Zawgyiျဖင့္ဖတ္ရန္

 

ကိုယ္​့ကိုတိုက္​ခိုက္​ရင္​ စိတ္​ဆိုးမာန္​ဆိုးျပန္​မတုန္ ​႔ျပန္​ပါနဲ႔​ေနာ္​။ မွားသြားလိမ္​့မယ္​။

အဲဒါသူတို႔ရဲ႕အကြက္​ထဲ ဝင္​သြားတာ။ ကိုယ္​တုန္​လႈပ္​ျပရင္​ သူတို႔က ဝမ္​းသာ​ေန​ေရာ။

အတိုက္​အခိုက္​မ်ား​ေနရင္​ တရားမထိုင္​တတ္​ရင္​ ဂုဏ္​​ေတာ္​မ်ားမ်ားပြားပါ။

သူတို႔ကိုလည္​း မရင္​့က်က္​သူမ်ားအျဖစ္​ သနား​ေပးပါ။

စကားထိပ္​တိုက္​မ​ေျပာျဖစ္​​ေအာင္​​ေရွာင္​ပါ။

ကိုယ္​့မ်က္​ႏွာမွာ မာန္​မရွိတာ ​ေသခ်ာပါ​ေစ။

ဥ​ေပကၡာထားႏိုင္​ပါတယ္​ဆိုၿပီး မ်က္​ႏွာမွာတင္​း​ေနရင္​ ​ေဒါသရွိ​ေနလို႔ပဲ။

မ်က္​ႏွာမွာ ​ေဒါသရိပ္​ တစ္​စက္​မွမရွိ​ေအာင္​ ႀကိဳးစားပါ။ ဖ်က္​ဆီးတဲ့သူဟာ တစ္​သက္​လံုးဖ်က္​ဆီးတတ္​တဲ့ အက်င္​့​ေဖ်ာက္​မွာမဟုတ္​ဘူး။

သူက အပါယ္​စာသက္​သက္​ပါ။ ခုဘဝ ခဏ​ေလးပဲသူစံရမွာ။ ​ေသတာနဲ႔ သူ႔ဇာတိ အပါယ္​မွာ အၾကာႀကီးျပန္​​ေန​ေတာ့မွာ။

ကိုယ္​့ကိုမ​ေကာင္​းႀကံၿပီဆို ​ေရွာင္​လို႔ရ​ေအာင္​​ေရွာင္​။ မရရင္​ စကားနဲ႔မတုန္​႔ျပန္​ပဲ တရားဥပ​ေဒအရ သို႔မဟုတ္​ တရားနည္​းလမ္​းအရပဲရင္​ဆိုင္​ပါ။

အကုသိုလ္​မယူခ်င္​ရင္​ ကိုယ္​့​ေရွ႕မွာ ျမင္​​ေနၾကား​ေန​ေပမဲ့ သူ႔ကို ​ေသၿပီးသား အပါယ္​က်​ေနရက္​သား

လူတစ္​​ေယာက္​အ​ေနနဲ႔ သ​ေဘာထားၿပီး ဥေပကၡာထားလိုက္​ပါ။

နာမည္​​ေတာင္​ ​ေခါင္​းထဲ မ​ေပၚပါ​ေစနဲ႔။

ဒါဘုန္​းႀကီးရဲ႕ တုံ႔ျပန္​နည္​းပါ။ အသံုးတည္​့မယ္​ဆို သံုးၾကည္​့ပါ။ ဘုန္​းႀကီးက​ေတာ့ ​ေအာင္​ျမင္​ၿပီးသားပါ။ အႀကိမ္​ႀကိမ္​​ေအာင္​ၿပီးပါၿပီ။

ကိုယ္​့ကုသိုလ္​စိတ္​ကိုပဲ အာရံုစိုက္​ပါ။

စကားမ်ားမ်ားမ​ေျပာနဲ႔။

လိုမွ လိုသ​ေလာက္​ပဲ​ေျပာ။ မွားဖို႔မ်ားတယ္​။

သိပ္​မခံစားနဲ႔​ေနာ္​။ မတန္​လို႔ပါ။

ကိုယ္​့က်န္​းမာ​ေရး မထိပါ​ေစနဲ႔။

အားလုံး ကုိယ္က်န္​းမာ စိတ္ခ်မ္းသာၾကပါေစ

Ven Thuseikta

Credit – ဆရာေတာ္ အရွင္​သုစိတၱ (​ေမာ္​ကြၽန္​း)

 

Unicodeဖြင့်ဖတ်ရန်

 

တိုက်ခိုက်သူကို ရင်ဆိုင်နည်း – ဆရာတော် အရှင်သုစိတ္တ (မော်ကျွန်း)

 

ကိုယ့်ကိုတိုက်ခိုက်ရင် စိတ်ဆိုးမာန်ဆိုးပြန်မတုန့်ပြန်ပါနဲ့နော်။ မှားသွားလိမ့်မယ်။

အဲဒါသူတို့ရဲ့အကွက်ထဲ ဝင်သွားတာ။ ကိုယ်တုန်လှုပ်ပြရင် သူတို့က ဝမ်းသာနေရော။

အတိုက်အခိုက်များနေရင် တရားမထိုင်တတ်ရင် ဂုဏ်တော်များများပွားပါ။

သူတို့ကိုလည်း မရင့်ကျက်သူများအဖြစ် သနားပေးပါ။

စကားထိပ်တိုက်မပြောဖြစ်အောင်ရှောင်ပါ။

ကိုယ့်မျက်နှာမှာ မာန်မရှိတာ သေချာပါစေ။

ဥပေက္ခာထားနိုင်ပါတယ်ဆိုပြီး မျက်နှာမှာတင်းနေရင် ဒေါသရှိနေလို့ပဲ။

မျက်နှာမှာ ဒေါသရိပ် တစ်စက်မှမရှိအောင် ကြိုးစားပါ။ ဖျက်ဆီးတဲ့သူဟာ တစ်သက်လုံးဖျက်ဆီးတတ်တဲ့ အကျင့်ဖျောက်မှာမဟုတ်ဘူး။

သူက အပါယ်စာသက်သက်ပါ။ ခုဘဝ ခဏလေးပဲသူစံရမှာ။ သေတာနဲ့ သူ့ဇာတိ အပါယ်မှာ အကြာကြီးပြန်နေတော့မှာ။

ကိုယ့်ကိုမကောင်းကြံပြီဆို ရှောင်လို့ရအောင်ရှောင်။ မရရင် စကားနဲ့မတုန့်ပြန်ပဲ တရားဥပဒေအရ သို့မဟုတ် တရားနည်းလမ်းအရပဲရင်ဆိုင်ပါ။

အကုသိုလ်မယူချင်ရင် ကိုယ့်ရှေ့မှာ မြင်နေကြားနေပေမဲ့ သူ့ကို သေပြီးသား အပါယ်ကျနေရက်သား

လူတစ်ယောက်အနေနဲ့ သဘောထားပြီး ဥပေက္ခာထားလိုက်ပါ။

နာမည်တောင် ခေါင်းထဲ မပေါ်ပါစေနဲ့။

ဒါဘုန်းကြီးရဲ့ တုံ့ပြန်နည်းပါ။ အသုံးတည့်မယ်ဆို သုံးကြည့်ပါ။ ဘုန်းကြီးကတော့ အောင်မြင်ပြီးသားပါ။ အကြိမ်ကြိမ်အောင်ပြီးပါပြီ။

ကိုယ့်ကုသိုလ်စိတ်ကိုပဲ အာရုံစိုက်ပါ။

စကားများများမပြောနဲ့။

လိုမှ လိုသလောက်ပဲပြော။ မှားဖို့များတယ်။

သိပ်မခံစားနဲ့နော်။ မတန်လို့ပါ။

ကိုယ့်ကျန်းမာရေး မထိပါစေနဲ့။

အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Ven Thuseikta

Credit – ဆရာတော် အရှင်သုစိတ္တ (မော်ကျွန်း)