Zawgyiျဖင့္ဖတ္ရန္

 

ေအာင္ျမင္ေၾကာင္း
နည္းလမ္း ၅-ခု
••••••••••••••••

” ဘုန္းႀကီးတို႔အသက္(၈၀)က်မွ ေတာ္ေတာ္မ်ားမ်ား ျပည့္စုံတာဗ်ာ။
ဒီလိုျပည့္စုံေအာင္ ဘယ္လိုလုပ္ခဲ့ရလဲဆိုေတာ့
အၾကာႀကီး လုပ္ရတာ။
ဘုရားအေလာင္းနည္းလမ္း(၅)မ်ိဳးနဲ႔ လုပ္တယ္။

စိရကာလ
——–

နံပါတ္(၁)
စိရကာလ-ဘာဝနာ-

လုပ္ငန္းတစ္ခုကို ႀကီးႀကီးက်ယ္က်ယ္ေတြးႀကံ
ေအာင္ျမင္ဖို႔ဆိုတာဟာ အၾကာႀကီးလုပ္ရတာ။

ခဏတျဖဳတ္ လုပ္လိုက္၊
ေတာ္ၾကာ ေနာက္တစ္ခုေျပာင္း
ဒီလိုလုပ္ေနရင္ ဘယ္ေတာ့မွ ႀကီးက်ယ္တဲ့
အရာေတြကို မလုပ္ႏိုင္ဘူး။
ဒါ့ေၾကာင့္ အလုပ္တစ္ခု လုပ္ရင္ အၾကာႀကီးလုပ္ပါ။ ဒါမွ ေအာင္ျမင္မယ္။

နိရႏၲရ
——-

နံပါတ္(၂)ေနာက္တစ္ခု
နိရႏၲရ ဘာဝနာ-

မရပ္မနားကို လုပ္ရတာ။
ဘုရားအေလာင္းသိဒၵတၳ ဥ႐ုေဝလမွာ ၆ ႏွစ္က်င့္တုန္းက
အနားယူ အပန္းေျဖတယ္ဆိုတာ စာထဲေတြ႕ဖူးလား။
ဥပုသ္ေန႔လည္းနားဦးမယ္ ရွိလား။ မရွိဘူး။

အခုေတာ့ ဥပုသ္ေန႔ဆိုတာနဲ႔ စာေတြနားၿပီးေနၾကတယ္။
ဘုရားအေလာင္း ဥပုသ္ေန႔နားတယ္ဆိုတာ မရွိပါဘူး။
ဒို႔လည္း မနားဘူး။ အခုထိလုပ္တယ္။ ဒါေၾကာင့္ ေအာင္ျမင္ခ်င္ရင္ မရပ္မနား လုပ္ရမယ္။

နိရဝေသသ
———–

နံပါတ္(၃)က
နိရဝေသသ ဘာဝနာ။

ေကာင္းဆိုတဲ့အလုပ္
ေကာင္းမႈဆိုတဲ့အလုပ္ ဘာမွ ခ်န္မထားနဲ႔။ အကုန္လုပ္ရမယ္။

ဘုရားပန္းကပ္မယ္ဆိုရင္ ေရမလဲဘဲ လုပ္မသြားနဲ႔။
ပန္းေတာ့ ကပ္တယ္ ဘုရားခန္း
တံမ်က္စည္း မလွည္းဘဲ ထြက္မသြားနဲ႔။ ဆြမ္းေတာ့ ကပ္တယ္။
ဆြမ္းနဲ႔ ထန္းလွ်က္ခဲေလးတင္ မကပ္နဲ႔။
ဟင္းေလးလည္းထည့္။
ေကာင္းမႈ မွန္သမွ် ဘာမွမက်န္ေစနဲ႔။
ဘုန္းႀကီးတို႔ ႀကိဳးစားၿပီးေတာ့ လုပ္တာ။

အမ်ားႀကီးပဲ။ေဆး႐ုံေတြေရာ ေရေတြေရာ
ငတ္ျပတ္ေနတယ္ဆိုရင္လည္း သြားေကြၽးတာပဲ။
ေရနစ္ဆိုလည္း သြားကူတာပဲ။
မီးေလာင္လည္း သြားေပးတာပဲ။
ေကာင္းမႈ မွန္သမွ် အကုန္လုပ္။
အဲ့ဒါ ဘာေခၚသလဲ- နိရဝေသသ ဘာဝနာ။
ဒို႔ကေတာ့ ဒါေလးပဲ ဆိုရင္ အဲ့ဒီဘက္မွာပဲ အဲ့ဒီလူ ထူးခြၽန္သြားလိမ့္မယ္။
ဒီျပင္ဟာေတြ က်န္ေနခဲ့တတ္တယ္။

သကၠစၥ ဘာဝနာ
—————

နံပါတ္ (၄) သကၠစၥ၊ ႐ို႐ိုေသေသ
ေလးေလးစားစား လုပ္ၾက။
ေပါ့ေပါ့ဆဆ မလုပ္နဲ႔။

မဂၤလာသုတ္ဖတ္လိုက္ရင္
ဘဂဝါ သာဝတၳိယံ ဝိဟာရတိ ေဇတဝေန အနာထပိ႑ိကႆအာရာေမ။
ဘယ္သုတၱံ ဖတ္ဖတ္ အနာထပိ႑ိကႆအာရာေမေတြ
မ်ားဘူးလား။

ပုညလကၡဏေဒဝီအာရာေမ-ဆိုတာ
တစ္သုတ္မွ မရွိဘူး။
ပုညလကၡဏေဒဝီက အနာထပိဏ္ရဲ႕
ဇနီးေလ။ေကာင္းမႈ ႏွစ္ေယာက္လုပ္တာ
တစ္ေယာက္ထဲ နာမည္ထြက္တယ္။
တစ္ေယာက္က နာမည္ေပ်ာက္ေနတယ္။

ဘာျဖစ္လိုလဲ မ႐ိုမေသ အသကၠစၥ ဒါန လုပ္တဲ့ ပုဂၢိဳလ္ဟာ မေက်ာ္ၾကားဘူး။
သကၠစၥဒါန- လုပ္တဲ့ ပုဂၢိဳလ္က ဘာျဖစ္လဲ ေက်ာ္ၾကားတယ္။ဒါ့ေၾကာင့္
သကၠစၥဘာဝနာ ႐ို႐ိုေသေသ ေလးေလးစားစား အလုပ္လုပ္ၾကပါ။
ေပါ့ေပါ့ဆဆ မလုပ္နဲ႔။ ဒါမွ ေအာင္ျမင္မယ္။

အဘိရတိဘာဝနာ
————–

နံပါတ္(၅)က
အဘိရတိ ဘာဝနာ။

ေပ်ာ္ေပ်ာ္ပါးပါးလုပ္။ဆရာေလးေတြ သိတာေပါ့ သီတဂူဆိုတာ ေရေပးတာ။
ေဆး႐ုံေေဆာက္တာ ဘာလုပ္တာ
တရားေဟာ ဘယ္ေလာက္ေပ်ာ္သလဲ
ေမးရင္ အခုထိ ေပ်ာ္တုန္းပဲ။
ပ်င္းသြားၿပီ ၿငီးေငြ႕သြားၿပီ မရွိပါဘူး။
ေကာင္းမႈဆိုတာ ၿငီးေငြ႕စရာလား။
မေကာင္းမႈကေတာ့ ခပ္ျမန္ျမန္ ၿငီးေငြ႕မွ
အဆင္ေျပမယ္။

အဲ့ဒီေတာ့ တစ္စုံတစ္ခုေသာ အလုပ္ကို လုပ္မယ္ဆိုရင္
ထိပ္တန္းတစ္ေနရာ ေရာက္ခ်င္ရင္
နည္းငါးပါးနဲ႔ ဘုရားအေလာင္း လုပ္သလို လုပ္ၾကပါလို႔ တိုက္တြန္း လိုက္ပါတယ္။

ေက်းဇူေတာ္ရွင္

Credit – သီတဂူဆရာေတာ္ဘုရားႀကီး

 

Unicodeဖြင့်ဖတ်ရန်

 

အောင်မြင်ချင်တဲ့သူတွေ လုပ်ဆောင်ရမယ့် အချက် ( ၅ ) ချက်

 

အောင်မြင်ကြောင်း
နည်းလမ်း ၅-ခု
••••••••••••••••

” ဘုန်းကြီးတို့အသက်(၈၀)ကျမှ တော်တော်များများ ပြည့်စုံတာဗျာ။
ဒီလိုပြည့်စုံအောင် ဘယ်လိုလုပ်ခဲ့ရလဲဆိုတော့
အကြာကြီး လုပ်ရတာ။
ဘုရားအလောင်းနည်းလမ်း(၅)မျိုးနဲ့ လုပ်တယ်။

စိရကာလ
——–

နံပါတ်(၁)
စိရကာလ-ဘာဝနာ-

လုပ်ငန်းတစ်ခုကို ကြီးကြီးကျယ်ကျယ်တွေးကြံ
အောင်မြင်ဖို့ဆိုတာဟာ အကြာကြီးလုပ်ရတာ။

ခဏတဖြုတ် လုပ်လိုက်၊
တော်ကြာ နောက်တစ်ခုပြောင်း
ဒီလိုလုပ်နေရင် ဘယ်တော့မှ ကြီးကျယ်တဲ့
အရာတွေကို မလုပ်နိုင်ဘူး။
ဒါ့ကြောင့် အလုပ်တစ်ခု လုပ်ရင် အကြာကြီးလုပ်ပါ။ ဒါမှ အောင်မြင်မယ်။

နိရန္တရ
——-

နံပါတ်(၂)နောက်တစ်ခု
နိရန္တရ ဘာဝနာ-

မရပ်မနားကို လုပ်ရတာ။
ဘုရားအလောင်းသိဒ္ဒတ္ထ ဥရုဝေလမှာ ၆ နှစ်ကျင့်တုန်းက
အနားယူ အပန်းဖြေတယ်ဆိုတာ စာထဲတွေ့ဖူးလား။
ဥပုသ်နေ့လည်းနားဦးမယ် ရှိလား။ မရှိဘူး။

အခုတော့ ဥပုသ်နေ့ဆိုတာနဲ့ စာတွေနားပြီးနေကြတယ်။
ဘုရားအလောင်း ဥပုသ်နေ့နားတယ်ဆိုတာ မရှိပါဘူး။
ဒို့လည်း မနားဘူး။ အခုထိလုပ်တယ်။ ဒါကြောင့် အောင်မြင်ချင်ရင် မရပ်မနား လုပ်ရမယ်။

နိရဝသေသ
———–

နံပါတ်(၃)က
နိရဝသေသ ဘာဝနာ။

ကောင်းဆိုတဲ့အလုပ်
ကောင်းမှုဆိုတဲ့အလုပ် ဘာမှ ချန်မထားနဲ့။ အကုန်လုပ်ရမယ်။

ဘုရားပန်းကပ်မယ်ဆိုရင် ရေမလဲဘဲ လုပ်မသွားနဲ့။
ပန်းတော့ ကပ်တယ် ဘုရားခန်း
တံမျက်စည်း မလှည်းဘဲ ထွက်မသွားနဲ့။ ဆွမ်းတော့ ကပ်တယ်။
ဆွမ်းနဲ့ ထန်းလျှက်ခဲလေးတင် မကပ်နဲ့။
ဟင်းလေးလည်းထည့်။
ကောင်းမှု မှန်သမျှ ဘာမှမကျန်စေနဲ့။
ဘုန်းကြီးတို့ ကြိုးစားပြီးတော့ လုပ်တာ။

အများကြီးပဲ။ဆေးရုံတွေရော ရေတွေရော
ငတ်ပြတ်နေတယ်ဆိုရင်လည်း သွားကျွေးတာပဲ။
ရေနစ်ဆိုလည်း သွားကူတာပဲ။
မီးလောင်လည်း သွားပေးတာပဲ။
ကောင်းမှု မှန်သမျှ အကုန်လုပ်။
အဲ့ဒါ ဘာခေါ်သလဲ- နိရဝသေသ ဘာဝနာ။
ဒို့ကတော့ ဒါလေးပဲ ဆိုရင် အဲ့ဒီဘက်မှာပဲ အဲ့ဒီလူ ထူးချွန်သွားလိမ့်မယ်။
ဒီပြင်ဟာတွေ ကျန်နေခဲ့တတ်တယ်။

သက္ကစ္စ ဘာဝနာ
—————

နံပါတ် (၄) သက္ကစ္စ၊ ရိုရိုသေသေ
လေးလေးစားစား လုပ်ကြ။
ပေါ့ပေါ့ဆဆ မလုပ်နဲ့။

မင်္ဂလာသုတ်ဖတ်လိုက်ရင်
ဘဂဝါ သာဝတ္ထိယံ ဝိဟာရတိ ဇေတဝနေ အနာထပိဏ္ဍိကဿအာရာမေ။
ဘယ်သုတ္တံ ဖတ်ဖတ် အနာထပိဏ္ဍိကဿအာရာမေတွေ
များဘူးလား။

ပုညလက္ခဏဒေဝီအာရာမေ-ဆိုတာ
တစ်သုတ်မှ မရှိဘူး။
ပုညလက္ခဏဒေဝီက အနာထပိဏ်ရဲ့
ဇနီးလေ။ကောင်းမှု နှစ်ယောက်လုပ်တာ
တစ်ယောက်ထဲ နာမည်ထွက်တယ်။
တစ်ယောက်က နာမည်ပျောက်နေတယ်။

ဘာဖြစ်လိုလဲ မရိုမသေ အသက္ကစ္စ ဒါန လုပ်တဲ့ ပုဂ္ဂိုလ်ဟာ မကျော်ကြားဘူး။
သက္ကစ္စဒါန- လုပ်တဲ့ ပုဂ္ဂိုလ်က ဘာဖြစ်လဲ ကျော်ကြားတယ်။ဒါ့ကြောင့်
သက္ကစ္စဘာဝနာ ရိုရိုသေသေ လေးလေးစားစား အလုပ်လုပ်ကြပါ။
ပေါ့ပေါ့ဆဆ မလုပ်နဲ့။ ဒါမှ အောင်မြင်မယ်။

အဘိရတိဘာဝနာ
————–

နံပါတ်(၅)က
အဘိရတိ ဘာဝနာ။

ပျော်ပျော်ပါးပါးလုပ်။ဆရာလေးတွေ သိတာပေါ့ သီတဂူဆိုတာ ရေပေးတာ။
ဆေးရုံေဆောက်တာ ဘာလုပ်တာ
တရားဟော ဘယ်လောက်ပျော်သလဲ
မေးရင် အခုထိ ပျော်တုန်းပဲ။
ပျင်းသွားပြီ ငြီးငွေ့သွားပြီ မရှိပါဘူး။
ကောင်းမှုဆိုတာ ငြီးငွေ့စရာလား။
မကောင်းမှုကတော့ ခပ်မြန်မြန် ငြီးငွေ့မှ
အဆင်ပြေမယ်။

အဲ့ဒီတော့ တစ်စုံတစ်ခုသော အလုပ်ကို လုပ်မယ်ဆိုရင်
ထိပ်တန်းတစ်နေရာ ရောက်ချင်ရင်
နည်းငါးပါးနဲ့ ဘုရားအလောင်း လုပ်သလို လုပ်ကြပါလို့ တိုက်တွန်း လိုက်ပါတယ်။

ကျေးဇူတော်ရှင်

Credit – သီတဂူဆရာတော်ဘုရားကြီး