Zawgyiျဖင့္ဖတ္ရန္

 

တ႐ုတ္ႏုိင္ငံဟာ ကမာၻ႕အရွည္ဆုံးတံတားအျဖစ္ စံခ်ိန္ဝင္သြားတဲ့ ပင္လယ္ျဖတ္တံတားႀကီးကို စတင္ဖြင့္လွစ္လုိက္ၿပီျဖစ္တယ္လုိ႔ သိရပါတယ္။ အဆုိပါ တံတားႀကီးဟာ တ႐ုတ္၊ ေဟာင္ေကာင္နဲ႔ မကၠာအုိကုိ ဆက္သြယ္ေပးထားတဲ့ တံတားျဖစ္ၿပီး တည္ေဆာက္စာရိတ္ ေပါင္ (၁၅.၃)ဘီလီယံ (ေဒၚလာ ဘီလီယံ ၂၀)အထိ ရွိခဲ့ပါတယ္။

ဒီတံတားႀကီးကို တ႐ုတ္သမၼတ ရွီက်င္းပင္ရဲ႕ စီမံမႈနဲ႔ တည္ေဆာက္ခဲ့တာျဖစ္ၿပီး တည္ေဆာက္ခ်ိန္မွာ ဆယ္စုႏွစ္တစ္ခုစာနီးပါး ၾကာျမင့္ခဲဲ့ပါတယ္။ အရွည္မွာ (၃၄)မုိင္အထိ ရွိၿပီး တံတားႀကီးမွာ အသြားအျပန္ (၃)လမ္းသြားစီျဖစ္လုိ႔ မိမိသြားလုိရာကို အခ်ိန္တုိတုိေလးအတြင္း ပင္လယ္ျပင္ သေဘၤာစသည္တုိ႔နဲ႔ ကူးစရာမလုိပဲ အျမန္ေရာက္ရွိမွာပါ။

ေဟာင္ေကာင္မွ တ႐ုတ္ကို အျမန္ဆက္သြယ္ႏုိင္တဲ့ ပင္လယ္ေအာက္ အျမန္ရထားလမ္းဖြင့္ၿပီး ေနာက္ထပ္တစ္လအၾကာမွာ အခုအျမန္လမ္း တံတားႀကီးကို ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး၊ အျမန္ရထားလမ္းကေတာ့ လမ္းေၾကာင္းပိုတုိၿပီး၊ သြားလာစာရိတ္ကုိ ပုိၿပီးေခၽြတာႏုိင္မွာပါ။

တံတားႀကီးဟာ တ႐ုတ္ျပည္မႀကီးက ဇူဟုိင္ၿမိဳ႕နဲ႔ ေဟာင္ေကာင္၊ မကၠာအုိတုိ႕ကို အခ်ိန္နဲ႔လွ်င္မီစြာ ကုန္စည္စီဆင္းမႈ၊ သြားလာမႈ၊ ဆက္သြယ္မႈ လွ်င္ျမန္ေစမွာျဖစ္ၿပီး ေဟာင္ေကာင္ရဲ႕ အတုိက္ခံႏုိင္ငံေရးအသုိင္းအဝုိင္းကေတာ့ ဒီတံတားတည္ေဆာက္မႈဟာ တ႐ုတ္ကို ႏုိင္ငံေရးအရ အသာေပးလုိက္ရျခင္းလုိ႔ ေဝဖန္ေနၾကပါတယ္။

Credit:လင္းသူရိန္ (MyanmarNote)

source : metro.co.uk

Unicodeဖြင့်ဖတ်ရန်

 

(၃၄)မိုင်ရှည်တဲ့ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်တံတားကို တရုတ်နိုင်ငံ စတင်ဖွင့်လှစ်

 

တရုတ်နိုင်ငံဟာ ကမ္ဘာ့အရှည်ဆုံးတံတားအဖြစ် စံချိန်ဝင်သွားတဲ့ ပင်လယ်ဖြတ်တံတားကြီးကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တံတားကြီးဟာ တရုတ်၊ ဟောင်ကောင်နဲ့ မက္ကာအိုကို ဆက်သွယ်ပေးထားတဲ့ တံတားဖြစ်ပြီး တည်ဆောက်စာရိတ် ပေါင် (၁၅.၃)ဘီလီယံ (ဒေါ်လာ ဘီလီယံ ၂၀)အထိ ရှိခဲ့ပါတယ်။

ဒီတံတားကြီးကို တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ စီမံမှုနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန်မှာ ဆယ်စုနှစ်တစ်ခုစာနီးပါး ကြာမြင့်ခဲ့ပါတယ်။ အရှည်မှာ (၃၄)မိုင်အထိ ရှိပြီး တံတားကြီးမှာ အသွားအပြန် (၃)လမ်းသွားစီဖြစ်လို့ မိမိသွားလိုရာကို အချိန်တိုတိုလေးအတွင်း ပင်လယ်ပြင် သင်္ဘောစသည်တို့နဲ့ ကူးစရာမလိုပဲ အမြန်ရောက်ရှိမှာပါ။

ဟောင်ကောင်မှ တရုတ်ကို အမြန်ဆက်သွယ်နိုင်တဲ့ ပင်လယ်အောက် အမြန်ရထားလမ်းဖွင့်ပြီး နောက်ထပ်တစ်လအကြာမှာ အခုအမြန်လမ်း တံတားကြီးကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ အမြန်ရထားလမ်းကတော့ လမ်းကြောင်းပိုတိုပြီး၊ သွားလာစာရိတ်ကို ပိုပြီးချွေတာနိုင်မှာပါ။

တံတားကြီးဟာ တရုတ်ပြည်မကြီးက ဇူဟိုင်မြို့နဲ့ ဟောင်ကောင်၊ မက္ကာအိုတို့ကို အချိန်နဲ့လျှင်မီစွာ ကုန်စည်စီဆင်းမှု၊ သွားလာမှု၊ ဆက်သွယ်မှု လျှင်မြန်စေမှာဖြစ်ပြီး ဟောင်ကောင်ရဲ့ အတိုက်ခံနိုင်ငံရေးအသိုင်းအဝိုင်းကတော့ ဒီတံတားတည်ဆောက်မှုဟာ တရုတ်ကို နိုင်ငံရေးအရ အသာပေးလိုက်ရခြင်းလို့ ဝေဖန်နေကြပါတယ်။

Credit:လင်းသူရိန် (MyanmarNote)

source : metro.co.uk