Zawgyiဖြင့်ဖတ်ရန်

 





source : metro.co.uk

 

Unicodeဖြင့်ဖတ်ရန်

 

မ-အဖြစ် မွေးဖွားလာတဲ့ အမြွှာနှစ်ဦး၊ ကျား-အဖြစ် တစ်ပြိုင်တည်း ခွဲစိတ်မှုခံယူ

 

မိန်းကလေးအဖြစ် မွေးဖွားလာခဲ့တဲ့ အမြွှာညီအစ်မနှစ်ယောက်ဟာ မိန်းကလေးတွေအဖြစ် သူတို့ မပျော်ပိုက်တဲ့ ဘဝမှာ ဆက်ပြီးမနေလိုတော့ပဲ တစ်ပြိုင်တည်းမှာပင် ယောက်ျားလေးဘဝအဖြစ် ခွဲစိတ်ကူးပြောင်းခဲ့ကြပါတယ်။ အဆိုပါ အမြွှာညီအစ်ကိုရဲ့အမည်မှာ Jack နဲ့ Jace Grafe ဖြစ်ပြီး အသက်(၂၃)နှစ် ရှိနေပါပြီ။

နှစ်ယောက်စလုံးရဲ့ ငယ်ဘဝတွေကတော့ Jaclyn နဲ့ Jennifer အဖြစ် ကြီးပြင်းလာခဲ့ပြီး အမေရိကန် Baltimore, Maryland မှာ နေထိုင်ကြပါတယ်။ အသက်(၁၆)နှစ်မှာတော့ သူတို့နှစ်ယောက်စလုံးဟာ ရပ်ကျော်ရွာကျော် ယောက်ျားလျာလေးတွေအဖြစ် နာမည်ကြီးလာခဲ့ပါတယ်။

နောက်ထပ် နှစ်အနည်းငယ် ကြာတဲ့အခါမှာတော့ Jack က သူတို့ အမြွှာနှစ်ယောက်ဟာ မကြာမီမှာ ယောက်ျားလေးအဖြစ် တင်းပြည့်ကျပ်ပြည့် ပြောင်းလဲခံယူတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Jack နဲ့ Jennifer တို့ အမြွှာနှစ်ယောက်ဟာ ခွဲစိတ်မှုခံယူခဲ့ရာမှာ အခုဆိုရင် ယောက်ျားလေးတွေအဖြစ် ဘဝကို ဖြတ်သန်းနေပါပြီ။

Credit:လင်းဇော်ကို (MyanmarNote)

source : metro.co.uk