Zawgyiျဖင့္ဖတ္ရန္

 

ေယာ ေမ အယံ ဘေႏၱ

ကု စၦိေတာ ကုမာရေကာ ဝါ ကုမာရိကာ ဝါ၊

ေသာ ဘဂဝႏၱံ သရဏံ ဂစၦတိ ဓမၼဥၥ ဘိကၡဳ သံဃဥၥ၊

ဥပါသကံ တံ ဘဂဝါ ဓာေရတု

အဇၨတေဂၢ ပါဏုေပတံ သရဏံ ဂတံ။

(မ-၂-၃၀၀)

ဘေႏၱ- အရွင္ဘုရား၊ ေမ-တပည့္ေတာ္၏၊ ကု စၦိေတာ- ဝမ္း၌တည္ေသာ၊ ေယာ အယံကုမာေရာဝါ- အၾကင္ သတုိ႔သားသည္ေသာ္လည္းေကာင္း၊ ယာအယံကုမာရိကာဝါ- အၾကင္သတုိ႔သမီးသည္ေသာ္လည္းေကာင္း၊ အတၳိ-ရွိ၏။

ေသာ -ထုိသေႏၶသားသည္၊ဘဂဝႏၱံ- ျမတ္စြာဘုရားကုိ၊ သရဏံ- ကုိးကြယ္ရာဟူ၍၊ ဂစၦတိ-ဆည္းကပ္ပါ၏။

ဓမၼဥၥ-တရားေတာ္ကုိလည္းေကာင္း၊ ဘိကၡဳသံဃဥၥ-ရဟန္းသံဃာကုိလည္းေကာင္း၊ သရဏံ – ကုိးကြယ္ရာဟူ၍၊ ဂစၦတိ-ဆည္းကပ္ပါ၏။

ဘဂဝါ-ျမတ္စြာဘုရားသည္၊တံ-ထုိသေႏၶသားကုိ၊ အဇၨတေဂၢ-ယေန႔ကုိအစျပဳ၍၊ ပါဏုေပတံ-အသက္ထက္ဆုံး၊သရဏံ- ကုိးကြယ္ရာဟု၊ ဂတံ-ဆည္းကပ္ေသာ၊ဥပါသကံ- ရတနာသုံးပါး ဆည္းကပ္တတ္သူဟူ၍၊ဓာေရတု- မွတ္ေတာ္မူပါအရွင္ဘုရား။

( ျမန္မာျပန္)

ျမတ္စြာဘုရား ဘုရားတပည့္ေတာ္၏ ဝမ္း၌တည္ရွိေနေသာ ကေလးငယ္သည္

ျမတ္စြာဘုရားအား လည္းေကာင္း၊

တရားေတာ္အားလည္းေကာင္း၊

သံဃာေတာ္အားလည္းေကာင္း၊

ကုိးကြယ္ရာအစစ္ဟူ၍ ဆည္းကပ္ပါ၏ဘုရား။

ထုိသေႏၶသားအား ယေန႔မွစျပီး အသက္ထက္ဆုံး

သရဏဂုံတည္သူဟူ၍ မွတ္ေတာ္ မူပါဘုရား။

📌(ေမြးဖြားၿပီးေနာက္ ရြတ္ဆိုရန္)

အယံ ဘ‌ေႏၲ ( ‌ေဗာဓိရာဇကုမာ‌ေရာ ) ဘဂဝႏၲံသရဏံ ဂစၧတိ ဓမၼၪၥ ဘိကၡဳသံဃၪၥ။ဥပါသကံ တံ ဘဂဝါ ဓာ‌ေရတု အဇၨတ‌ေဂၢ ပါဏု‌ေပတံ သရဏံ ဂတံ။

ဘေႏၱ- အရွင္ဘုရား၊ ေမ-တပည့္ေတာ္၏၊ေဗာဓိရာဇကုမာေရာ – ေဗာဓိရာဇ အမည္ရိွေသာ အၾကင္ သတုိ႔သားသည္၊အတၳိ-ရွိ၏။ ေသာ -ထုိသတို႔သားသည္၊ဘဂဝႏၱံ- ျမတ္စြာဘုရားကုိ၊ သရဏံ- ကုိးကြယ္ရာဟူ၍၊ ဂစၦတိ-ဆည္းကပ္ပါ၏။ ဓမၼဥၥ-တရားေတာ္ကုိလည္းေကာင္း၊ ဘိကၡဳသံဃဥၥ-ရဟန္းသံဃာကုိလည္းေကာင္း၊ သရဏံ-ကုိးကြယ္ရာဟူ၍၊ ဂစၧတိ-ဆည္းကပ္ပါ၏။ဘဂဝါ-ျမတ္စြာဘုရားသည္၊တံ-ထုိသတို႔သားကုိ၊ အဇၨတေဂၢ-ယေန႔ကုိအစျပဳ၍၊ ပါဏုေပတံ-အသက္ထက္ဆုံး၊သရဏံ- ကုိးကြယ္ရာဟု၊ ဂတံ-ဆည္းကပ္ေသာ၊ဥပါသကံ- ရတနာသုံးပါး ဆည္းကပ္တတ္သူဟူ၍၊ဓာေရတု- မွတ္ေတာ္မူပါအရွင္ဘုရား။

( ‌ေဗာဓိရာဇကုမာ‌ေရာ ) …‌ဆိုေသာေနရာတြင္‌ မိမိသား သမီး၏ အမည္‌ကိုထည္‌့ရြတ္‌ပါ။သရဏဂံုမဆိုတတ္‌‌ေသး‌ေသာသားငယ္‌ သမီးငယ္‌မ်ားကိုယ္‌စား မိဘက သရဏဂံုတည္‌‌ေဆာက္‌‌ေပးျခင္‌းျဖစ္‌ပါသည္။သရဏဂံုတည္‌တတ္‌‌ေသာသားသမီးမ်ားအျဖင္‌့သက္‌႐ွည္‌က်န္‌းမာ၍‌ ေကာင္‌းက်ိဳးအျဖာျဖာရ႐ွိ‌ေစႏိုင္‌ပါသည္‌။

🌹ဤဂါထာမ်ားသည္ မဇၥ်ိမနိကာယ မဇၥ်ိမပ႑ာသ ေဗာဓိရာဇကုမာရသုတ္တြင္ ဘုရားရွင္ကုိယ္တိုင္ ေဟာၾကားေတာ္မူခဲ့ေသာ ဂါထာေတာ္ျဖစ္ပါသည္။

ေဖေဖေမေမတို႔ သားေကာင္း၊ သမီးျမတ္ ကေလးမ်ား ပိုင္ဆိုင္ႏိုင္ၾကပါေစ။

(မိခင္ေလာင္း၊ ဖခင္ေလာင္းမ်ားအတြက္)”သားသမီးရတနာေတြရေအာင္ နည္းေကာင္းမ်ား”

ဦးဇင္းတို႔အေမ မွားခဲ့တာတစ္ခု ရွိခဲ့တယ္။ ဦးဇင္းတို႔ ငယ္ငယ္တံုးက ေျပာၿပီးၿပီ၊ အရက္မေသာက္တတ္ဘူး၊ ေဆးလိပ္မေသာက္တတ္ဘူး ေျပာသလိုဘဲ၊ ဖဲမရိုက္တတ္ဘူးလို႔ မေျပာလိုဘူး။ဖဲရိုက္တတ္တယ္၊ ဘာျဖစ္လို႔ ဖဲရိုက္တတ္သလဲ ဆိုေတာ့ ဖဲရိုက္တာ ၀ါသနာကို ပါလာတယ္။ အဲဒါကို ၾကည့္ၿပီးေတာ့၊ အေမက ဘာေျပာတယ္ဆိုေတာ့၊ အိုး….“ငါ့သား, ငါ့သား” ငါ့သားဖဲရိုက္တတ္တာ အေမ့ေၾကာင့္တဲ့။

အေဖနဲ႔ အေမ အိမ္ေထာင္က်ေတာ့ ကိုယ့္အိုး၊ ကိုယ့္အိမ္ေလးနဲ႔ ေနတဲ့အခါ အရပ္ထဲမွာ နာေရးရွိလို႔ အေဖ ဖဲသြားရိုက္ရင္ အေမကလိုက္သြားတယ္၊ ကိုယ္ကလဲ ပါသြားတယ္“ဗိုက္ထဲမွာ” (ရယ္ေမာသံမ်ား…. )။ ရယ္စရာေမာစရာ ေျပာတာမဟုတ္၊ အေမကိုယ္၀န္ေဆာင္တဲ့အခါ၊ အေမလုပ္ခ်င္တာ သြားတဲ့ဆီကို အဲဒီကေလးက (မျမင္ရေပမယ့္) ဓါတ္ကူးသည္။

ေပါ့ေပါ့မလုပ္ပါနဲ ့။ အဲဒီအသိေတြ မရွိလို႔လဲ ကိုယ့္သားသမီးကို ဘယ္လိုေစာင့္ေရွာက္ရမွာလဲ မသိတဲ့ အေမေတြ တစ္ပံုႀကီး၊ အဲဒီ အသိေတြ မရွိလို႔ ကိုယ့္သားသမီးကို ဘယ္လိုေစာင့္ေရွာက္ရမွာလဲ မသိတဲ့ အေဖေတြ တစ္ပံုႀကီး။

ဦးဇင္းအေမ အဲဒီဟာေလးကို သေဘာေပါက္ ကတည္းကေနာင္ ဘယ္ေတာ့မွ အဲဒီလိုမ်ိဳး သူ႕စိတ္ထဲမွာ လုပ္ခ်င္စိတ္ မရွိေတာ့။

အိုး…*#သားေကာင္းသမီးေကာင္းတို႔အေမ ျဖစ္မည့္ ပုဂၢိဳလ္ေတြ ဂရုစိုက္လိုက္စမ္းပါ။ အခုကတည္းက ကိုယ့္သားသမီးကို လိမၼာလာေစခ်င္ရင္၊ သားေတြ သမီးေတြ ဗိုက္ထဲရွိရင္ မဟုတ္တာေတြ မလုပ္ဖို႔၊ မဟုတ္တဲ့ ( ဖဲ၊အရက္၊ ႏိုက္ကလပ္) အရပ္ဆီကိုမသြားဖို႔။

ၾကည့္.. အေဖသြားေတာ့ အေမလိုက္ အေမလိုက္ေတာ့ကိုယ္ပါ (ဗိုက္ထဲမွာ) ပါသြားတယ္။ ကိုယ္ မျမင္ရေပမဲ့ ဓါတ္ကူးတယ္။ငါ့သားေရ အေမမေကာင္းတာ။ အိမ္မွာ က်န္ခဲ့ရင္ ရရင့္သားနဲ႔ ေယာက္်ားေနာက္ လိုက္သြားတယ္၊ ဖဲ၀ိုင္းထဲမွာ ေရာက္ဖူးတဲ့အတြက္ ဖဲ၀ါသနာပါတာပဲ” လို႔ အေမ အဲဒီအတိုင္း ဆံုးျဖတ္ထားတယ္။

နားလည္လိုက္စမ္းပါ။ သေဘာေပါက္လိုက္စမ္းပါ၊ မိဘက သားသမီးကို ခ်စ္ေပမဲ့ မခ်စ္တတ္ေတာ့၊ ကိုယ္၀န္ႀကီးနဲ႔ ဖဲ၀ိုင္းသြားမဲ့ ပုဂၢိဳလ္ေတြ၊ အရက္ဆိုင္ကိုသြားမဲ့ ပုဂၢိဳလ္ေတြ၊ အိုး…. မသင့္ေတာ္တဲ့ အရပ္ေတြကိုသြားမဲ့ ပုဂၢိဳလ္ေတြ ရွိတယ္။ တကယ္ေျပာရရင္ ေဟာဒီသားကို ပံုစံသြင္းတာ အေမနဲ႔အေဖ၊ ေဟာဒီသမီးကို ပံုစံသြင္းတာ အေမနဲ႔အေဖ။

ဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီး အေလာင္းေတာ္ ဟိုး… နတ္ျပည္ေလာက နတ္နန္းကေနၿပီးေတာ့ မယ္ေတာ္မာယာရဲ႕ ၀မ္းၾကာတိုက္ကို ၀င္မယ္ဆိုေတာ့ ၾကည့္ျခင္းႀကီး ငါးပါးႏွင့္ၾကည့္သည္။ နတ္ျပည္ဌာန နတ္ေလာက က လူ႕ျပည္လာမည့္ ပုဂၢိဳလ္ေတြဟာ အရမ္းမလာဘူး လွမ္းၾကည့္တာ။

လူ႕ျပည္ဌာန လူ႕ေလာကကို လာတဲ့ပုဂၢိဳလ္က ျဗဟၼာျပည္ကလဲ လာတယ္၊ နတ္ျပည္ကလဲ လာတယ္၊ လူ႕ျပည္ကလဲ လာတယ္၊ အပါယ္(၄) ဘံုကလဲ လာတယ္။ နတ္ျပည္ကလာမဲ့ ပုဂၢိဳလၾကည့္ေနတယ္။ဘယ္သူ႕ကို အေဖေတာ္ရမွာလဲ၊ ဘယ္သူ႕ကို အေမေတာ္ရမွာလဲလို႔ ၾကည့္ေနတယ္။

မိမိတို႔ တကယ္တန္း သားေကာင္း ရတနာေလးေတြ၊ သမီးေကာင္း ရတနာေလးေတြ လိုခ်င္တယ္ဆိုရင္၊ ဥပုသ္သီလေတြ ေစာင့္ထိန္း လိုက္စမ္းပါ၊ ငါးပါးသီလကို ခါး၀တ္ပုဆိုးကဲ့သို႔ ၿမဲလိုက္စမ္းပါ။

အေဖကလဲ သီလ၊ သမာဓိ၊ ပညာရွိ၊ အေမကလဲ သီလ၊ သမာဓိ၊ ပညာရွိ။ မူးမူးရူးရူး၊ မိုက္မိုက္ကန္းကန္း၊ မဟုတ္တယုတ္ လုပ္တာမ်ိဳး မရွိရင္ နတ္ျပည္ဌာနက နတ္သား၊ နတ္သမီးေတြက *အေမေတာ္ဖို႔ေရြးတာ ကိုယ္ပါသည္။ *အေဖေတာ္ဖို႔ေရြးတာ ကိုယ္ပါသည္။ အဲဒါပဲ… ။

ကိုယ့္မွာ သားရတနာ၊ သမီးရတနာေတြ ရေအာင္ ကိုယ္ေရြးလို႔ ရသည္။ ဒါေပမဲ့ ဒီနည္းေတြ ဘယ္သူမွ မသိၾကပါေလ။ ဘုရားရွင္ေတာ္ ကိုယ္ေတာ္ျမတ္ႀကီး၏ သာသနာမွာ ၾကည္ညိဳမီခို အားထားရတဲ့ ဒီေလာက္ထိ ပညာအသိတရားေတြ တိုးႏိုင္တယ္။

တကယ္လို႔သာ ကိုယ္က သီလလဲမရွိ၊ သမာဓိလဲမပါ၊ ပညာဉာဏ္ကလဲ ဘာမွမရွိဘဲနဲ႔ မူးမူးရူးရူး၊ မိုက္မိုက္ကန္းကန္း၊ အရက္ေသာက္လိုက္၊ ဖဲရိုက္လိုက္၊ ခ်ဲထိုးလိုက္တဲ့ အေမ၊ အေဖမ်ိဳးကို ဘယ္သူ၀င္လာမွာလဲဆိုရင္..“လမ္းေဘးက ၿပိတၱာ”။ အဲဒီ ၿပိတၱာေတြပဲ ၀င္ေတာ့တာ။ ဘယ္နတ္သား၊ နတ္သမီးကမွ စုေတၿပီး ၀င္ခ်င္စိတ္ကို မရွိဘူး။ ေနာင္လာမည့္ သားသမီးကို ေမတၱာရွိရင္ျပင္လိုက္စမ္းပါ။ ေကာင္းတာေလးကို က်င့္လိုက္စမ္းပါ။

အဲဒီလို.. သားသမီးရတနာေတြရေအာင္ နည္းေကာင္းမ်ားကို သိရွိနားလည္သေဘာေပါက္ၾကၿပီး၊ အေဖကလဲ *သီလ၊ *သမာဓိ၊ *ပညာရွိ၊ အေမကလဲ *သီလ၊ *သမာဓိ၊ *ပညာရွိၾကကာ၊ မိဘေတြ အလိုအပ္ဆံုး ျဖစ္တဲ့ *သားေကာင္း ရတနာ၊ *သမီးေကာင္း ရတနာေတြ ရေအာင္ ကိုယ္တိုင္ ေရြးခ်ယ္ယူႏိုင္ေသာ သူေတာ္ေကာင္းေတြ ျဖစ္ၾကပါေစ သတည္း။

{၂၀၀၆ ခုႏွစ္ ဧၿပီလ ၁၅ ရက္ ေမွာ္ဘီၿမို႕၊သႀကၤန္တရားစခန္းတြင္ …ဓမၼဒူတ အရွင္ေဆကိႏၵေဟာျကားေတာ္မူေသာ…“ၿငိမ္းေအးပါေပစြတကား“တရားေတာ္မွေကာက္ႏုတ္ေရးသားပူေဇာ္ပါသည္။}

Credit: original author

 

Unicodeဖြင့်ဖတ်ရန်

 

သားကောင်းသားမြတ် ရစေသော ဂါထာ(ပဋိသန္ဓေတည်နေစဉ် ရွတ်ဆိုရန်)

 

ယော မေ အယံ ဘန္တေ

ကု စ္ဆိတော ကုမာရကော ဝါ ကုမာရိကာ ဝါ၊

သော ဘဂဝန္တံ သရဏံ ဂစ္ဆတိ ဓမ္မဉ္စ ဘိက္ခု သံဃဉ္စ၊

ဥပါသကံ တံ ဘဂဝါ ဓာရေတု

အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။

(မ-၂-၃၀၀)

ဘန္တေ- အရှင်ဘုရား၊ မေ-တပည့်တော်၏၊ ကု စ္ဆိတော- ဝမ်း၌တည်သော၊ ယော အယံကုမာရောဝါ- အကြင် သတို့သားသည်သော်လည်းကောင်း၊ ယာအယံကုမာရိကာဝါ- အကြင်သတို့သမီးသည်သော်လည်းကောင်း၊ အတ္ထိ-ရှိ၏။

သော -ထိုသန္ဓေသားသည်၊ဘဂဝန္တံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ-ဆည်းကပ်ပါ၏။

ဓမ္မဉ္စ-တရားတော်ကိုလည်းကောင်း၊ ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်းကောင်း၊ သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ-ဆည်းကပ်ပါ၏။

ဘဂဝါ-မြတ်စွာဘုရားသည်၊တံ-ထိုသန္ဓေသားကို၊ အဇ္ဇတဂ္ဂေ-ယနေ့ကိုအစပြု၍၊ ပါဏုပေတံ-အသက်ထက်ဆုံး၊သရဏံ- ကိုးကွယ်ရာဟု၊ ဂတံ-ဆည်းကပ်သော၊ဥပါသကံ- ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊ဓာရေတု- မှတ်တော်မူပါအရှင်ဘုရား။

( မြန်မာပြန်)

မြတ်စွာဘုရား ဘုရားတပည့်တော်၏ ဝမ်း၌တည်ရှိနေသော ကလေးငယ်သည်

မြတ်စွာဘုရားအား လည်းကောင်း၊

တရားတော်အားလည်းကောင်း၊

သံဃာတော်အားလည်းကောင်း၊

ကိုးကွယ်ရာအစစ်ဟူ၍ ဆည်းကပ်ပါ၏ဘုရား။

ထိုသန္ဓေသားအား ယနေ့မှစပြီး အသက်ထက်ဆုံး

သရဏဂုံတည်သူဟူ၍ မှတ်တော် မူပါဘုရား။

📌(မွေးဖွားပြီးနောက် ရွတ်ဆိုရန်)

အယံ ဘ‌န္တေ ( ‌ဗောဓိရာဇကုမာ‌ရော ) ဘဂဝန္တံသရဏံ ဂစ္ဆတိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ဥပါသကံ တံ ဘဂဝါ ဓာ‌ရေတု အဇ္ဇတ‌ဂ္ဂေ ပါဏု‌ပေတံ သရဏံ ဂတံ။

ဘန္တေ- အရှင်ဘုရား၊ မေ-တပည့်တော်၏၊ဗောဓိရာဇကုမာရော – ဗောဓိရာဇ အမည်ရှိသော အကြင် သတို့သားသည်၊အတ္ထိ-ရှိ၏။ သော -ထိုသတို့သားသည်၊ဘဂဝန္တံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ-ဆည်းကပ်ပါ၏။ ဓမ္မဉ္စ-တရားတော်ကိုလည်းကောင်း၊ ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်းကောင်း၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ-ဆည်းကပ်ပါ၏။ဘဂဝါ-မြတ်စွာဘုရားသည်၊တံ-ထိုသတို့သားကို၊ အဇ္ဇတဂ္ဂေ-ယနေ့ကိုအစပြု၍၊ ပါဏုပေတံ-အသက်ထက်ဆုံး၊သရဏံ- ကိုးကွယ်ရာဟု၊ ဂတံ-ဆည်းကပ်သော၊ဥပါသကံ- ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊ဓာရေတု- မှတ်တော်မူပါအရှင်ဘုရား။

( ‌ဗောဓိရာဇကုမာ‌ရော ) …‌ဆိုသောနေရာတွင်‌ မိမိသား သမီး၏ အမည်‌ကိုထည်‌့ရွတ်‌ပါ။သရဏဂုံမဆိုတတ်‌‌သေး‌သောသားငယ်‌ သမီးငယ်‌များကိုယ်‌စား မိဘက သရဏဂုံတည်‌‌ဆောက်‌‌ပေးခြင်‌းဖြစ်‌ပါသည်။သရဏဂုံတည်‌တတ်‌‌သောသားသမီးများအဖြင်‌့သက်‌ရှည်‌ကျန်‌းမာ၍‌ ကောင်‌းကျိုးအဖြာဖြာရရှိ‌စေနိုင်‌ပါသည်‌။

🌹ဤဂါထာများသည် မဇ္ဈိမနိကာယ မဇ္ဈိမပဏ္ဍာသ ဗောဓိရာဇကုမာရသုတ်တွင် ဘုရားရှင်ကိုယ်တိုင် ဟောကြားတော်မူခဲ့သော ဂါထာတော်ဖြစ်ပါသည်။

ဖေဖေမေမေတို့ သားကောင်း၊ သမီးမြတ် ကလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

(မိခင်လောင်း၊ ဖခင်လောင်းများအတွက်)”သားသမီးရတနာတွေရအောင် နည်းကောင်းများ”

ဦးဇင်းတို့အမေ မှားခဲ့တာတစ်ခု ရှိခဲ့တယ်။ ဦးဇင်းတို့ ငယ်ငယ်တုံးက ပြောပြီးပြီ၊ အရက်မသောက်တတ်ဘူး၊ ဆေးလိပ်မသောက်တတ်ဘူး ပြောသလိုဘဲ၊ ဖဲမရိုက်တတ်ဘူးလို့ မပြောလိုဘူး။ဖဲရိုက်တတ်တယ်၊ ဘာဖြစ်လို့ ဖဲရိုက်တတ်သလဲ ဆိုတော့ ဖဲရိုက်တာ ဝါသနာကို ပါလာတယ်။ အဲဒါကို ကြည့်ပြီးတော့၊ အမေက ဘာပြောတယ်ဆိုတော့၊ အိုး….“ငါ့သား, ငါ့သား” ငါ့သားဖဲရိုက်တတ်တာ အမေ့ကြောင့်တဲ့။

အဖေနဲ့ အမေ အိမ်ထောင်ကျတော့ ကိုယ့်အိုး၊ ကိုယ့်အိမ်လေးနဲ့ နေတဲ့အခါ အရပ်ထဲမှာ နာရေးရှိလို့ အဖေ ဖဲသွားရိုက်ရင် အမေကလိုက်သွားတယ်၊ ကိုယ်ကလဲ ပါသွားတယ်“ဗိုက်ထဲမှာ” (ရယ်မောသံများ…. )။ ရယ်စရာမောစရာ ပြောတာမဟုတ်၊ အမေကိုယ်ဝန်ဆောင်တဲ့အခါ၊ အမေလုပ်ချင်တာ သွားတဲ့ဆီကို အဲဒီကလေးက (မမြင်ရပေမယ့်) ဓါတ်ကူးသည်။

ပေါ့ပေါ့မလုပ်ပါနဲ့။ အဲဒီအသိတွေ မရှိလို့လဲ ကိုယ့်သားသမီးကို ဘယ်လိုစောင့်ရှောက်ရမှာလဲ မသိတဲ့ အမေတွေ တစ်ပုံကြီး၊ အဲဒီ အသိတွေ မရှိလို့ ကိုယ့်သားသမီးကို ဘယ်လိုစောင့်ရှောက်ရမှာလဲ မသိတဲ့ အဖေတွေ တစ်ပုံကြီး။

ဦးဇင်းအမေ အဲဒီဟာလေးကို သဘောပေါက် ကတည်းကနောင် ဘယ်တော့မှ အဲဒီလိုမျိုး သူ့စိတ်ထဲမှာ လုပ်ချင်စိတ် မရှိတော့။

အိုး…*#သားကောင်းသမီးကောင်းတို့အမေ ဖြစ်မည့် ပုဂ္ဂိုလ်တွေ ဂရုစိုက်လိုက်စမ်းပါ။ အခုကတည်းက ကိုယ့်သားသမီးကို လိမ္မာလာစေချင်ရင်၊ သားတွေ သမီးတွေ ဗိုက်ထဲရှိရင် မဟုတ်တာတွေ မလုပ်ဖို့၊ မဟုတ်တဲ့ ( ဖဲ၊အရက်၊ နိုက်ကလပ်) အရပ်ဆီကိုမသွားဖို့။

ကြည့်.. အဖေသွားတော့ အမေလိုက် အမေလိုက်တော့ကိုယ်ပါ (ဗိုက်ထဲမှာ) ပါသွားတယ်။ ကိုယ် မမြင်ရပေမဲ့ ဓါတ်ကူးတယ်။ငါ့သားရေ အမေမကောင်းတာ။ အိမ်မှာ ကျန်ခဲ့ရင် ရရင့်သားနဲ့ ယောက်ျားနောက် လိုက်သွားတယ်၊ ဖဲဝိုင်းထဲမှာ ရောက်ဖူးတဲ့အတွက် ဖဲဝါသနာပါတာပဲ” လို့ အမေ အဲဒီအတိုင်း ဆုံးဖြတ်ထားတယ်။

နားလည်လိုက်စမ်းပါ။ သဘောပေါက်လိုက်စမ်းပါ၊ မိဘက သားသမီးကို ချစ်ပေမဲ့ မချစ်တတ်တော့၊ ကိုယ်ဝန်ကြီးနဲ့ ဖဲဝိုင်းသွားမဲ့ ပုဂ္ဂိုလ်တွေ၊ အရက်ဆိုင်ကိုသွားမဲ့ ပုဂ္ဂိုလ်တွေ၊ အိုး…. မသင့်တော်တဲ့ အရပ်တွေကိုသွားမဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ တကယ်ပြောရရင် ဟောဒီသားကို ပုံစံသွင်းတာ အမေနဲ့အဖေ၊ ဟောဒီသမီးကို ပုံစံသွင်းတာ အမေနဲ့အဖေ။

ဘုရားရှင် ကိုယ်တော်မြတ်ကြီး အလောင်းတော် ဟိုး… နတ်ပြည်လောက နတ်နန်းကနေပြီးတော့ မယ်တော်မာယာရဲ့ ဝမ်းကြာတိုက်ကို ဝင်မယ်ဆိုတော့ ကြည့်ခြင်းကြီး ငါးပါးနှင့်ကြည့်သည်။ နတ်ပြည်ဌာန နတ်လောက က လူ့ပြည်လာမည့် ပုဂ္ဂိုလ်တွေဟာ အရမ်းမလာဘူး လှမ်းကြည့်တာ။

လူ့ပြည်ဌာန လူ့လောကကို လာတဲ့ပုဂ္ဂိုလ်က ဗြဟ္မာပြည်ကလဲ လာတယ်၊ နတ်ပြည်ကလဲ လာတယ်၊ လူ့ပြည်ကလဲ လာတယ်၊ အပါယ်(၄) ဘုံကလဲ လာတယ်။ နတ်ပြည်ကလာမဲ့ ပုဂ္ဂိုလကြည့်နေတယ်။ဘယ်သူ့ကို အဖေတော်ရမှာလဲ၊ ဘယ်သူ့ကို အမေတော်ရမှာလဲလို့ ကြည့်နေတယ်။

မိမိတို့ တကယ်တန်း သားကောင်း ရတနာလေးတွေ၊ သမီးကောင်း ရတနာလေးတွေ လိုချင်တယ်ဆိုရင်၊ ဥပုသ်သီလတွေ စောင့်ထိန်း လိုက်စမ်းပါ၊ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲလိုက်စမ်းပါ။

အဖေကလဲ သီလ၊ သမာဓိ၊ ပညာရှိ၊ အမေကလဲ သီလ၊ သမာဓိ၊ ပညာရှိ။ မူးမူးရူးရူး၊ မိုက်မိုက်ကန်းကန်း၊ မဟုတ်တယုတ် လုပ်တာမျိုး မရှိရင် နတ်ပြည်ဌာနက နတ်သား၊ နတ်သမီးတွေက *အမေတော်ဖို့ရွေးတာ ကိုယ်ပါသည်။ *အဖေတော်ဖို့ရွေးတာ ကိုယ်ပါသည်။ အဲဒါပဲ… ။

ကိုယ့်မှာ သားရတနာ၊ သမီးရတနာတွေ ရအောင် ကိုယ်ရွေးလို့ ရသည်။ ဒါပေမဲ့ ဒီနည်းတွေ ဘယ်သူမှ မသိကြပါလေ။ ဘုရားရှင်တော် ကိုယ်တော်မြတ်ကြီး၏ သာသနာမှာ ကြည်ညိုမီခို အားထားရတဲ့ ဒီလောက်ထိ ပညာအသိတရားတွေ တိုးနိုင်တယ်။

တကယ်လို့သာ ကိုယ်က သီလလဲမရှိ၊ သမာဓိလဲမပါ၊ ပညာဉာဏ်ကလဲ ဘာမှမရှိဘဲနဲ့ မူးမူးရူးရူး၊ မိုက်မိုက်ကန်းကန်း၊ အရက်သောက်လိုက်၊ ဖဲရိုက်လိုက်၊ ချဲထိုးလိုက်တဲ့ အမေ၊ အဖေမျိုးကို ဘယ်သူဝင်လာမှာလဲဆိုရင်..“လမ်းဘေးက ပြိတ္တာ”။ အဲဒီ ပြိတ္တာတွေပဲ ဝင်တော့တာ။ ဘယ်နတ်သား၊ နတ်သမီးကမှ စုတေပြီး ဝင်ချင်စိတ်ကို မရှိဘူး။ နောင်လာမည့် သားသမီးကို မေတ္တာရှိရင်ပြင်လိုက်စမ်းပါ။ ကောင်းတာလေးကို ကျင့်လိုက်စမ်းပါ။

အဲဒီလို.. သားသမီးရတနာတွေရအောင် နည်းကောင်းများကို သိရှိနားလည်သဘောပေါက်ကြပြီး၊ အဖေကလဲ *သီလ၊ *သမာဓိ၊ *ပညာရှိ၊ အမေကလဲ *သီလ၊ *သမာဓိ၊ *ပညာရှိကြကာ၊ မိဘတွေ အလိုအပ်ဆုံး ဖြစ်တဲ့ *သားကောင်း ရတနာ၊ *သမီးကောင်း ရတနာတွေ ရအောင် ကိုယ်တိုင် ရွေးချယ်ယူနိုင်သော သူတော်ကောင်းတွေ ဖြစ်ကြပါစေ သတည်း။

{၂၀၀၆ ခုနှစ် ဧပြီလ ၁၅ ရက် မှော်ဘီမြို့၊သြင်္ကန်တရားစခန်းတွင် …ဓမ္မဒူတ အရှင်ဆေကိန္ဒဟောကြားတော်မူသော…“ငြိမ်းအေးပါပေစွတကား“တရားတော်မှကောက်နုတ်ရေးသားပူဇော်ပါသည်။}

Credit: original author