Zawgyiဖြင့်ဖတ်ရန်

 






Credit:Myint Myat


 

Unicodeဖြင့်ဖတ်ရန်

 

နေမကောင်းတဲ့ချစ်သူလေးကို ပုံပြင်ပြောချော့သိပ်ရင်း သူအရင်အိပ်ပျော်သွားတဲ့ G fatt

 

ပရိသတ်တွေအရမ်းချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ G Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူနှစ်ဦးကတော့ တစ်ဦးအပေါ်တစ်ဦး ကြင်ကြင်နာနာနဲ့ တွေ့ရလေ့ရှိတာကြောင့် အားလုံးက အားကျရတဲ့ စုံတွဲလေး ဖြစ်နေတာပါ။ လတ်တလောမှာလည်း နန်းဆုလေးက နေမကောင်းဖြစ်နေတာကြောင့် G Fatt တစ်ယောက် ချစ်သူလေးကို အချိန်ပြည့် ဂရုစိုက်ပေးနေရတာပါ။ နန်းဆုကတော့ နေမကောင်းတဲ့ သူမကို ပုံပြင်ပြောပြီး ချော့သိပ်ရင်း အရင်အိပ်ပျော်သွားတဲ့ G Fatt ရဲ့အကြောင်းကို လူမှုကွန်ယက်မှာ ချစ်စနိုးနဲ့ တင်ထားတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်စရာကောင်းတဲ့ G Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အေးအတူ ပူအမျှ အမြဲရှိနေကြတဲ့ G Fatt တို့ရဲ့အချစ်ရေးကတော့ အရမ်းကို အေးချမ်းလွန်းပါတယ်နော်။

ချစ်သူကို ဆေးသောက်ဖို့ အတန်တန်မှာနေတဲ့ ချစ်တတ်လွန်းသူကြီး G Fatt

နေမကောင်းတဲ့ မမကို ပုံပြင်ပြောချော့သိပ်ရင်း အရင်အိပ်ပျော်သွားရှာတဲ့ G Fatt ကတော့ အရမ်းချစ်ဖို့ကောင်းတဲ့ ချစ်သူလေးပါပဲနော်…

အနုပညာကိုချစ်မြတ်နိုးတာချင်းတူတဲ့ G Fatt နဲ့ နန်းဆုကတော့ သီချင်းဗီဒီယိုတွေကို အတူဖန်တီးပြီး ပရိသတ်တွေကို ချပြလေ့ရှိပါတယ်။ တလောကမှ ထွက်ရှိထားတဲ့ နန်းဆုရဲ့ “မေမေဆူမှာစိုးလို့” သီချင်းလေးအတွက်ကိုလည်း G Fatt က အစအဆုံး စိတ်နှစ်ပြီး ကူညီပေးခဲ့တာပါတဲ့နော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား သံယောဇဉ်တွေ အချစ်တွေ ပိုပိုပြီးတိုးလာတဲ့ G Fatt နဲ့ နန်းဆုတို့စုံတွဲလေးကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit:Myint Myat

Source:Nansu Yati Soe’s Facebook