Zawgyiျဖင့္ဖတ္ရန္

 

“မ” ဖ်က္ရင္ ျပည္ပ်က္တယ္

ဒီစကားပုံကို လူေတာ္ေတာ္မ်ားမ်ားက”မိန္းမ” ဖ်က္ရင္ ျပည္ပ်က္မယ္လို႔ ဆိုလိုတယ္ထင္မွတ္ေနၾကတာ။

ဒီစကားပုံ ဘာေၾကာင့္ေျပာလဲ ?ပါခ်ဳပ္ဆရာေတာ္ႀကီး Dr နႏၵမာလာ ဘိဝံသရွင္းတမ္းေလးမွာ မိန႔္ၾကားေတာ္မူပါတယ္။

မိန္းမ ဖ်က္လို႔ ျပည္မပ်က္ပါဘူး မ- ဖ်က္ရင္သာ ျပည္ပ်က္တာပါ

“မ”ဖ်က္ရင္ ျပည္ပ်က္မယ္ဆိုတဲ့စကားကိုလူမွန္းသိစတဲက ၾကားဘူးပါတယ္။

ဥပေဒတခု ေရးဆြဲၾကမယ္ဆိုရင္တားျမစ္ခ်က္ ၊ လိုက္နာေဆာင္႐ြက္ရမည့္ စည္းကမ္းစသျဖင့္ က်င့္သုံးစရာ လိုက္နာစရာ ေတြရွိပါလိမ့္မယ္။

ထိုအခါမွာ ဥပေဒအရ ျဖစ္ေစ၊အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ သတိေပးစရာ၊လုပ္ေဆာင္ခြင့္မျပဳသင့္တာမွန္သမွ် “မ” အကၡရာျဖင့္ တားျမစ္ေရးသားတာရွိပါတယ္။

ဥပမာငါး မဖမ္းရ၊ ေရ မကူးရ၊ဥပေဒကို မခ်ိဳးေဖာက္ရ၊ မေကာင္းတာ မလုပ္ရ၊သစ္ပင္ မခုတ္ရ၊ ေဆးလိပ္ မေသာက္ရ၊ အမ်ားႀကီးပါ။

ဒါကို ဥပေဒခ်ိဳးေဖာက္ခ်င္တဲ့သူက “မ” အကၡရာကိုဖ်က္ၿပီးကိုယ္လုပ္ခ်င္တာ လုပ္ၾကမယ္ဆိုရင္ စည္းကမ္းလိုက္နာမႈမရွိဘဲ ခ်မွတ္ထားတဲ့ဥပေဒေတြဟာ အလဟႆျဖစ္ေတာ့မွာ ျဖစ္တဲ့အတြက္ ေနာက္ဆုံး တိုင္းျပည္ပါပ်က္စီးႏိုင္လို႔

‘မ’ ကိုမဖ်က္ၾကပါရန္ေရွးျမန္မာစာဆိုႀကီးေတြရဲ႕အဆို အမိန႔္ျဖစ္ပါတယ္။

ဆရာေတာ္ဘုရားႀကီးအားအလြန္ေက်းဇူးတင္အပ္ပါတယ္။

(26,5,2017 မြန္းလြဲပိုင္း ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး ကိုယ္ေတာ္တိုင္MRTV 4 မဟာေဗာဓိ႐ုပ္သံ လိုင္းမွ တရားေဟာၾကားစဥ္ ထဲ့သြင္းေဟာၾကားခဲ့ျခင္းျဖစ္ပါတယ္)

Credit – ( အရွင္ ဓမၼပါလ )

 

Unicodeဖြင့်ဖတ်ရန်

 

“မ” ဖျက်ရင် ပြည်ပျက်တယ်…ဆိုတာနဲ့ပတ်သက်ပြီး… . ဆရာတော်ကြီးမိန့်ပြီ….

 

“မ” ဖျက်ရင် ပြည်ပျက်တယ်

ဒီစကားပုံကို လူတော်တော်များများက”မိန်းမ” ဖျက်ရင် ပြည်ပျက်မယ်လို့ ဆိုလိုတယ်ထင်မှတ်နေကြတာ။

ဒီစကားပုံ ဘာကြောင့်ပြောလဲ ?ပါချုပ်ဆရာတော်ကြီး Dr နန္ဒမာလာ ဘိဝံသရှင်းတမ်းလေးမှာ မိန့်ကြားတော်မူပါတယ်။

မိန်းမ ဖျက်လို့ ပြည်မပျက်ပါဘူး မ- ဖျက်ရင်သာ ပြည်ပျက်တာပါ

“မ”ဖျက်ရင် ပြည်ပျက်မယ်ဆိုတဲ့စကားကိုလူမှန်းသိစတဲက ကြားဘူးပါတယ်။

ဥပဒေတခု ရေးဆွဲကြမယ်ဆိုရင်တားမြစ်ချက် ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းစသဖြင့် ကျင့်သုံးစရာ လိုက်နာစရာ တွေရှိပါလိမ့်မယ်။

ထိုအခါမှာ ဥပဒေအရ ဖြစ်စေ၊အန္တရာယ်ဖြစ်စေနိုင်တဲ့ သတိပေးစရာ၊လုပ်ဆောင်ခွင့်မပြုသင့်တာမှန်သမျှ “မ” အက္ခရာဖြင့် တားမြစ်ရေးသားတာရှိပါတယ်။

ဥပမာငါး မဖမ်းရ၊ ရေ မကူးရ၊ဥပဒေကို မချိုးဖောက်ရ၊ မကောင်းတာ မလုပ်ရ၊သစ်ပင် မခုတ်ရ၊ ဆေးလိပ် မသောက်ရ၊ အများကြီးပါ။

ဒါကို ဥပဒေချိုးဖောက်ချင်တဲ့သူက “မ” အက္ခရာကိုဖျက်ပြီးကိုယ်လုပ်ချင်တာ လုပ်ကြမယ်ဆိုရင် စည်းကမ်းလိုက်နာမှုမရှိဘဲ ချမှတ်ထားတဲ့ဥပဒေတွေဟာ အလဟဿဖြစ်တော့မှာ ဖြစ်တဲ့အတွက် နောက်ဆုံး တိုင်းပြည်ပါပျက်စီးနိုင်လို့

‘မ’ ကိုမဖျက်ကြပါရန်ရှေးမြန်မာစာဆိုကြီးတွေရဲ့အဆို အမိန့်ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးအားအလွန်ကျေးဇူးတင်အပ်ပါတယ်။

(26,5,2017 မွန်းလွဲပိုင်း ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်MRTV 4 မဟာဗောဓိရုပ်သံ လိုင်းမှ တရားဟောကြားစဉ် ထဲ့သွင်းဟောကြားခဲ့ခြင်းဖြစ်ပါတယ်)

Credit – ( အရှင် ဓမ္မပါလ )