Zawgyiျဖင့္ဖတ္ရန္

 

ဒကာႀကီး ဒကာမႀကီးေတြဘက္က သတိရွိဖို႔ေလးတစ္ခု ဘုန္းႀကီးေျပာခ်င္ပါတယ္.. ဆြမ္းေလာင္းၿပီးရင္ သံဃာ့ဂုဏ္ရည္ကိုရည္ၫႊန္းၿပီး သံဃာေတာ္ဟူေသာ အမွတ္သညာျဖင့္ေလာင္းလႉရင္ ဘာမွမျဖစ္ပါဘူး.. သို႔ေသာ္ ပါးစပ္ကလည္း “သံဃႆ ေဒမ”ဆိုၿပီး ဆိုလိုက္ေသးတယ္.. “သံဃ ႆ ေဒမ”ဆိုတဲ့ပစၥည္းသည္ ဝိနည္းေၾကာင္းအရ ဘယ္လိုျဖစ္လာလဲ?..

ဝိနည္းေဒသနာေတာ္ဘက္ေရာက္လာလွ်င္ အလႉရွင္ႏႈတ္က ေျပာဆိုေသာစကားသည္သာလွ်င္ ပမာဏျဖစ္တယ္.. အလႉရွင္က”သံဃ ႆ ေဒမ”လို႔ေျပာလႉလွ်င္ သူလႉလိုက္တဲ့ “သံဃ ႆ ေဒမ”က မုန႔္ေလးတစ္ပြဲပဲ.. အဲဒီမုန႔္ေလးတစ္ပြဲကို ႐ြာထဲမွာျဖစ္ခဲ့မယ္ဆိုလွ်င္ တစ္ဆယ့္ႏွစ္ေတာင္အတြင္းမွာ အျခားသံဃာမရွိေသးဘူးဆိုလွ်င္ အဲ့ခ်ိန္အခါမွာ အလႉခံရေသာသံဃာက”ဤပစၥည္းသည္ ငါ့အားေရာက္၏”ဟု အဓိ႒ာန္ရပါတယ္..ဒီလိုဆိုလွ်င္ သူစားထိုက္ပါတယ္.. တစ္ဆယ့္ႏွစ္ေတာင္အတြင္းမွာ အျခားသံဃာက ရွိေနခဲ့လွ်င္အဲ့ဒီသံဃာကို ခြဲျခားေဝဖန္မႈမျပဳခဲ့ပဲ ဒီရဟန္းေတာ္ကစားလိုက္လွ်င္သံဃိကပစၥည္းကို မတရားသုံးစြဲသည္မည္ပါတယ္.. ဒါက အာပတ္သင့္႐ုံတင္မကဘူး အဲဒီမုန႔္က ပါရာဇိကက်ႏိုင္ေလာက္ေအာင္ တန္ဖိုးရွိခဲ့လွ်င္ ဒီရဟန္းေတာ္က အဲ့ဒီရဟန္းေတာ္က အဲ့ဒီေနရာတြင္ပင္ ပါရာဇိကက်ႏိုင္ပါတယ္..

ေနာက္တစ္ခု ေက်ာင္းဝန္းအတြင္း”သံဃ ႆ ေဒမ”လို႔ဆိုၿပီး အလႉရွင္က လႉတယ္.. ဒါဆိုေက်ာင္းတိုက္အတြင္း သံဃာငါးရာရွိလွ်င္ ငါးရာလုံးကိုရတဲ့သံဃာက လိုက္ၿပီးခြဲေဝရမွာျဖစ္တယ္.. ျဖစ္ပါ့မလား..စဥ္းစားၾကည့္..ဘယ္ကိုယ္ေတာ္က ဘယ္ႂကြမွန္းမသိ သူလႉတဲ့မုန႔္ကို အပုံငါးရာေက်ာ္ပုံဖို႔လည္း အခ်ိန္ရွိဦးမလား.. အဲ့ဒါေၾကာင့္ နည္းနည္းလည္းစဥ္းစားၾကည့္..ဘယ္သူကမ်ား သင္ေပးလိုက္လဲမသိဘူး..

ဒီအစဥ္အလာက ဆြမ္းေလာင္းတဲ့အခါ “သံဃ ႆ ေဒမ”တဲ့..ရင္းႏွီးတဲ့သူေတြဆိုလွ်င္ေတာ့ “ဒကာႀကီးျပန္ယူသြား ဘုန္းႀကီးမေဝႏိုင္ဘူး”ဆိုၿပီး ရွင္းရွင္းပဲေျပာလိုက္တယ္.. ဒါက သံဃာ့ဂုဏ္ကို အာ႐ုံျပဳၿပီးသာ လႉဒါန္းရမွာျဖစ္ပါတယ္..”သံဃ ႆ ေဒမ”လို႔ ႏႈတ္ကေျပာဆို လႉဒါန္းရမယ့္ လုပ္ငန္းခြင္မဟုတ္ပါဘူး.. “သံဃ ႆ ေဒမ”လို႔ေျပာဆိုလႉဒါန္းတဲ့ အျခားအျခားေသာပစၥည္းျဖစ္ခဲ့လွ်င္ သံဃာ့ေရးရာဘ႑ာထိန္းတဲ့ဌာနကို ေဝဖန္ႏိုင္ရန္အလို႔ငွာ ပို႔ေပးလိုက္ပါတယ္.. ဒီေတာ့ေျပာခ်င္တာက လႉဒါန္းတဲ့ေနရာမွာ သတိေတာ့ရွိၾကပါ.. ။

Credit:ဖားေအာက္ေတာရဆရာေတာ္ဘုရားႀကီး #

 

Unicodeဖြင့်ဖတ်ရန်

 

“သံဃ ဿ ဒေမ”လို့ ပြောလှူတဲ့ အလှူရှင်များသိစေရန်”

 

ဒကာကြီး ဒကာမကြီးတွေဘက်က သတိရှိဖို့လေးတစ်ခု ဘုန်းကြီးပြောချင်ပါတယ်.. ဆွမ်းလောင်းပြီးရင် သံဃာ့ဂုဏ်ရည်ကိုရည်ညွှန်းပြီး သံဃာတော်ဟူသော အမှတ်သညာဖြင့်လောင်းလှူရင် ဘာမှမဖြစ်ပါဘူး.. သို့သော် ပါးစပ်ကလည်း “သံဃဿ ဒေမ”ဆိုပြီး ဆိုလိုက်သေးတယ်.. “သံဃ ဿ ဒေမ”ဆိုတဲ့ပစ္စည်းသည် ဝိနည်းကြောင်းအရ ဘယ်လိုဖြစ်လာလဲ?..

ဝိနည်းဒေသနာတော်ဘက်ရောက်လာလျှင် အလှူရှင်နှုတ်က ပြောဆိုသောစကားသည်သာလျှင် ပမာဏဖြစ်တယ်.. အလှူရှင်က”သံဃ ဿ ဒေမ”လို့ပြောလှူလျှင် သူလှူလိုက်တဲ့ “သံဃ ဿ ဒေမ”က မုန့်လေးတစ်ပွဲပဲ.. အဲဒီမုန့်လေးတစ်ပွဲကို ရွာထဲမှာဖြစ်ခဲ့မယ်ဆိုလျှင် တစ်ဆယ့်နှစ်တောင်အတွင်းမှာ အခြားသံဃာမရှိသေးဘူးဆိုလျှင် အဲ့ချိန်အခါမှာ အလှူခံရသောသံဃာက”ဤပစ္စည်းသည် ငါ့အားရောက်၏”ဟု အဓိဋ္ဌာန်ရပါတယ်..ဒီလိုဆိုလျှင် သူစားထိုက်ပါတယ်.. တစ်ဆယ့်နှစ်တောင်အတွင်းမှာ အခြားသံဃာက ရှိနေခဲ့လျှင်အဲ့ဒီသံဃာကို ခွဲခြားဝေဖန်မှုမပြုခဲ့ပဲ ဒီရဟန်းတော်ကစားလိုက်လျှင်သံဃိကပစ္စည်းကို မတရားသုံးစွဲသည်မည်ပါတယ်.. ဒါက အာပတ်သင့်ရုံတင်မကဘူး အဲဒီမုန့်က ပါရာဇိကကျနိုင်လောက်အောင် တန်ဖိုးရှိခဲ့လျှင် ဒီရဟန်းတော်က အဲ့ဒီရဟန်းတော်က အဲ့ဒီနေရာတွင်ပင် ပါရာဇိကကျနိုင်ပါတယ်..

နောက်တစ်ခု ကျောင်းဝန်းအတွင်း”သံဃ ဿ ဒေမ”လို့ဆိုပြီး အလှူရှင်က လှူတယ်.. ဒါဆိုကျောင်းတိုက်အတွင်း သံဃာငါးရာရှိလျှင် ငါးရာလုံးကိုရတဲ့သံဃာက လိုက်ပြီးခွဲဝေရမှာဖြစ်တယ်.. ဖြစ်ပါ့မလား..စဉ်းစားကြည့်..ဘယ်ကိုယ်တော်က ဘယ်ကြွမှန်းမသိ သူလှူတဲ့မုန့်ကို အပုံငါးရာကျော်ပုံဖို့လည်း အချိန်ရှိဦးမလား.. အဲ့ဒါကြောင့် နည်းနည်းလည်းစဉ်းစားကြည့်..ဘယ်သူကများ သင်ပေးလိုက်လဲမသိဘူး..

ဒီအစဉ်အလာက ဆွမ်းလောင်းတဲ့အခါ “သံဃ ဿ ဒေမ”တဲ့..ရင်းနှီးတဲ့သူတွေဆိုလျှင်တော့ “ဒကာကြီးပြန်ယူသွား ဘုန်းကြီးမဝေနိုင်ဘူး”ဆိုပြီး ရှင်းရှင်းပဲပြောလိုက်တယ်.. ဒါက သံဃာ့ဂုဏ်ကို အာရုံပြုပြီးသာ လှူဒါန်းရမှာဖြစ်ပါတယ်..”သံဃ ဿ ဒေမ”လို့ နှုတ်ကပြောဆို လှူဒါန်းရမယ့် လုပ်ငန်းခွင်မဟုတ်ပါဘူး.. “သံဃ ဿ ဒေမ”လို့ပြောဆိုလှူဒါန်းတဲ့ အခြားအခြားသောပစ္စည်းဖြစ်ခဲ့လျှင် သံဃာ့ရေးရာဘဏ္ဍာထိန်းတဲ့ဌာနကို ဝေဖန်နိုင်ရန်အလို့ငှာ ပို့ပေးလိုက်ပါတယ်.. ဒီတော့ပြောချင်တာက လှူဒါန်းတဲ့နေရာမှာ သတိတော့ရှိကြပါ.. ။

Credit:ဖားအောက်တောရဆရာတော်ဘုရားကြီး #