Zawgyiျဖင့္ဖတ္ရန္

 

YBS ေပၚမွာ ရဲက ခရီးသည္အေယာင္ေဆာင္ၿပီး လုိက္ပါေသာအခါ…

YBS ခရီးသည္ တင္ယာဥ္လိုင္းမ်ားေပၚတြင္လည္း ရဲတပ္ဖဲြ႕၀င္မ်ားက ခရီးသည္အသြင္ျဖင့္ လိုက္ပါစီးနင္းၿပီး ခါးပိုက္ႏိႈက္မႈ က်ဴးလြန္ သူမ်ားကို ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရွိရာ ေအာက္တိုဘာ ၁၆ ရက္တြင္ ခါးပိုက္ႏိႈက္မႈက်ဴးလြန္သူ ႏွစ္ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴးရံုး၊ အုပ္ခ်ဳပ္မႈဌာနခြဲမွ တပ္ဖဲြ႕၀င္မ်ား သည္ ၁၆.၁၀.၂၀၁၈ ရက္ေန႔ ေန႔လယ္ ၁၃၃၀ နာရီအခ်ိန္တြင္ ပန္းဘဲတန္းၿမိဳ႕နယ္၊ (၆)ရပ္ကြက္၊ ကုန္သည္လမ္းႏွင့္ လမ္း(၃၀)ေထာင့္ရွိ ကားမွတ္တိုင္ YBS ယာဥ္လိုင္းအမွတ္ (၅၆)ယာဥ္ေပၚမွ ဆင္းလာသည့္ မသကၤာသူ သဃၤန္းကြ်န္းၿမိဳ႕နယ္၊ သု၀ဏၰ၊ (က)ရပ္ကြက္၊ အာသာ၀တီလမ္းေန ခင္ေမာင္(ခ)စလင္း (ခ)မိုးဇက္၊(၅၄)ႏွစ္ႏွင့္ ေက်ာက္တံတားၿမိဳ႕နယ္၊ (၉)ရပ္ကြက္၊ လမ္း၄၀(ေအာက္)ေနသူတို႔အား ေတြ႕ရွိသျဖင့္ ထိန္းသိမ္းစစ္ေဆးရာ

ခင္ေမာင္(ခ)စလင္း(ခ)မိုးဇက္ လြယ္ထားသည့္ Laestat စာတန္းပါ အနက္ေရာင္ေဘးလြယ္အိတ္အတြင္းမွ ေငြက်ပ္ ၄၈၀၀၀ ႏွင့္ေဇာ္မင္းထြန္း (ခ)အီလီယက္ လြယ္ထားသည့္ အနက္ေရာင္ ဘယ္လြယ္အိတ္အတြင္းမွ ေငြက်ပ္ ၅၇၀၀၀ တို႔ကို ရွာေဖြေတြ႕ရွိရ၍ အဆိုပါေငြမ်ားႏွင့္ပတ္သက္၍ စစ္ေမးရာ ၎တို႔ ၂ ဦးသည္ YBS (၅၆)ယာဥ္အား လိုက္ပါစီးနင္းလာစဥ္ ပန္းဘဲတန္းၿမိဳ႕နယ္၊ ကုန္သည္လမ္း ႏွင့္လမ္း(၃၀)မွတ္တိုင္တြင္ ယာဥ္ေပၚပါ အသက္(၅၀)ႏွစ္ ခန္႔ရွိ

အမ်ိဳးသမီးတစ္ဦး လြယ္ထားသည့္ စလင္း ဘတ္အား ေဇာ္မင္းထြန္း(ခ)အီလီယက္မွ လူကာေပးၿပီး ခင္ေမာင္(ခ)စလင္း(ခ)မိုးဇက္မွ ဇစ္ဖြင့္၍ ေငြက်ပ္ ၅၇၀၀၀ အားႏိႈက္ၿပီး ၎ႏွင့္အတူပါလာသူေဇာ္မင္းထြန္း (ခ)အီလီယက္ထံ အပ္ထားခ့ဲၿပီး ေန႔လယ္ ၁၃၀၀ နာရီအခ်ိန္YBS (၅၆)ယာဥ္ေပၚပါ အသက္ ၄၀ႏွစ္ခန္႔ရွိ အမ်ိဳးသမီး တစ္ဦးလြယ္ထားသည့္ စလင္းဘတ္ အိတ္အား ေဇာ္မင္းထြန္း(ခ)အီလီယက္မွ လူကာေပးၿပီး ခင္ေမာင္(ခ) စလင္း(ခ)မိုဇက္မွဇစ္ဖြင့္၍ ေငြက်ပ္ ၄၈၀၀၀ အား အသီးသီးႏိႈက္ယူ ခ့ဲေၾကာင္း စစ္ေဆးေပၚေပါက္ခ့ဲေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါအမႈႏွင့္ပတ္သက္၍ ခင္ေမာင္(ခ)စလင္း(ခ)မိုးဇက္ ႏွင့္ ေဇာ္မင္းထြန္း(ခ)အီလီယက္တို႔ ၂ဦးအား ပန္းဘဲတန္း ၿမိဳ႕မ ရဲစခန္းတြင္ အမႈေရးဖြင့္ကာ အေရးယူေဆာင္ရြက္လ်က္ ရွိေၾကာင္းႏွင့္ ၎တို႔၂ဦးကို အျခား ခါးပိုက္ႏိႈက္ မႈမ်ား က်ဴးလြန္ထားျခင္း ရွိ မရွိ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့သည္။

Credit:The Ladies News

Unicodeဖြင့်ဖတ်ရန်

 

YBSပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ ခရီးသည်အသွင်ဖြင့် စီးနင်းပြီး ခါးပိုက်နှိုက်မှု ကျူးလွန်သူများကို ဖမ်းဆီး

 

YBS ပေါ်မှာ ရဲက ခရီးသည်အယောင်ဆောင်ပြီး လိုက်ပါသောအခါ…

YBS ခရီးသည် တင်ယာဉ်လိုင်းများပေါ်တွင်လည်း ရဲတပ်ဖွဲ့ဝင်များက ခရီးသည်အသွင်ဖြင့် လိုက်ပါစီးနင်းပြီး ခါးပိုက်နှိုက်မှု ကျူးလွန် သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၆ ရက်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူ နှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ သည် ၁၆.၁၀.၂၀၁၈ ရက်နေ့ နေ့လယ် ၁၃၃၀ နာရီအချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ (၆)ရပ်ကွက်၊ ကုန်သည်လမ်းနှင့် လမ်း(၃၀)ထောင့်ရှိ ကားမှတ်တိုင် YBS ယာဉ်လိုင်းအမှတ် (၅၆)ယာဉ်ပေါ်မှ ဆင်းလာသည့် မသင်္ကာသူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (က)ရပ်ကွက်၊ အာသာဝတီလမ်းနေ ခင်မောင်(ခ)စလင်း (ခ)မိုးဇက်၊(၅၄)နှစ်နှင့် ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက်၊ လမ်း၄၀(အောက်)နေသူတို့အား တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်ဆေးရာ

ခင်မောင်(ခ)စလင်း(ခ)မိုးဇက် လွယ်ထားသည့် Laestat စာတန်းပါ အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ ငွေကျပ် ၄၈၀၀၀ နှင့်ဇော်မင်းထွန်း (ခ)အီလီယက် လွယ်ထားသည့် အနက်ရောင် ဘယ်လွယ်အိတ်အတွင်းမှ ငွေကျပ် ၅၇၀၀၀ တို့ကို ရှာဖွေတွေ့ရှိရ၍ အဆိုပါငွေများနှင့်ပတ်သက်၍ စစ်မေးရာ ၎င်းတို့ ၂ ဦးသည် YBS (၅၆)ယာဉ်အား လိုက်ပါစီးနင်းလာစဉ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်း နှင့်လမ်း(၃၀)မှတ်တိုင်တွင် ယာဉ်ပေါ်ပါ အသက်(၅၀)နှစ် ခန့်ရှိ

အမျိုးသမီးတစ်ဦး လွယ်ထားသည့် စလင်း ဘတ်အား ဇော်မင်းထွန်း(ခ)အီလီယက်မှ လူကာပေးပြီး ခင်မောင်(ခ)စလင်း(ခ)မိုးဇက်မှ ဇစ်ဖွင့်၍ ငွေကျပ် ၅၇၀၀၀ အားနှိုက်ပြီး ၎င်းနှင့်အတူပါလာသူဇော်မင်းထွန်း (ခ)အီလီယက်ထံ အပ်ထားခဲ့ပြီး နေ့လယ် ၁၃၀၀ နာရီအချိန်YBS (၅၆)ယာဉ်ပေါ်ပါ အသက် ၄၀နှစ်ခန့်ရှိ အမျိုးသမီး တစ်ဦးလွယ်ထားသည့် စလင်းဘတ် အိတ်အား ဇော်မင်းထွန်း(ခ)အီလီယက်မှ လူကာပေးပြီး ခင်မောင်(ခ) စလင်း(ခ)မိုဇက်မှဇစ်ဖွင့်၍ ငွေကျပ် ၄၈၀၀၀ အား အသီးသီးနှိုက်ယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ခင်မောင်(ခ)စလင်း(ခ)မိုးဇက် နှင့် ဇော်မင်းထွန်း(ခ)အီလီယက်တို့ ၂ဦးအား ပန်းဘဲတန်း မြို့မ ရဲစခန်းတွင် အမှုရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက် ရှိကြောင်းနှင့် ၎င်းတို့၂ဦးကို အခြား ခါးပိုက်နှိုက် မှုများ ကျူးလွန်ထားခြင်း ရှိ မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

Credit:The Ladies News