Zawgyiျဖင့္ဖတ္ရန္

 

အေမရိကန္ႏွင့္ ဥေရာပႏိုင္ငံမ်ားက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံအေပၚ ေဝဖန္သံက်ယ္ေလာင္ေနခ်ိန္တြင္ ဂ်ပန္က ကူညီေထာက္ပံ့မႈမ်ား ဆက္လက္ေပးအပ္သြားမည္ျဖစ္သည္။

ထိုသို႔ ကူညီေထာက္ပံ့ေပးျခင္းျဖင့္ ေဒသတြင္းႏိုင္ငံမ်ား တ႐ုတ္အေပၚစီးပြားေရးအရ အားကိုးအားထားေနရျခင္းကို ေလ်ာ့ခ်၍ ဂ်ပန္၏ၾသဇာလႊမ္းမိုးမႈကို ထိန္းသိမ္းထားရန္ျဖစ္သည္။

နယူးေယာ့ခ္ၿမိဳ႕တြင္ ျပဳလုပ္က်င္းပခဲ့သည့္ ကုလသမဂၢအေထြေထြညီလာခံအစည္းအေဝး၌ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ပန္ႏွင့္ အျခားႏိုင္ငံမ်ားက ရခိုင္ျပည္နယ္အေရးႏွင့္ပတ္သက္၍ စက္တင္ဘာ ၂၄ ရက္တြင္ အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကရာ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး တာ႐ိုကိုႏိုက အျခားႏိုင္ငံမ်ား၏သေဘာထားႏွင့္ဆန႔္က်င္၍ ျမန္မာႏိုင္ငံကို ဆက္လက္ အားေပးေထာက္ပံ့သင့္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

“ျမန္မာႏိုင္ငံ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈက အခုမွအစပဲရွိပါေသးတယ္။ သူတို႔ စစ္အုပ္ခ်ဳပ္ေရးစနစ္ကို ျပန္မသြားဖို႔အတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ျမန္မာအစိုးရကို ေထာက္ပံ့အားေပးသင့္တယ္”ဟု တာ႐ိုကိုႏိုက ေျပာခဲ့သည္။

ရခိုင္ျပည္နယ္တြင္ျဖစ္ပြားခဲ့ေသာ ပဋိပကၡျဖစ္စဥ္မ်ားတြင္ ျမန္မာ့တပ္မေတာ္က လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ား က်ဴးလြန္ခဲ့ေၾကာင္း ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးအဖြဲ႕၏ အစီရင္ခံစာတြင္ေဖာ္ျပခဲ့ၿပီး အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ စက္တင္ဘာ ၂၄ အစီရင္ခံတြင္ တပ္မေတာ္သည္ ရခိုင္ျပည္နယ္အတြင္းမွ လူနည္းစုမ်ားကို ေမာင္းထုတ္ရန္အတြက္ စနစ္တက် အစီအစဥ္ခ် လုပ္ေဆာင္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ရခိုင္ျပည္နယ္ျပႆနာကို ေျပလည္ေအာင္မေျဖရွင္းႏိုင္ျခင္းေၾကာင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းက ေဒၚေအာင္ဆန္းစုၾကည္ကို ျပစ္တင္ေဝဖန္ေနခ်ိန္တြင္ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးက ျပစ္တင္ရႈတ္ခ်ရန္ျငင္းပယ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ယခုႏွစ္အတြင္း သုံးႀကိမ္တိုင္တိုင္ ေတြ႕ဆုံခဲ့သည္။ ယခုႏွစ္ ဇန္နဝါရီလအတြင္းက ပထမဆုံးအႀကိမ္လာေရာက္ခဲ့ၿပီး လူသားခ်င္းစာနေထာက္ထားမႈဆိုင္ရာကူညီေထာက္ပံ့မႈအျဖစ္ ေဒၚလာ သန္း ၂၀ ေပးအပ္မည့္အစီအစဥ္ကို ထုတ္ေဖာ္ေၾကညာခဲ့သည္။ ထို႔ျပင္ ရခိုင္ျပည္နယ္တြင္ျဖစ္ေပၚခဲ့ေသာ ခ်ိဳးေဖာက္မႈႏွင့္ပတ္သက္၍ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္တြင္လည္း ဂ်ပန္ႏိုင္ငံက ပါဝင္ေဆာင္႐ြက္လ်က္ရွိသည္။

ၿပီးခဲ့သည့္ ဧၿပီလအတြင္းကက်င္းပျပဳလုပ္သည့္ G7 အစည္းအေဝးအတြင္း အျခားႏိုင္ငံျခားေရးဝန္ႀကီးမ်ားႏွင့္ေတြ႕ဆုံစဥ္တြင္လည္း တာ႐ိုကိုႏိုက ၎အေနျဖင့္ ရခိုင္ျပည္နယ္ျပႆနာကို ေကာင္းမြန္စြာကိုင္တြယ္ေျဖရွင္းရန္ နားခ်ေျပာဆိုမည္ဟု ေျပာဆိုခဲ့သည္။

အဆိုပါေတြ႕ဆုံမႈႏွင့္ပတ္သက္၍ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အရာရွိတဦးက “က်န္တဲ့ေျခာက္ႏိုင္ငံကတဖက္ ကြၽန္ေတာ္တို႔ကတဖက္ အဲဒီလိုကိုျဖစ္ခဲ့တာ”ဟု ေျပာသည္။

ယခုသီတင္းပတ္အတြင္း က်င္းပျပဳလုပ္ခဲ့သည့္ မဲေခါင္-ဂ်ပန္ထိပ္သီးအစည္းေဝးပြဲတြင္လည္း ျမန္မာႏိုင္ငံကို အတက္ႏိုင္ဆုံးကူညီေထာက္ပံ့မည္ျဖစ္ေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘက ေဒၚေအာင္ဆန္းစုၾကည္အား ေျပာခဲ့သည္။

“ဂ်ပန္ရဲ႕ ပုဂၢလိက၊ အစိုးရက႑ပိုင္းအေနနဲ႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အစြမ္းကုန္ကူညီသြားမယ္”ဟု ၎က ေဒၚေအာင္ဆန္းစုၾကည္အား ေျပာခဲ့သည္။

ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ ဂ်ပန္၏လတ္တေလာသေဘာထားမ်ားမွာ ယခင္ႏွင့္မတူ ထူးျခားေနသည္။ ဂ်ပန္အစိုးရသည္ သာမန္အားျဖင့္ လူ႔အခြင့္အေရး၊ တရားဥပေဒ စိုးမိုးေရးမ်ားႏွင့္ပတ္သက္လွ်င္ တ႐ုတ္ႏွင့္ဆန႔္က်င္၍ အေနာက္ႏိုင္ငံမ်ားႏွင့္တသားတည္းရွိေနတတ္သည္။ သို႔ေသာ္ အေရွ႕ေတာင္အာရွတြင္ တ႐ုတ္ၾသဇာလႊမ္းမိုးမႈ ႀကီးထြားလာေနျခင္းကတိုက်ိဳအေနျဖင့္ ဗ်ဳဟာေျပာင္းလဲေရးအတြက္ တြန္းအားျဖစ္ခဲ့သည္။

တ႐ုတ္၏ ၂၁ ရာစုပိုလမ္းမခါးပတ္လမ္းေၾကာင္းတြင္ ျမန္မာႏိုင္ငံသည္ အေရးပါသည့္ ကုန္းေျမခ်ိတ္ဆက္မႈတခုျဖစ္သည္။ ျမန္မာသည္ တ႐ုတ္အတြက္ ဘဂၤလားပင္လယ္ေအာ္ထြက္ေပါက္လမ္းလည္းျဖစ္သည္။ အေရွ႕အလယ္ပိုင္းမွ ေရနံႏွင့္သဘာဝဓါတ္ေငြ႕မ်ားကို ေက်ာက္ျဖဴမွတဆင့္ ယူနန္ျပည္နယ္သို႔ ပိုက္လိုင္းသြယ္တန္း၍ တင္ပို႔လ်က္ရွိသည္။

ထိုစဥ္အတြင္း ဂ်ပန္အေနႏွင့္ ေရနံႏွင့္သဘာဝဓတ္ေငြ႕တင္ပို႔မႈကို ျမန္မာႏွင့္ ကေမာၻဒီယားေရပိုင္နက္မ်ားကိုျဖတ္၍ ပင္လယ္လမ္းေၾကာင္းျဖင့္ တင္ပို႔လ်က္ရွိသည္။ သို႔ျဖစ္၍ အာဆီယံေဒသသည္ ဂ်ပန္ႏိုင္ငံအတြက္လည္း စီးပြားေရးႏွင့္ အမ်ိဳးသားလုံၿခဳံေရးတြင္ အေရးပါသည့္ေဒသျဖစ္သည္။

ဂ်ပန္အေနျဖင့္ အာဆီယံေဒသတြင္းၾသဇာလႊမ္းမိုးမႈတြင္ တ႐ုတ္ကိုေက်ာ္လႊားႏိုင္ဖြယ္မရွိသည္ျဖစ္ရာ ျမန္မာ၊ ကေမာၻဒီယားကဲ့သို႔ေသာႏိုင္ငံမ်ားအတြက္ ရပ္တည္ေပးေနျခင္းမွာ ဂ်ပန္အတြက္ ႏိုင္ငံေရးစြန႔္စားမႈျဖစ္သည္။ ႀကိဳးစားပင္ႀကိဳးစားေသာ္ျငား အဆိုပါႏိုင္ငံမ်ားအေနျဖင့္ တ႐ုတ္ဘက္သို႔ ပို၍တိမ္းၫႊတ္ေနဦးမည္ျဖစ္သည္။

ဂ်ပန္၏လတ္တေလာရပ္တည္မႈအတြင္း အေနာက္ႏိုင္ငံမွသံတမန္မ်ားက ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ မၾကာခဏ ေမးခြန္းထုတ္ေလ့ရွိသည္။

“အေနာက္အုပ္စုက ကြၽန္ေတာ္တို႔ကို မ်က္ေမွာင္ၾကဳတ္ၾကည့္ေနေစဦးေတာ့ (အဲဒီေဒသမွာ) တ႐ုတ္တႏိုင္ငံတည္း အက်ိဳးအျမတ္ထြက္ေနတာကိုေတာ့ ဒီအတိုင္းၾကည့္ေနတာထက္စာရင္ေတာ့ ပိုေကာင္းပါတယ္”ဟု ဂ်ပန္အစိုးရအရာရွိတဦးက ေျပာသည္။

Ref;Nikkei Asian Review

Credit: Duwun

 

Unicodeဖြင့်ဖတ်ရန်

 

မြန်မာကို အနောက်အုပ်စုကျောခိုင်းသွားချိန် ဂျပန်က အစွမ်းကုန်ကူညီမည်

 

အမေရိကန်နှင့် ဥရောပနိုင်ငံများက လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဝေဖန်သံကျယ်လောင်နေချိန်တွင် ဂျပန်က ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။

ထိုသို့ ကူညီထောက်ပံ့ပေးခြင်းဖြင့် ဒေသတွင်းနိုင်ငံများ တရုတ်အပေါ်စီးပွားရေးအရ အားကိုးအားထားနေရခြင်းကို လျော့ချ၍ ဂျပန်၏သြဇာလွှမ်းမိုးမှုကို ထိန်းသိမ်းထားရန်ဖြစ်သည်။

နယူးယော့ခ်မြို့တွင် ပြုလုပ်ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေး၌ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်နှင့် အခြားနိုင်ငံများက ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ စက်တင်ဘာ ၂၄ ရက်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြရာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက အခြားနိုင်ငံများ၏သဘောထားနှင့်ဆန့်ကျင်၍ မြန်မာနိုင်ငံကို ဆက်လက် အားပေးထောက်ပံ့သင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုက အခုမှအစပဲရှိပါသေးတယ်။ သူတို့ စစ်အုပ်ချုပ်ရေးစနစ်ကို ပြန်မသွားဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရကို ထောက်ပံ့အားပေးသင့်တယ်”ဟု တာရိုကိုနိုက ပြောခဲ့သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များတွင် မြန်မာ့တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၂၄ အစီရင်ခံတွင် တပ်မတော်သည် ရခိုင်ပြည်နယ်အတွင်းမှ လူနည်းစုများကို မောင်းထုတ်ရန်အတွက် စနစ်တကျ အစီအစဉ်ချ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ပြဿနာကို ပြေလည်အောင်မဖြေရှင်းနိုင်ခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်နေချိန်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင်ရှုတ်ချရန်ငြင်းပယ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုနှစ်အတွင်း သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သည်။ ယခုနှစ် ဇန်နဝါရီလအတွင်းက ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီး လူသားချင်းစာနထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့မှုအဖြစ် ဒေါ်လာ သန်း ၂၀ ပေးအပ်မည့်အစီအစဉ်ကို ထုတ်ဖော်ကြေညာခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သော ချိုးဖောက်မှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တွင်လည်း ဂျပန်နိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကကျင်းပပြုလုပ်သည့် G7 အစည်းအဝေးအတွင်း အခြားနိုင်ငံခြားရေးဝန်ကြီးများနှင့်တွေ့ဆုံစဉ်တွင်လည်း တာရိုကိုနိုက ၎င်းအနေဖြင့် ရခိုင်ပြည်နယ်ပြဿနာကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းရန် နားချပြောဆိုမည်ဟု ပြောဆိုခဲ့သည်။

အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတဦးက “ကျန်တဲ့ခြောက်နိုင်ငံကတဖက် ကျွန်တော်တို့ကတဖက် အဲဒီလိုကိုဖြစ်ခဲ့တာ”ဟု ပြောသည်။

ယခုသီတင်းပတ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဲခေါင်-ဂျပန်ထိပ်သီးအစည်းဝေးပွဲတွင်လည်း မြန်မာနိုင်ငံကို အတက်နိုင်ဆုံးကူညီထောက်ပံ့မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေက ဒေါ်အောင်ဆန်းစုကြည်အား ပြောခဲ့သည်။

“ဂျပန်ရဲ့ ပုဂ္ဂလိက၊ အစိုးရကဏ္ဍပိုင်းအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကူညီသွားမယ်”ဟု ၎င်းက ဒေါ်အောင်ဆန်းစုကြည်အား ပြောခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဂျပန်၏လတ်တလောသဘောထားများမှာ ယခင်နှင့်မတူ ထူးခြားနေသည်။ ဂျပန်အစိုးရသည် သာမန်အားဖြင့် လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးများနှင့်ပတ်သက်လျှင် တရုတ်နှင့်ဆန့်ကျင်၍ အနောက်နိုင်ငံများနှင့်တသားတည်းရှိနေတတ်သည်။ သို့သော် အရှေ့တောင်အာရှတွင် တရုတ်သြဇာလွှမ်းမိုးမှု ကြီးထွားလာနေခြင်းကတိုကျိုအနေဖြင့် ဗျုဟာပြောင်းလဲရေးအတွက် တွန်းအားဖြစ်ခဲ့သည်။

တရုတ်၏ ၂၁ ရာစုပိုလမ်းမခါးပတ်လမ်းကြောင်းတွင် မြန်မာနိုင်ငံသည် အရေးပါသည့် ကုန်းမြေချိတ်ဆက်မှုတခုဖြစ်သည်။ မြန်မာသည် တရုတ်အတွက် ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်လမ်းလည်းဖြစ်သည်။ အရှေ့အလယ်ပိုင်းမှ ရေနံနှင့်သဘာဝဓါတ်ငွေ့များကို ကျောက်ဖြူမှတဆင့် ယူနန်ပြည်နယ်သို့ ပိုက်လိုင်းသွယ်တန်း၍ တင်ပို့လျက်ရှိသည်။

ထိုစဉ်အတွင်း ဂျပန်အနေနှင့် ရေနံနှင့်သဘာဝဓတ်ငွေ့တင်ပို့မှုကို မြန်မာနှင့် ကမ္ဘောဒီယားရေပိုင်နက်များကိုဖြတ်၍ ပင်လယ်လမ်းကြောင်းဖြင့် တင်ပို့လျက်ရှိသည်။ သို့ဖြစ်၍ အာဆီယံဒေသသည် ဂျပန်နိုင်ငံအတွက်လည်း စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးတွင် အရေးပါသည့်ဒေသဖြစ်သည်။

ဂျပန်အနေဖြင့် အာဆီယံဒေသတွင်းသြဇာလွှမ်းမိုးမှုတွင် တရုတ်ကိုကျော်လွှားနိုင်ဖွယ်မရှိသည်ဖြစ်ရာ မြန်မာ၊ ကမ္ဘောဒီယားကဲ့သို့သောနိုင်ငံများအတွက် ရပ်တည်ပေးနေခြင်းမှာ ဂျပန်အတွက် နိုင်ငံရေးစွန့်စားမှုဖြစ်သည်။ ကြိုးစားပင်ကြိုးစားသော်ငြား အဆိုပါနိုင်ငံများအနေဖြင့် တရုတ်ဘက်သို့ ပို၍တိမ်းညွှတ်နေဦးမည်ဖြစ်သည်။

ဂျပန်၏လတ်တလောရပ်တည်မှုအတွင်း အနောက်နိုင်ငံမှသံတမန်များက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မကြာခဏ မေးခွန်းထုတ်လေ့ရှိသည်။

“အနောက်အုပ်စုက ကျွန်တော်တို့ကို မျက်မှောင်ကြုတ်ကြည့်နေစေဦးတော့ (အဲဒီဒေသမှာ) တရုတ်တနိုင်ငံတည်း အကျိုးအမြတ်ထွက်နေတာကိုတော့ ဒီအတိုင်းကြည့်နေတာထက်စာရင်တော့ ပိုကောင်းပါတယ်”ဟု ဂျပန်အစိုးရအရာရှိတဦးက ပြောသည်။

Ref;Nikkei Asian Review

Credit: Duwun