Zawgyiျဖင့္ဖတ္ရန္

 

လာမယ့္ ေအာက္တိုဘာ ၁၅ရက္ေန႔မွာ တပ္မေတာ္၊ အစိုးရနဲ႔ အပစ္ရပ္ အဖြဲ႕ေတြက ထိပ္သီးေခါင္းေဆာင္ ေတြ ေတြ႕ဆုံ ေဆြးေႏြးသြားမယ့္ ပြဲကို ရက္ျပန္လည္ ညႇိႏွိုင္းဖို႔အပါအဝင္ အခ်က္ ၅ခ်က္ကို ကရင္အမ်ိဳးသား အစည္းအ႐ုံး (ေကအဲန္ယူ )က ေအာက္တိုဘာ ၆ ရက္ေန႔က ထုတ္ျပန္ခ်က္ထုတ္ၿပီး ေတာင္းဆိုလိုက္ပါ တယ္။

အဆိုပါေတာင္းဆိုခ်က္ကို ကရင္အမ်ိဳးသား အစည္းအ႐ုံး (ေကအဲန္ယူ ) ရဲ့ ၅ႀကိမ္ေျမာက္ ဗဟိုအျမဲတမ္း ေကာ္မတီရဲ့ အေရးေပၚ အစည္းအေဝးကို ၂ ရက္ၾကာ ျပဳလုပ္ အၿပီးမွာ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ေကအဲန္ယူဟာ NCA စာခ်ဳပ္ကို ၂၀၁၅ ခုႏွစ္ ကတည္းက လက္မွတ္ ေရးထိုးထားတဲ့အဖြဲ႕တခု ျဖစ္ၿပီး လာမယ့္ ထိပ္သီး ေခါင္းေဆာင္ေတြ ေတြ႕ဆုံပြဲမွာ ရလဒ္ ေကာင္းေတြရဖို႔ျပင္ဆင္မွုေတြပိုမို ျပဳလုပ္ဖို႔ လိုအပ္ ေနေသးတဲ့ အတြက္ ႏွစ္ဘက္ေတြ႕ဆုံ ေဆြးေႏြး နိုင္မယ့္ ေန႔ရက္ကို ျပန္လည္ ညႇိႏွိုင္းမွာျဖစ္တယ္လို႔ ဆိုပါ တယ္။

ဒါ့အျပင္ လက္ရွိ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ တစ္ဆို႔ ေနတာေတြဟာ တခုတည္းေသာ တပ္မေတာ္ကို လက္ခံရန္ ေတာင္းဆိုတဲ့ကိစၥ၊ ျပည္ေထာင္စုမွ ခြဲမထြက္ေရးနဲ႔ စပ္လ်ဥ္းတဲ့ ကိစၥေတြ အျပင္ NCA (တနိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မွုရပ္စဲေရးသေဘာတူစာခ်ဳပ္) အေပၚ မတူညီတဲ့ အဓိပၸါယ္ ဖြင့္ဆိုခ်က္ေတြနဲ႔လက္ရွိသေဘာတူ ထားတဲ့ ယႏၲရားေတြရဲ့ အဓိက အားနည္းခ်က္ေတြကို ေဖာ္ထုတ္ ကာျပင္ဆင္နိုင္ေရးမွုေတြ ခ်မွတ္ဖို႔ ေဆြးေႏြး ဖို႔ အပါအဝင္ အပစ္ရပ္ လက္မွတ္မေရးထိုးနိုင္ေသးတဲ့ အဖြဲ႕ေတြကို ပါလာနိုင္ေအာင္ အခင္းအက်င္းေတြ ဖန္တီးေပးနိုင္ဖို႔ စတဲ့အခ်က္ေတြကို သေဘာထားထုတ္ျပန္ခ်က္မွာ ထည့္သြင္းေဖာ္ျပထားပါတယ္။

ထိပ္သီးေခါင္းေဆာင္ေတြေတြ႕ဆုံပြဲဟာ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးသြားမွာျဖစ္ေပမယ့္ အဆုံးအျဖတ္ ေပးနိုင္သူ အားလုံး ပါဝင္မွာျဖစ္တဲ့အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာတစ္ဆို႔ေနတဲ့ အဓိက ကိစၥရပ္ေတြ ျဖစ္တဲ့ တခုတည္းေသာ တပ္မေတာ္ဆိုတဲ့ အခ်က္အပါအဝင္ အဓိကအခ်က္အေတာ္မ်ားမ်ားကို အဆိုပါပြဲမွာ ေတြ႕ဆုံေဆြးေႏြးၿပီး အဆုံးအျဖတ္ေတြရဖို႔ ေမၽွာ္လင့္ထားတယ္ လို႔ ပအိုဝ့္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ (PNLO) မွ ဥကၠ႒ ခြန္ျမင့္ထြန္းက ဘီဘီစီကို ေျပာပါတယ္။

လာမယ့္ ေအာက္တိုဘာ ၁၅ ရက္ေန႔ဟာ NCA (တနိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မွုရပ္စဲေရးသေဘာတူစာခ်ဳပ္) လက္မွတ္ ေရးထိုး တဲ့ ၃ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ ျဖစ္ၿပီး ႏွစ္ပတ္လည္ အခမ္းအနား အၿပီး ပုပၸါးၿမိဳ႕မွာ ထိပ္သီး ေခါင္းေဆာင္ အားလုံး ပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးပြဲကို ျပဳလုပ္သြားမွာျဖစ္ပါတယ္။

အဆိုပါ ေတြ႕ဆုံပြဲမွာ အစိုးရဘက္က နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ျမန္မာ့တပ္မေတာ္ က ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္တို႔ တက္ေရာက္မွာ ျဖစ္တယ္လို႔ အစိုးရ အဖြဲ႕ ေျပာေရးဆိုခြင့္ ရွိသူ ဦးေဇာ္ေဌးက ေအာက္တိုဘာ ၅ ရက္ေန႔မွာ အတည္ျပဳေျပာဆိုထားပါတယ္။

Credit:BBC

Unicodeဖြင့်ဖတ်ရန်

 

ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ကနေ KNU က အချက် ( ၆ )ချက် တောင်းဆို

 

လာမယ့် အောက်တိုဘာ ၁၅ရက်နေ့မှာ တပ်မတော်၊ အစိုးရနဲ့ အပစ်ရပ် အဖွဲ့တွေက ထိပ်သီးခေါင်းဆောင် တွေ တွေ့ဆုံ ဆွေးနွေးသွားမယ့် ပွဲကို ရက်ပြန်လည် ညှိနှိုင်းဖို့အပါအဝင် အချက် ၅ချက်ကို ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ )က အောက်တိုဘာ ၆ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်ပါ တယ်။

အဆိုပါတောင်းဆိုချက်ကို ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ ) ရဲ့ ၅ကြိမ်မြောက် ဗဟိုအမြဲတမ်း ကော်မတီရဲ့ အရေးပေါ် အစည်းအဝေးကို ၂ ရက်ကြာ ပြုလုပ် အပြီးမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကေအဲန်ယူဟာ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် ကတည်းက လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တခု ဖြစ်ပြီး လာမယ့် ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ရလဒ် ကောင်းတွေရဖို့ပြင်ဆင်မှုတွေပိုမို ပြုလုပ်ဖို့ လိုအပ် နေသေးတဲ့ အတွက် နှစ်ဘက်တွေ့ဆုံ ဆွေးနွေး နိုင်မယ့် နေ့ရက်ကို ပြန်လည် ညှိနှိုင်းမှာဖြစ်တယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တစ်ဆို့ နေတာတွေဟာ တခုတည်းသော တပ်မတော်ကို လက်ခံရန် တောင်းဆိုတဲ့ကိစ္စ၊ ပြည်ထောင်စုမှ ခွဲမထွက်ရေးနဲ့ စပ်လျဉ်းတဲ့ ကိစ္စတွေ အပြင် NCA (တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) အပေါ် မတူညီတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေနဲ့လက်ရှိသဘောတူ ထားတဲ့ ယန္တရားတွေရဲ့ အဓိက အားနည်းချက်တွေကို ဖော်ထုတ် ကာပြင်ဆင်နိုင်ရေးမှုတွေ ချမှတ်ဖို့ ဆွေးနွေး ဖို့ အပါအဝင် အပစ်ရပ် လက်မှတ်မရေးထိုးနိုင်သေးတဲ့ အဖွဲ့တွေကို ပါလာနိုင်အောင် အခင်းအကျင်းတွေ ဖန်တီးပေးနိုင်ဖို့ စတဲ့အချက်တွေကို သဘောထားထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ထိပ်သီးခေါင်းဆောင်တွေတွေ့ဆုံပွဲဟာ အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပေမယ့် အဆုံးအဖြတ် ပေးနိုင်သူ အားလုံး ပါဝင်မှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတစ်ဆို့နေတဲ့ အဓိက ကိစ္စရပ်တွေ ဖြစ်တဲ့ တခုတည်းသော တပ်မတော်ဆိုတဲ့ အချက်အပါအဝင် အဓိကအချက်အတော်များများကို အဆိုပါပွဲမှာ တွေ့ဆုံဆွေးနွေးပြီး အဆုံးအဖြတ်တွေရဖို့ မျှော်လင့်ထားတယ် လို့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ဟာ NCA (တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) လက်မှတ် ရေးထိုး တဲ့ ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပြီး နှစ်ပတ်လည် အခမ်းအနား အပြီး ပုပ္ပါးမြို့မှာ ထိပ်သီး ခေါင်းဆောင် အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ အစိုးရဘက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့တပ်မတော် က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်မှာ ဖြစ်တယ်လို့ အစိုးရ အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက အောက်တိုဘာ ၅ ရက်နေ့မှာ အတည်ပြုပြောဆိုထားပါတယ်။

Credit:BBC