Zawgyiျဖင့္ဖတ္ရန္

 

“တီဗီေတြ အရမ္းမၾကည့္နဲ႔ … ဖုန္းေတြ တအားမသံုးနဲ႔ … နင္တို႔မ်က္လံုးကန္းလိမ့္မယ္” ဆိုၿပီး လူႀကီးေတြရဲ႕ အေျပာကိုခံခဲ့ဖူးတယ္ မဟုတ္လား။ လူႀကီးေတြက ေကာင္းေစခ်င္လို႔၊ မနစ္နာေစခ်င္လို႔ ဆူပူခဲ့ေပမယ့္ ကိုယ္ေတြ စိတ္ထဲမွာေတာ့ ဘာမွမျဖစ္တာကို အပိုစကားေတြ လာမ်ားေနတယ္လို႔ ျပန္ေျပာဖူးၾက ပါလိမ့္မယ္။

လူႀကီးေတြ ေျပာတဲ့စကားေတြဟာ အပိုဟုတ္၊ မဟုတ္ကိုေတာ့ မႏွစ္က Wu ဆိုတဲ့အမ်ိဳးသမီးငယ္ေလးက သက္ေသျပသြားခဲ့ပါတယ္။

တရုတ္ႏိုင္ငံ Dongguan မွာေနထိုင္တဲ့ အသက္ (၂၁) ႏွစ္အရြယ္ Wu ဟာ (၂၀၁၇)ႏွစ္ ေအာက္တိုဘာလတုန္းက အျမင္အာရံုခ််ိဳ႕ယြင္းကာ ညာဘက္မ်က္လံုး ကြယ္သြားခဲ့ပါတယ္။ Wu ဟာ တရုတ္ျပည္မွာေခတ္စားေနတဲ့ Morning of Glory ဆိုတတဲ့ ဖုန္းဂိမ္းကို အလြန္အၾကဴးစြဲလမ္းေနသူျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ တရုတ္ျပည္ရဲ႕တရားဝင္ခြင့္ရက္ရွည္ရံုးပိတ္ရက္တုန္းက သူငယ္ခ်င္းအေပါင္းအသင္းေတြက အျပင္ေခၚတာကို ကားလမ္းေတြအဲဒီအခ်ိန္က် အရမ္းပိတ္တာေၾကာင့္ ထြက္မလည္ဘဲ ပိတ္ရက္ေန႔တိုင္းနီးပါးကို ဂိမ္းေဆာ့ရင္း အခ်ိန္ကုန္ခဲ့ပါတယ္။ တစ္ရက္ (၇) နာရီေလာက္ ညစာစားအၿပီးကတည္းက ဂိမ္းေဆာ့ေနလိုက္ကာ ရုတ္တရက္ဆိုသလို ညာဖက္မ်က္လံုးက ေဝဝါးလာခဲ့ပါတယ္။ ဒါနဲ႔ Wu လည္း မ်က္လံုးစူးသြားလို႔ ျဖစ္တာပါဆိုၿပီး ခဏအနားေပးတဲ့ အေနနဲ႔ အဲဒီညက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ခဲ့ပါတယ္။

ေနာက္တစ္ေန႔ မနက္ေရာက္ေတာ့ ျပန္ေကာင္းလာမယ္ ထင္ခဲ့ေပမယ့္ အထင္နဲ႔အျမင္ တက္တက္စင္ေအာင္ လြဲခဲ့ရပါတယ္။ Wu ဟာ ညာဖက္မ်က္လံုး မျမင္ရေတာ့ပါဘူး။ အဲဒီအခါမွ ေၾကာက္အားလန္႔အားျဖစ္ကာ မိဘေတြကိုေျပာၿပီး ေဆးရံုသြားခဲ့ရပါတယ္။

ေဆးရံုကုဆရာဝန္ကေတာ့ Wu ရဲ႕ ညာဖက္မ်က္လံုးဟာ အသက္အရြယ္အိုမင္းသူေတြမွာပဲ ေတြ႕ရတတ္တဲ့ မ်က္ၾကည္လႊာေသြးေၾကာပိတ္ဆို႔မႈ ျဖစ္သြားတယ္လို႔ ဆိုပါတယ္။ မ်က္လံုးကို အဆက္မျပတ္ အသံုးျပဳတာေတြ မ်ားသြားတဲ့အတြက္ ခံႏိုင္ရည္အားမရွိေတာ့ဘဲ ေသြးလည္ပတ္မႈေတြ ကေမာက္ကမျဖစ္ကုန္ကာ ေသြးေၾကာခဲသြားခဲ့တာပါ။

Wu ဟာ အရင္ကတည္းကလည္း အလုပ္ကျပန္ေရာက္တာနဲ႔ Morning of Glory ဖုန္းဂိမ္းကို (၇) နာရီေလာက္ၾကာေအာင္ ကစားေလ့ရွိၿပီး အလုပ္ပိတ္ရက္ေတြမွ ာဆိုရင္ျဖင့္ မနက္ (၆) နာရီထ၊မနက္စာစားကာ ဂိမ္းစကစားခဲ့ၿပီး ညေန (၄) နာရီေလာက္မွ ဂိမ္းကစားတာရပ္ကာ အစားစား၊ ခဏေလာက္အိမ္ၿပီးတာနဲ႔ မနက္ (၂) နာရီေလာက္အထိ ဂိမ္းျပန္ေဆာ့ေလ့ရွိေၾကာင့္ ေျပာပါတယ္။ တစ္ခါတစ္ေလက်ရင္ ညစာစားဖို႔ေတာင္မစားဘဲ ဂိမ္းခ်ည္းထိုင္ကစားတဲ့ေန႔ေတြေတာင္ ရွိခဲ့ပါတယ္တဲ့။

Source: World of Buzz

Credit:Penny

 

Unicodeဖြင့်ဖတ်ရန်

 

ဂိမ်းအဆော့လွန်ပြီး အမြင်အာရုံ ထိခိုက်ချို့ယွင်းသွားခဲ့တဲ့ ကောင်မလေး

 

“တီဗီတွေ အရမ်းမကြည့်နဲ့ … ဖုန်းတွေ တအားမသုံးနဲ့ … နင်တို့မျက်လုံးကန်းလိမ့်မယ်” ဆိုပြီး လူကြီးတွေရဲ့ အပြောကိုခံခဲ့ဖူးတယ် မဟုတ်လား။ လူကြီးတွေက ကောင်းစေချင်လို့၊ မနစ်နာစေချင်လို့ ဆူပူခဲ့ပေမယ့် ကိုယ်တွေ စိတ်ထဲမှာတော့ ဘာမှမဖြစ်တာကို အပိုစကားတွေ လာများနေတယ်လို့ ပြန်ပြောဖူးကြ ပါလိမ့်မယ်။

လူကြီးတွေ ပြောတဲ့စကားတွေဟာ အပိုဟုတ်၊ မဟုတ်ကိုတော့ မနှစ်က Wu ဆိုတဲ့အမျိုးသမီးငယ်လေးက သက်သေပြသွားခဲ့ပါတယ်။

တရုတ်နိုင်ငံ Dongguan မှာနေထိုင်တဲ့ အသက် (၂၁) နှစ်အရွယ် Wu ဟာ (၂၀၁၇)နှစ် အောက်တိုဘာလတုန်းက အမြင်အာရုံချျို့ယွင်းကာ ညာဘက်မျက်လုံး ကွယ်သွားခဲ့ပါတယ်။ Wu ဟာ တရုတ်ပြည်မှာခေတ်စားနေတဲ့ Morning of Glory ဆိုတတဲ့ ဖုန်းဂိမ်းကို အလွန်အကြူးစွဲလမ်းနေသူဖြစ်ပါတယ်။

ဒါကြောင့်ပဲ တရုတ်ပြည်ရဲ့တရားဝင်ခွင့်ရက်ရှည်ရုံးပိတ်ရက်တုန်းက သူငယ်ချင်းအပေါင်းအသင်းတွေက အပြင်ခေါ်တာကို ကားလမ်းတွေအဲဒီအချိန်ကျ အရမ်းပိတ်တာကြောင့် ထွက်မလည်ဘဲ ပိတ်ရက်နေ့တိုင်းနီးပါးကို ဂိမ်းဆော့ရင်း အချိန်ကုန်ခဲ့ပါတယ်။ တစ်ရက် (၇) နာရီလောက် ညစာစားအပြီးကတည်းက ဂိမ်းဆော့နေလိုက်ကာ ရုတ်တရက်ဆိုသလို ညာဖက်မျက်လုံးက ဝေဝါးလာခဲ့ပါတယ်။ ဒါနဲ့ Wu လည်း မျက်လုံးစူးသွားလို့ ဖြစ်တာပါဆိုပြီး ခဏအနားပေးတဲ့ အနေနဲ့ အဲဒီညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ခဲ့ပါတယ်။

နောက်တစ်နေ့ မနက်ရောက်တော့ ပြန်ကောင်းလာမယ် ထင်ခဲ့ပေမယ့် အထင်နဲ့အမြင် တက်တက်စင်အောင် လွဲခဲ့ရပါတယ်။ Wu ဟာ ညာဖက်မျက်လုံး မမြင်ရတော့ပါဘူး။ အဲဒီအခါမှ ကြောက်အားလန့်အားဖြစ်ကာ မိဘတွေကိုပြောပြီး ဆေးရုံသွားခဲ့ရပါတယ်။

ဆေးရုံကုဆရာဝန်ကတော့ Wu ရဲ့ ညာဖက်မျက်လုံးဟာ အသက်အရွယ်အိုမင်းသူတွေမှာပဲ တွေ့ရတတ်တဲ့ မျက်ကြည်လွှာသွေးကြောပိတ်ဆို့မှု ဖြစ်သွားတယ်လို့ ဆိုပါတယ်။ မျက်လုံးကို အဆက်မပြတ် အသုံးပြုတာတွေ များသွားတဲ့အတွက် ခံနိုင်ရည်အားမရှိတော့ဘဲ သွေးလည်ပတ်မှုတွေ ကမောက်ကမဖြစ်ကုန်ကာ သွေးကြောခဲသွားခဲ့တာပါ။

Wu ဟာ အရင်ကတည်းကလည်း အလုပ်ကပြန်ရောက်တာနဲ့ Morning of Glory ဖုန်းဂိမ်းကို (၇) နာရီလောက်ကြာအောင် ကစားလေ့ရှိပြီး အလုပ်ပိတ်ရက်တွေမှ ာဆိုရင်ဖြင့် မနက် (၆) နာရီထ၊မနက်စာစားကာ ဂိမ်းစကစားခဲ့ပြီး ညနေ (၄) နာရီလောက်မှ ဂိမ်းကစားတာရပ်ကာ အစားစား၊ ခဏလောက်အိမ်ပြီးတာနဲ့ မနက် (၂) နာရီလောက်အထိ ဂိမ်းပြန်ဆော့လေ့ရှိကြောင့် ပြောပါတယ်။ တစ်ခါတစ်လေကျရင် ညစာစားဖို့တောင်မစားဘဲ ဂိမ်းချည်းထိုင်ကစားတဲ့နေ့တွေတောင် ရှိခဲ့ပါတယ်တဲ့။

Source: World of Buzz

Credit:Penny