဲ့ အိပ်ယာအသုံးအဆောင်တွေမှာ မသုံးသင့်ပါဘူး။ အဝါရောင်နုနု၊ အပြာနု ၊ ထုံးခြောက်ရောင် စတာတွေက နွေးထွေးမှုကိုဖြစ်စေပြီး အိပ်စက်ခြင်းအတွက်အကူအညီဖြစ်စေလို့ အဲ့ဒီအရောင်တွေကိုသုံးသင့်ပါတယ်။

(၇) အိပ်ယာအထားအသိုရွှေ့ပြောင်းပေးပါ

အိပ်ယာကို တစ်နှစ်ပတ်လုံး တစ်နေရာထဲမှ ာထားတာမျိုးထက် ခြောက်လလောက်မှာ တစ်ခါ အရွှေ့အပြောင်းလုပ်ပေးတာ ပိုကောင်းပါတယ်။ အဲ့ဒီလို အိပ်ယာကို နေရာရွှေ့လိုက်တဲ့အခါ အိပ်ခန်းကိုပါ သန့်ရှင်းရေးလုပ်ပြီးသားဖြစ်သွားပြီး နေရာအသစ်ကို ရောက်လာသလို ခံစားရတာကြောင့် သင့်ရဲ့ငြီးငွေ့နေတဲ့ ခံစားချက်တွေကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။

Credit:Aunty May