Zawgyiျဖင့္ဖတ္ရန္

 

ကမာၻေက်ာ္ ဗစ္တုိးရီယားေရကန္ႀကီးဟာ အလြန္က်ယ္လြန္းလုိ႔ ကုန္းတြင္းပင္လယ္လုိ႔ေတာင္ တင္စားေခၚေဝၚခံရတဲ့ ေရကန္ႀကီးျဖစ္ပါတယ္။ အာဖရိကတုိက္ရဲ႕ အႀကီးဆုံးေရကန္ႀကီးျဖစ္ၿပီး ဗစ္တုိးရီးယာညန္ဇာေရကန္လုိ႔လည္း တင္စားေခၚေဝၚၾကပါတယ္။

ကမာၻေက်ာ္ႏုိင္းလ္ျမစ္ႀကီး စီးဝင္ျဖတ္သန္းရာ ျဖစ္ပါတယ္။ တန္ဇန္းနီးယား၊ ယူဂန္ဒါ၊ ကင္ညာႏုိင္ငံေတြရဲ႕ အစပ္မွာ တည္ရွိၿပီး ဧရိယာစတုရန္းမုိင္ေပါင္း (၂၆၈၂၈)အထိ က်ယ္ဝန္းတဲ့ ကမာၻ႕တတိယအက်ယ္ဆုံး ဧရာမေရကန္ႀကီးပါ။ အဲဒီေရကန္ႀကီးထဲမွာ လူဦးေရ (၅၀၀)ေလာက္ ေနထုိင္ၾကတဲ့ ကမာၻလူဦးေရ အသိပ္သည္းဆုံး ရြာေလးတစ္ရြာ ရွိပါတယ္။

အဲဒီရြာေလးကေတာ့ မီဂင္ဂုိကၽြန္းေလးေပၚမွာ တည္ေဆာက္ထားၿပီး မီဂင္ဂုိေက်းရြာလုိ႔သာ အလြယ္ေခၚၾကပါတယ္။ ကၽြန္းကေလးဟာ ေဘာလုံးကြင္းရဲ႕တစ္ဝက္ေလာက္သာ ရွိၿပီး အိမ္ေတြကလည္း ျမင္တဲ့အတုိင္းပဲ ျပြက္စိညပ္ေအာင္ တည္ေဆာက္ထားၿပီး အားလုံးဟာ တံငါအလုပ္နဲ႔ အသက္ေမြးဝမ္းေၾကာင္း ျပဳၾကပါတယ္။

ရလာတဲ့ငါးေတြကို အနီးဆုံးႏုိင္ငံေတြျဖစ္တဲ့ ယူဂန္ဒါ-ကင္ညာ ကမ္းဘက္ျခမ္းေတြဆီ စက္ေလွေတြနဲ႔ကူးၿပီး ေရာင္းဝယ္ၾကပါတယ္။ မီဂင္ဂုိကၽြန္းေလးဟာ လိပ္ခုံးပုံစံ ခပ္မုိ႔မုိ႔ေလးတည္ရွိေနတာျဖစ္ၿပီး ရြာေလးဆုိၿပီးေတာ့ အထင္ေသးလုိ႔ေတာ့ မရပါဘူး။ ဘုံဆုိင္နဲ႔ ဇိမ္းခန္းေတြအျပင္ ေသးငယ္တဲ့ ေလွဆိပ္ေကာင္းေကာင္းလည္း ရွိပါတယ္။

အဓိကဖမ္းမိတဲ့ ငါးေတြကေတာ့ ႏုိင္းလ္ကကတစ္ငါးမ်ိဳးစိတ္ျဖစ္ၿပီး ေစ်းေကာင္းလည္း ရပါတယ္။ အလြန္ႀကီးမားတဲ့ ကကတစ္ငါးမ်ိဳးစိတ္ျဖစ္ၿပီး၊ အရြယ္ေရာက္ၿပီးငါးတစ္ေကာင္ဟာ (၁၁၀)ကီလုိဂရမ္အထိေတာင္ ရွိပါတယ္။ ေငြဝင္လည္း ၾကမ္းၿပီး၊ ေငြထြက္လည္း ၾကမ္းပါတယ္။

မီဂင္ဂုိကၽြန္းေပၚမွာ (၂၀၀၉)ခုႏွစ္တုန္းက လူဦးေရ (၁၃၁)ေယာက္သာ ရွိခဲ့ၿပီး အခု (၂၀၁၈)မွာေတာ့ လူဦးေရ (၅၀၀)ကုိ ေက်ာ္ေနၿပီ ျဖစ္ပါတယ္။ ေသးငယ္လွတဲ့ကၽြန္းေပၚမွာ စုၿပီးေနၾကတာျဖစ္ၿပီး ေသးငယ္လွတဲ့ အိမ္ကေလးေတြနဲ႔ မိသားစုဦးေရ ေဖာင္းပြမႈက အေတာ္ေလး အံဝင္ဂြင္က်မျဖစ္ေသးတဲ့ အရာေတြပါ။ ေနာက္ၿပီး ဒီကၽြန္းေလးဟာ ဘယ္ႏုိင္ငံရဲ႕ပိုင္နက္ထဲမွာ အပါအဝင္ျဖစ္တယ္ဆုိတာ ေဒသခံေတြေတာင္ ဇေဝဇဝါ ျဖစ္ေနဆဲပါ။

ကမာၻ႕စြယ္စုံက်မ္း ဝီကီပီဒီးယားမွာလည္း အဲဒီကၽြန္းရြာေလးကို ကင္ညာ-ယူဂန္ဒါ ႏွစ္ႏုိင္ငံစလုံးက ပိုင္ဆုိင္တယ္လုိ႔ အျငင္းပြားေနေၾကာင္း ေဖာ္ျပထားၿပီး၊ အထူးသျဖင့္ ဒီကၽြန္းဇာတိဖြား စစ္စစ္ေတြအေနနဲ႔ေတာ့ သူတုိ႔တစ္ေတြ ဘယ္ႏုိင္ငံသားလည္းဆုိတာကုိေတာင္ ေရေရရာရာ မသိၾကေသးပါဘူ။

Credit:နတ္စည္ေတာ္ (MyanmarNote)

source : dailymial.com

 

Unicodeဖြင့်ဖတ်ရန်

 

ကမ္ဘာ့လူနေအသိပ်သည်းဆုံး တံငါကျွန်းရွာလေး

 

ကမ္ဘာကျော် ဗစ်တိုးရီယားရေကန်ကြီးဟာ အလွန်ကျယ်လွန်းလို့ ကုန်းတွင်းပင်လယ်လို့တောင် တင်စားခေါ်ဝေါ်ခံရတဲ့ ရေကန်ကြီးဖြစ်ပါတယ်။ အာဖရိကတိုက်ရဲ့ အကြီးဆုံးရေကန်ကြီးဖြစ်ပြီး ဗစ်တိုးရီးယာညန်ဇာရေကန်လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

ကမ္ဘာကျော်နိုင်းလ်မြစ်ကြီး စီးဝင်ဖြတ်သန်းရာ ဖြစ်ပါတယ်။ တန်ဇန်းနီးယား၊ ယူဂန်ဒါ၊ ကင်ညာနိုင်ငံတွေရဲ့ အစပ်မှာ တည်ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း (၂၆၈၂၈)အထိ ကျယ်ဝန်းတဲ့ ကမ္ဘာ့တတိယအကျယ်ဆုံး ဧရာမရေကန်ကြီးပါ။ အဲဒီရေကန်ကြီးထဲမှာ လူဦးရေ (၅၀၀)လောက် နေထိုင်ကြတဲ့ ကမ္ဘာလူဦးရေ အသိပ်သည်းဆုံး ရွာလေးတစ်ရွာ ရှိပါတယ်။

အဲဒီရွာလေးကတော့ မီဂင်ဂိုကျွန်းလေးပေါ်မှာ တည်ဆောက်ထားပြီး မီဂင်ဂိုကျေးရွာလို့သာ အလွယ်ခေါ်ကြပါတယ်။ ကျွန်းကလေးဟာ ဘောလုံးကွင်းရဲ့တစ်ဝက်လောက်သာ ရှိပြီး အိမ်တွေကလည်း မြင်တဲ့အတိုင်းပဲ ပြွက်စိညပ်အောင် တည်ဆောက်ထားပြီး အားလုံးဟာ တံငါအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။

ရလာတဲ့ငါးတွေကို အနီးဆုံးနိုင်ငံတွေဖြစ်တဲ့ ယူဂန်ဒါ-ကင်ညာ ကမ်းဘက်ခြမ်းတွေဆီ စက်လှေတွေနဲ့ကူးပြီး ရောင်းဝယ်ကြပါတယ်။ မီဂင်ဂိုကျွန်းလေးဟာ လိပ်ခုံးပုံစံ ခပ်မို့မို့လေးတည်ရှိနေတာဖြစ်ပြီး ရွာလေးဆိုပြီးတော့ အထင်သေးလို့တော့ မရပါဘူး။ ဘုံဆိုင်နဲ့ ဇိမ်းခန်းတွေအပြင် သေးငယ်တဲ့ လှေဆိပ်ကောင်းကောင်းလည်း ရှိပါတယ်။

အဓိကဖမ်းမိတဲ့ ငါးတွေကတော့ နိုင်းလ်ကကတစ်ငါးမျိုးစိတ်ဖြစ်ပြီး ဈေးကောင်းလည်း ရပါတယ်။ အလွန်ကြီးမားတဲ့ ကကတစ်ငါးမျိုးစိတ်ဖြစ်ပြီး၊ အရွယ်ရောက်ပြီးငါးတစ်ကောင်ဟာ (၁၁၀)ကီလိုဂရမ်အထိတောင် ရှိပါတယ်။ ငွေဝင်လည်း ကြမ်းပြီး၊ ငွေထွက်လည်း ကြမ်းပါတယ်။

မီဂင်ဂိုကျွန်းပေါ်မှာ (၂၀၀၉)ခုနှစ်တုန်းက လူဦးရေ (၁၃၁)ယောက်သာ ရှိခဲ့ပြီး အခု (၂၀၁၈)မှာတော့ လူဦးရေ (၅၀၀)ကို ကျော်နေပြီ ဖြစ်ပါတယ်။ သေးငယ်လှတဲ့ကျွန်းပေါ်မှာ စုပြီးနေကြတာဖြစ်ပြီး သေးငယ်လှတဲ့ အိမ်ကလေးတွေနဲ့ မိသားစုဦးရေ ဖောင်းပွမှုက အတော်လေး အံဝင်ဂွင်ကျမဖြစ်သေးတဲ့ အရာတွေပါ။ နောက်ပြီး ဒီကျွန်းလေးဟာ ဘယ်နိုင်ငံရဲ့ပိုင်နက်ထဲမှာ အပါအဝင်ဖြစ်တယ်ဆိုတာ ဒေသခံတွေတောင် ဇဝေဇဝါ ဖြစ်နေဆဲပါ။

ကမ္ဘာ့စွယ်စုံကျမ်း ဝီကီပီဒီးယားမှာလည်း အဲဒီကျွန်းရွာလေးကို ကင်ညာ-ယူဂန်ဒါ နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်တယ်လို့ အငြင်းပွားနေကြောင်း ဖော်ပြထားပြီး၊ အထူးသဖြင့် ဒီကျွန်းဇာတိဖွား စစ်စစ်တွေအနေနဲ့တော့ သူတို့တစ်တွေ ဘယ်နိုင်ငံသားလည်းဆိုတာကိုတောင် ရေရေရာရာ မသိကြသေးပါဘူ။

Credit:နတ်စည်တော် (MyanmarNote)

source : dailymial.com