Zawgyiျဖင့္ဖတ္ရန္

 

ေလယာဥ္ေတြတီထြင္ၿပီး ေလေၾကာင္းခရီးစဥ္ေတြ စတင္သြားလာၾကကတည္းက လူေတြဟာျပတင္းေပါက္နဲ႔အနီးဆုံးထိုင္ခုံကိုပဲအစဥ္အဆက္ လုလာခဲ့ၾကတာပါ။ခုေတာ့အဲ့ျပႆနာကကင္းေဝးပါေတာ့မယ္။ The Center for Process Innovation လို႔ေခၚတဲ့ၿဗိတိသွ်သုေတသနနဲ႔နည္းပညာအဖြဲ႕တဖြဲ႕က အနာဂတ္ေလေၾကာင္းခရီးစဥ္အတြက္ ထူးျခားမႈတခုကိုဖန္တီးလိုက္ပါတယ္။

သူတို႔ေျပာတဲ့အတိုင္းဆိုရင္ အနာဂတ္ေလယာဥ္ေတြမွာ ျပတင္းေပါက္ေတြပါရွိေတာ့မွာမဟုတ္ပါဘူး။ ျပတင္းေပါက္ေတြအစား ေလယာဥ္တစီးလုံးကို OLED touch screen ေတြနဲ႔ဖုံးအုပ္ထားပါလိမ့္မယ္။ ေလယာဥ္ေပၚစီးနင္းလိုက္ပါလာတဲ့လူတိုင္းကို ျပတင္းေပါက္နဲ႔အနီးဆုံးထိုင္ခုံမွာထိုင္ရတဲ့ ခံစားမႈကို ေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။ ေနာင္ ၁၀ ႏွစ္ကေန ၁၅ ႏွစ္အတြင္းမွာ ဒီလိုေလယာဥ္ေတြ တကယ္လက္ေတြ႕ေပၚထြက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီ touch screen ေတြကို ေလယာဥ္ရဲ႕အျပင္ဘက္ေနရာအႏွံ႔မွာတပ္ဆင္ထားတဲ့ ကင္မရာေတြနဲ႔ ခ်ိတ္ဆက္ထားမွာျဖစ္ပါတယ္။

အဲ့ေတာ့ ေလယာဥ္အျပင္ဘက္ကအစစ္အမွန္ျမင္ကြင္းအတိုင္းပဲ touch screen ေပၚမွာေပၚေနမွာျဖစ္ပါတယ္။ သင္ကအျမင့္ကိုေၾကာက္သူဆိုရင္ေတာ့ သင့္အနီးက touch screen ကို ေဖ်ာ္ေျဖေရးစနစ္တခုအျဖစ္ေျပာင္းလို႔ ရပါေသးတယ္။ OLED ဆိုတာကေတာ့ Organic light-emitting diode ရဲ႕အတိုေကာက္ျဖစ္ပါတယ္။ လွ်ပ္စစ္စီးဆင္းျခင္းအားျဖင့္ အလင္းကိုထုတ္လႊတ္ႏိုင္တဲ့ ေအာ္ဂဲနစ္ျဒပ္ေပါင္းေတြပါဝင္ဖြဲ႕စည္းထားတဲ့ ႐ုပ္ရွင္တခုသဖြယ္သူကလုပ္ေဆာင္ႏိုင္ပါတယ္။ နည္းပညာပိုင္းအရေျပာရင္ ရႈပ္ေထြးပါတယ္။ အလြယ္ေျပာရရင္ က်ေနာ္တို႔ ယေန႔ တီဗီေတြ လက္ကိုင္ဖုန္းေတြ ကြန္ပ်ဴတာေတြမွာ သုံးေနတဲ့နည္းပညာနဲ႔တူတူပါပဲ။

ဒီေလယာဥ္ေတြ တကယ္ထုတ္လုပ္လာၾကတဲ့အခ်ိန္ဆိုရင္ ေဈးကြက္ထဲမွာလဲယခုထက္ပိုအဆင့္ျမင့္တဲ့ တီဗီေတြ ေမာ္နီတာေတြ ေရာင္းခ်ေနၾကေလာက္ပါၿပီ။ေလယာဥ္ႀကီးတစီးလုံးကိုခုလို screen ေတြနဲ႔ဖုံးအုပ္ထားတဲ့အတြက္ ခရီးသည္တိုင္းပတ္ပတ္လည္ပတ္ဝန္းက်င္ကို ေတြ႕ျမင္ရမွာျဖစ္လို႔ ထိုင္ခုံလုစရာအေၾကာင္းသိပ္မရွိေတာ့ပါဘူး။ screen ေပၚကပုံရိပ္ေတြကလဲ အျပင္ကမာၻရဲ႕တကယ္ပုံရိပ္ေတြကိုပဲ ေဖာ္ျပေပးမွာျဖစ္လို႔ စိတ္လႈပ္ရွားစရာပါပဲ။ ဒါေပမယ့္ အခ်ိဳ႕လူေတြကေတာ့ ဒီ screen ကထြက္တဲ့အလင္းစူးစူးေတြေၾကာင့္ ခရီးသည္တခ်ိဳ႕သက္ေသာင့္သက္သာမျဖစ္မွာကို စိုးရိမ္ေနၾကပါတယ္။ ဟိုးအျမင့္ႀကီးကေန ပတ္ဝန္းက်င္ကို အတိုင္းသားႀကီးျမင္ေနရတာကို ႀကိဳက္တဲ့သူလဲရွိသလို မႀကိဳက္တဲ့သူလဲရွိမွာေပါ့ေနာ္။

သက္ဦးေအာင္

Credit:MyanmarNote

Unicodeဖြင့်ဖတ်ရန်

 

ခရီးသည်တွေကို ကောင်းကင်တခုလုံးကို မြင်ရအောင် လုပ်ပေးတော့မယ့် လေယာဉ်စနစ် လာပြီ

 

လေယာဉ်တွေတီထွင်ပြီး လေကြောင်းခရီးစဉ်တွေ စတင်သွားလာကြကတည်းက လူတွေဟာပြတင်းပေါက်နဲ့အနီးဆုံးထိုင်ခုံကိုပဲအစဉ်အဆက် လုလာခဲ့ကြတာပါ။ခုတော့အဲ့ပြဿနာကကင်းဝေးပါတော့မယ်။ The Center for Process Innovation လို့ခေါ်တဲ့ဗြိတိသျှသုတေသနနဲ့နည်းပညာအဖွဲ့တဖွဲ့က အနာဂတ်လေကြောင်းခရီးစဉ်အတွက် ထူးခြားမှုတခုကိုဖန်တီးလိုက်ပါတယ်။

သူတို့ပြောတဲ့အတိုင်းဆိုရင် အနာဂတ်လေယာဉ်တွေမှာ ပြတင်းပေါက်တွေပါရှိတော့မှာမဟုတ်ပါဘူး။ ပြတင်းပေါက်တွေအစား လေယာဉ်တစီးလုံးကို OLED touch screen တွေနဲ့ဖုံးအုပ်ထားပါလိမ့်မယ်။ လေယာဉ်ပေါ်စီးနင်းလိုက်ပါလာတဲ့လူတိုင်းကို ပြတင်းပေါက်နဲ့အနီးဆုံးထိုင်ခုံမှာထိုင်ရတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ နောင် ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်းမှာ ဒီလိုလေယာဉ်တွေ တကယ်လက်တွေ့ပေါ်ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီ touch screen တွေကို လေယာဉ်ရဲ့အပြင်ဘက်နေရာအနှံ့မှာတပ်ဆင်ထားတဲ့ ကင်မရာတွေနဲ့ ချိတ်ဆက်ထားမှာဖြစ်ပါတယ်။

အဲ့တော့ လေယာဉ်အပြင်ဘက်ကအစစ်အမှန်မြင်ကွင်းအတိုင်းပဲ touch screen ပေါ်မှာပေါ်နေမှာဖြစ်ပါတယ်။ သင်ကအမြင့်ကိုကြောက်သူဆိုရင်တော့ သင့်အနီးက touch screen ကို ဖျော်ဖြေရေးစနစ်တခုအဖြစ်ပြောင်းလို့ ရပါသေးတယ်။ OLED ဆိုတာကတော့ Organic light-emitting diode ရဲ့အတိုကောက်ဖြစ်ပါတယ်။ လျှပ်စစ်စီးဆင်းခြင်းအားဖြင့် အလင်းကိုထုတ်လွှတ်နိုင်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းတွေပါဝင်ဖွဲ့စည်းထားတဲ့ ရုပ်ရှင်တခုသဖွယ်သူကလုပ်ဆောင်နိုင်ပါတယ်။ နည်းပညာပိုင်းအရပြောရင် ရှုပ်ထွေးပါတယ်။ အလွယ်ပြောရရင် ကျနော်တို့ ယနေ့ တီဗီတွေ လက်ကိုင်ဖုန်းတွေ ကွန်ပျူတာတွေမှာ သုံးနေတဲ့နည်းပညာနဲ့တူတူပါပဲ။

ဒီလေယာဉ်တွေ တကယ်ထုတ်လုပ်လာကြတဲ့အချိန်ဆိုရင် ဈေးကွက်ထဲမှာလဲယခုထက်ပိုအဆင့်မြင့်တဲ့ တီဗီတွေ မော်နီတာတွေ ရောင်းချနေကြလောက်ပါပြီ။လေယာဉ်ကြီးတစီးလုံးကိုခုလို screen တွေနဲ့ဖုံးအုပ်ထားတဲ့အတွက် ခရီးသည်တိုင်းပတ်ပတ်လည်ပတ်ဝန်းကျင်ကို တွေ့မြင်ရမှာဖြစ်လို့ ထိုင်ခုံလုစရာအကြောင်းသိပ်မရှိတော့ပါဘူး။ screen ပေါ်ကပုံရိပ်တွေကလဲ အပြင်ကမ္ဘာရဲ့တကယ်ပုံရိပ်တွေကိုပဲ ဖော်ပြပေးမှာဖြစ်လို့ စိတ်လှုပ်ရှားစရာပါပဲ။ ဒါပေမယ့် အချို့လူတွေကတော့ ဒီ screen ကထွက်တဲ့အလင်းစူးစူးတွေကြောင့် ခရီးသည်တချို့သက်သောင့်သက်သာမဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ ဟိုးအမြင့်ကြီးကနေ ပတ်ဝန်းကျင်ကို အတိုင်းသားကြီးမြင်နေရတာကို ကြိုက်တဲ့သူလဲရှိသလို မကြိုက်တဲ့သူလဲရှိမှာပေါ့နော်။

သက်ဦးအောင်

Credit:MyanmarNote