Zawgyiျဖင့္ဖတ္ရန္

 

တ႐ုတ္ႏုိင္ငံ၊ ေလထုိးကၽြတ္ဖာဆုိင္တစ္ခုမွာ ေလသြင္းေနတဲ့ ကားႀကီးတာယာတစ္လုံး ႐ုတ္တရက္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အနီးအနားမွာရွိေနတဲ့ ကေလးခ်ီထားတဲ့ မိခင္နဲ႔ လသားအရြယ္ ကေလးတုိ႔ကို ျပင္းထန္စြာထိမွန္ခဲ့ေၾကာင္း သိရပါတယ္။ အဆုိပါ တာယာဟာ ေလအျပည့္လြန္ၿပီးေနာက္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့တာလုိ႔ ယူဆရပါတယ္။

ျပင္ထန္တဲ့ အရွိန္နဲ႔ တာယာႀကီးက ကေလးခ်ီထားတဲ့ မိခင္ကို ႐ုတ္တရက္ ထိမွန္ခဲ့ၿပီး အမ်ိဳးသမီးခမ်ာ လက္ထဲမွာ ခ်ီထားတဲ့ကေလးငယ္လည္း လြင့္စင္သြားသလုိ၊ မိခင္ျဖစ္သူရဲ႕ မ်က္ႏွာကို ပြင့္ထြက္လာတဲ့ တာယာက တုိက္႐ိုက္ထိမွန္ခဲ့ျခင္းေၾကာင့္ အမ်ိဳးသမီးမွာ ကတၱယာလမ္းေပၚကို ဦးေခါင္းနဲ႔ ႐ိုက္မိသလုိ ျဖစ္သြားခဲ့ပါတယ္။

ဒါေပမယ့္ ကေလးမွာ အလြန္ကံေကာင္းလြန္းၿပီး မည့္သည့္ပြန္းပဲ့ဒဏ္ရာမွေတာင္ မရခဲ့ဘူးလုိ႔ သိရပါတယ္။ ဒီလုိပဲ မိခင္ျဖစ္သူမွာ သာမန္ ပြန္းပဲ့ဒဏ္ရာသာ ရရွိခဲ့တယ္လုိ႔ သိရပါတယ္။ ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏုိင္ငံ၊ Hubei စီရင္စု၊ Danjiangkou မွာ ေအာက္တုိဘာ (၁၂)ရက္က ျဖစ္ပြားခဲ့တာပါ။

အခင္းျဖစ္စဥ္မွာ ပါဝင္ပတ္သက္ခဲ့တဲ့ ကာယကံရွင္ အမ်ိဳးသမီးနဲ႔ သားျဖစ္သူရဲ႕နာမည္ကို သတင္းမွာ ထည့္သြင္းေရးသားထားျခင္းေတာ့ မရွိပါဘူး။ ကေလးကေတာ့ အသက္ (၉)လနဲ႔ (၁)ႏွစ္ၾကားသာ ရွိလိမ့္ဦးမယ္လုိ႔ ခန္႔မွန္းရပါတယ္။ တာယာဟာ အလုပ္သမားေတြ ေလျဖည့္ေနစဥ္မွာပင္ ထင္မွတ္မထားဘဲ ေပါက္ကြဲမႈျဖစ္ခဲ့တာလုိ႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

Credit:လင္းသူရိန္ (MyanmarNote)

source : dailymail.co.uk

Unicodeဖြင့်ဖတ်ရန်

 

ရုတ်တရက် ကားတာယာပွင့်ထွက်မှုဖြစ်ပွားပြီး ကလေးနဲ့မိခင်ကို ပြင်းထန်စွာထိမှန်ခဲ့

 

တရုတ်နိုင်ငံ၊ လေထိုးကျွတ်ဖာဆိုင်တစ်ခုမှာ လေသွင်းနေတဲ့ ကားကြီးတာယာတစ်လုံး ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးအနားမှာရှိနေတဲ့ ကလေးချီထားတဲ့ မိခင်နဲ့ လသားအရွယ် ကလေးတို့ကို ပြင်းထန်စွာထိမှန်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တာယာဟာ လေအပြည့်လွန်ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ယူဆရပါတယ်။

ပြင်ထန်တဲ့ အရှိန်နဲ့ တာယာကြီးက ကလေးချီထားတဲ့ မိခင်ကို ရုတ်တရက် ထိမှန်ခဲ့ပြီး အမျိုးသမီးခမျာ လက်ထဲမှာ ချီထားတဲ့ကလေးငယ်လည်း လွင့်စင်သွားသလို၊ မိခင်ဖြစ်သူရဲ့ မျက်နှာကို ပွင့်ထွက်လာတဲ့ တာယာက တိုက်ရိုက်ထိမှန်ခဲ့ခြင်းကြောင့် အမျိုးသမီးမှာ ကတ္တယာလမ်းပေါ်ကို ဦးခေါင်းနဲ့ ရိုက်မိသလို ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် ကလေးမှာ အလွန်ကံကောင်းလွန်းပြီး မည့်သည့်ပွန်းပဲ့ဒဏ်ရာမှတောင် မရခဲ့ဘူးလို့ သိရပါတယ်။ ဒီလိုပဲ မိခင်ဖြစ်သူမှာ သာမန် ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Hubei စီရင်စု၊ Danjiangkou မှာ အောက်တိုဘာ (၁၂)ရက်က ဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကာယကံရှင် အမျိုးသမီးနဲ့ သားဖြစ်သူရဲ့နာမည်ကို သတင်းမှာ ထည့်သွင်းရေးသားထားခြင်းတော့ မရှိပါဘူး။ ကလေးကတော့ အသက် (၉)လနဲ့ (၁)နှစ်ကြားသာ ရှိလိမ့်ဦးမယ်လို့ ခန့်မှန်းရပါတယ်။ တာယာဟာ အလုပ်သမားတွေ လေဖြည့်နေစဉ်မှာပင် ထင်မှတ်မထားဘဲ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Credit:လင်းသူရိန် (MyanmarNote)

source : dailymail.co.uk