Zawgyiျဖင့္ဖတ္ရန္

 

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ အထက္ပုဇြန္ေတာင္လမ္း ရွိ ပုဇြန္ေတာင္ေဈးအနီး ႐ြိဳင္ရယ္ တည္းခိုခန္းတြင္ အမ်ိဳးသားတစ္ဦး ဓားျဖင့္ ထိုးသတ္ခံရမႈမွ ျပစ္မႈက်ဴးလြန္ခဲ့သည္ဟု ဆိုေသာ အမ်ိဳးသမီးကို စက္တင္ဘာလ ၂၁ ရက္ နံနက္အေစာပိုင္းက ေဒါပုံၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ စုံစမ္းသိရွိရသည္။

လူသတ္မႈျဖင့္ ဖမ္းဆီးခံရသူ အမ်ိဳးသမီးက ေသဆုံးသူ အမ်ိဳးသားမွာ အိမ္ေထာင္ရွိလ်က္ႏွင့္ ၎ကို လူပ်ိဳဟု လီဆယ္ေျပာဆိုၿပီး ေပါင္းသင္းခဲ့သည့္အျပင္ ျမဝတီသို႔ ေခၚေဆာင္သြားၿပီး ေနအိမ္တစ္အိမ္တြင္ ပစ္ထားခဲ့ေသာေၾကာင့္ ယင္းအမ်ိဳးသားကို စက္တင္ဘာလ ၁၆ ရက္ေန႔ နံနက္ပိုင္းက ႐ိုင္ရယ္တည္းခိုခန္းသို႔ ေခၚေဆာင္လာၿပီး အခန္းထဲတြင္ ဓားျဖင့္ထိုးသတ္ခဲ့ေၾကာင္း ဝန္ခံထြက္ဆိုခ်က္ ေပးထားသည္။

“သူတို႔ႏွစ္ေယာက္က Viber ကေန ေတြ႕ဆုံၿပီး ခ်စ္ႀကိဳက္ခဲ့ၾကတယ္။ ေသဆုံးသူက အိမ္ေထာင္ရွိတယ္ ျမဝတီဘက္မွာ အီၾကာေကြးေရာင္းတယ္။ ေကာင္မေလးကို သူက လူပ်ိဳလို႔ လီဆယ္ေျပာဆိုၿပီး ေပါင္းသင္းခဲ့ရာက အိမ္ေထာင္ရွိမွန္း ေပၚသြားလို႔ အမ်ိဳးသမီးက တရား႐ုံးမွာ တရားစြဲဆို ဦးတိုက္ေလ်ာက္ထားခဲ့တယ္။

ဒါေပမဲ့ သူ႔ရဲ႕တရားစြဲဆိုမႈကို လက္မခံခဲ့ဘူးလို႔ အမ်ိဳးသမီးထံက သိရၿပီး ေသဆုံးသူက မယားႀကီးရွိတဲ့ ျမဝတီဘက္ကို ထပ္ေခၚသြားတယ္။ ဟိုေရာက္ေတာ့ အိမ္တစ္အိမ္မွာ သူ႔ကို တစ္ေယာက္ထဲ ပစ္ထားခဲ့တာေၾကာင့္ ရန္ကုန္ျပန္လာၿပီး ေသဆုံးသူနဲ႔ ျပန္ဆက္သြယ္ တည္းခိုခန္းကို ေခၚလာၿပီး အခန္းထဲေရာက္မွ ဓားနဲ႔ ထိုးသတ္ခဲ့တာလို႔ ထြက္ဆိုခ်က္ေပးထားတယ္”ဟု ရဲအရာရွိက ရွင္းျပသည္။

႐ိုင္ရယ္ တည္းခိုခန္း ေလးလႊာရွိ အခန္းတစ္ခန္းထဲ၌ ေက်ာႏွင့္ရင္ၫြန႔္တြင္ ထိုးသြင္းဒဏ္ရာ တစ္ခ်က္စီျဖင့္ ေသဆုံးခဲ့ေသာ အသက္ ၃၂ ႏွစ္ အမ်ိဳးသားမွာ ခရမ္းၿမိဳ႕နယ္၊ (၁၁) ရပ္ကြက္ အေနာ္ရထာလမ္းတြင္ ေနထိုင္သူျဖစ္ၿပီး ထိုင္း-ျမန္မာနယ္စပ္ရွိ ျမဝတီၿမိဳ႕တြင္ အီၾကာေကြးေရာင္းေနသူျဖစ္ေၾကာင္းႏွင့္ ၎တြင္ ဇနီးႏွင့္ သားသမီးရွိေၾကာင္း ရဲတပ္ဖြဲ႕ထံမွ စုံစမ္းသိရွိရသည္။

“လူသတ္မႈနဲ႔ ဖမ္းဆီးခံရတဲ့ အမ်ိဳးသမီးက ေဒါပုံမွာရွိတဲ့ သူ႔အေမအိမ္ ျပန္လာခ်ိန္မွာ အဖမ္းခံရတာ။ သူက ဆြံအေနသူ တစ္ေယာက္ေတာ့ မဟုတ္ပါဘူး”ဟု မဂၤလာေတာင္ၫြန႔္ ၿမိဳ႕မရဲစခန္းမႉးက ေျပာသည္။

႐ိုင္ရယ္ တည္းခိုခန္းတြင္ ျဖစ္ပြားခဲ့သည့္ လူသတ္မႈကို အခင္းျဖစ္ေန႔၌ စီအိုင္ဒီက လာေရာက္စစ္ေဆးခဲ့ၿပီးေနာက္ ေသဆုံးသူအမ်ိဳးသားတြင္ ကာမဆက္ဆံထားသည္ကို မေတြ႕ရွိရေၾကာင္းႏွင့္ သက္ေသခံပစၥည္း တစ္စုံတစ္ရာမွ မေတြ႕ရွိခဲ့ေၾကာင္း ေတာင္လုံးျပန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးထံမွ စုံစမ္းသိရွိရၿပီး ယင္းအမႈကို မဂၤလာေတာင္ၫြန႔္ ၿမိဳ႕မရဲစခန္းမွ လူသတ္မႈ ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူထားသည္။

Credit:The Voice

Unicodeဖြင့်ဖတ်ရန်

 

ပုဇွန်တောင် တည်းခိုခန်း လူသတ်မှု တရားခံဆိုသူ အမျိုးသမီးကိုဖမ်းမိ

 

မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း ရှိ ပုဇွန်တောင်ဈေးအနီး ရွိုင်ရယ် တည်းခိုခန်းတွင် အမျိုးသားတစ်ဦး ဓားဖြင့် ထိုးသတ်ခံရမှုမှ ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဆိုသော အမျိုးသမီးကို စက်တင်ဘာလ ၂၁ ရက် နံနက်အစောပိုင်းက ဒေါပုံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

လူသတ်မှုဖြင့် ဖမ်းဆီးခံရသူ အမျိုးသမီးက သေဆုံးသူ အမျိုးသားမှာ အိမ်ထောင်ရှိလျက်နှင့် ၎င်းကို လူပျိုဟု လီဆယ်ပြောဆိုပြီး ပေါင်းသင်းခဲ့သည့်အပြင် မြဝတီသို့ ခေါ်ဆောင်သွားပြီး နေအိမ်တစ်အိမ်တွင် ပစ်ထားခဲ့သောကြောင့် ယင်းအမျိုးသားကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ရိုင်ရယ်တည်းခိုခန်းသို့ ခေါ်ဆောင်လာပြီး အခန်းထဲတွင် ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုချက် ပေးထားသည်။

“သူတို့နှစ်ယောက်က Viber ကနေ တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြတယ်။ သေဆုံးသူက အိမ်ထောင်ရှိတယ် မြဝတီဘက်မှာ အီကြာကွေးရောင်းတယ်။ ကောင်မလေးကို သူက လူပျိုလို့ လီဆယ်ပြောဆိုပြီး ပေါင်းသင်းခဲ့ရာက အိမ်ထောင်ရှိမှန်း ပေါ်သွားလို့ အမျိုးသမီးက တရားရုံးမှာ တရားစွဲဆို ဦးတိုက်လျောက်ထားခဲ့တယ်။

ဒါပေမဲ့ သူ့ရဲ့တရားစွဲဆိုမှုကို လက်မခံခဲ့ဘူးလို့ အမျိုးသမီးထံက သိရပြီး သေဆုံးသူက မယားကြီးရှိတဲ့ မြဝတီဘက်ကို ထပ်ခေါ်သွားတယ်။ ဟိုရောက်တော့ အိမ်တစ်အိမ်မှာ သူ့ကို တစ်ယောက်ထဲ ပစ်ထားခဲ့တာကြောင့် ရန်ကုန်ပြန်လာပြီး သေဆုံးသူနဲ့ ပြန်ဆက်သွယ် တည်းခိုခန်းကို ခေါ်လာပြီး အခန်းထဲရောက်မှ ဓားနဲ့ ထိုးသတ်ခဲ့တာလို့ ထွက်ဆိုချက်ပေးထားတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ရိုင်ရယ် တည်းခိုခန်း လေးလွှာရှိ အခန်းတစ်ခန်းထဲ၌ ကျောနှင့်ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီဖြင့် သေဆုံးခဲ့သော အသက် ၃၂ နှစ် အမျိုးသားမှာ ခရမ်းမြို့နယ်၊ (၁၁) ရပ်ကွက် အနော်ရထာလမ်းတွင် နေထိုင်သူဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့တွင် အီကြာကွေးရောင်းနေသူဖြစ်ကြောင်းနှင့် ၎င်းတွင် ဇနီးနှင့် သားသမီးရှိကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“လူသတ်မှုနဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသမီးက ဒေါပုံမှာရှိတဲ့ သူ့အမေအိမ် ပြန်လာချိန်မှာ အဖမ်းခံရတာ။ သူက ဆွံအနေသူ တစ်ယောက်တော့ မဟုတ်ပါဘူး”ဟု မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှူးက ပြောသည်။

ရိုင်ရယ် တည်းခိုခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုကို အခင်းဖြစ်နေ့၌ စီအိုင်ဒီက လာရောက်စစ်ဆေးခဲ့ပြီးနောက် သေဆုံးသူအမျိုးသားတွင် ကာမဆက်ဆံထားသည်ကို မတွေ့ရှိရကြောင်းနှင့် သက်သေခံပစ္စည်း တစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ကြောင်း တောင်လုံးပြန် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ စုံစမ်းသိရှိရပြီး ယင်းအမှုကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။

Credit:The Voice