Zawgyiျဖင့္ဖတ္ရန္

 

အမ်ိဳးသားတစ္ေယာက္ဟာ အြန္လုိင္းေပၚမွာ တစ္ဖက္သက္ႀကိတ္ခ်စ္ရသူ အမ်ိဳးသမီးထံကို မုိင္(၃၉၀၀)ေလာက္ကေန တကူးတက လာေရာက္ပုိးပန္းခဲ့ပါတယ္။ ဒါကို ကာယကံရွင္အမ်ိဳးသမီးက သူ႕ကုိ ပစ္ပစ္ခါခါ ျငင္းဆန္ခဲ့တဲ့အတြက္ ရက္ရက္စက္စက္ သတ္ျဖတ္တာကို ခံခဲ့ရပါတယ္။

အမ်ိဳးသားရဲ႕အမည္မွာ Kirill Volsky ျဖစ္ၿပီး ေသဆုံးခဲ့သူ ေကာင္မေလးအမည္က Kristina Khamrayeva ျဖစ္ၿပီး အသက္(၁၆)ႏွစ္ ရွိေနပါၿပီ။ သူမဟာ Volsky ကို ျမင္လုိက္တာနဲ႔ လူခ်င္းထြက္ေတြ႕ဖုိ႔ စိမ္းစိမ္းကားကား ျငင္းဆန္ခဲ့ပါတယ္။ ဒါဟာ Volsky အတြက္ အလြန္အရွက္ရ ေဒါသထြက္စရာ ျဖစ္ခဲ့ရပါတယ္။

ဒါေၾကာင့္ Volsky ဟာ Kristina ကုိ ရက္ရက္စက္စက္ သတ္ပစ္ခဲ့ၿပီး သူမရဲ႕ ခႏၶာကုိယ္ကို အပိုင္းပုိင္းခုတ္ျဖတ္ကာ အေလာင္းကို ေဖ်ာက္ဖ်က္ခဲ့ပါတယ္။ Kristina ဟာ ႏွစ္လၾကာ ေပ်ာက္ဆုံးေနခဲ့ၿပီး သက္ဆုိင္ရာမိဘေတြကလည္း လူေပ်ာက္တုိင္ၾကားခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပုိင္းမွာ သက္ဆုိင္ရာက သူ႕အေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ကနဦးတုန္းကေတာ့ Kristina ကုိ ဘယ္သူ သတ္တယ္ဆုိတာ အေျဖမရွာႏုိင္ခဲ့ပါဘူး။ တစ္အခ်က္က Kristina ကုိယ္တုိင္က အဲဒီေန႔မတုိင္ခင္ကတည္းက အိမ္မကေန အလည္အပတ္ ခရီးထြက္သြားသလုိ၊ မိဘေတြကို လိမ္လည္ခဲ့ၿပီး၊ ဒီလုိပဲ Volsky က ေမာ္စကုိၿမိဳ႕ေတာ္မွာ သူငယ္ခ်င္းရဲ႕ မဂၤလာေဆာင္ရွိလုိ႔ဆုိၿပီး လိမ္ထြက္လာခဲ့လုိ႔ပါ။

Volsky ဟာ စစ္သင္တန္းကို ၿပီးေျမာက္ေအာင္ျမင္ထားသူျဖစ္ၿပီး သူက Kristina ကုိ လက္ထပ္ခ်င္ေၾကာင္း၊ ကေလးေတြလည္း ယူခ်င္ေၾကာင္း တုိင္ပင္ခဲ့ရာ Kristina က သူ႕ကို မခ်စ္ႏုိင္ေၾကာင္း၊ ေနရပ္ကုိ ျပန္ဖုိ႔အေၾကာင္း ခါးခါးသီးသီး ျငင္းဆုိခဲ့ရာ ရက္ရက္စက္သက္ အသတ္ခံခဲ့ရတာပါ။ လက္ရွိအခ်ိန္မွာေတာ့ တရားခံ Volsky ကုိ ဖမ္းဆီးစစ္ေဆးေနပါတယ္။

Credit:လင္းေဇာ္ကို (MyanmarNote)

source : metro.co.uk

 

Unicodeဖြင့်ဖတ်ရန်

 

မိုင်(၄)ထောင်ကနေ လာပြီးပိုးပန်းသူကို၊ ပစ်ပစ်ခါခါ ငြင်းခဲ့လို့ အသတ်ခံရတဲ့ ကောင်မလေး

 

အမျိုးသားတစ်ယောက်ဟာ အွန်လိုင်းပေါ်မှာ တစ်ဖက်သက်ကြိတ်ချစ်ရသူ အမျိုးသမီးထံကို မိုင်(၃၉၀၀)လောက်ကနေ တကူးတက လာရောက်ပိုးပန်းခဲ့ပါတယ်။ ဒါကို ကာယကံရှင်အမျိုးသမီးက သူ့ကို ပစ်ပစ်ခါခါ ငြင်းဆန်ခဲ့တဲ့အတွက် ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

အမျိုးသားရဲ့အမည်မှာ Kirill Volsky ဖြစ်ပြီး သေဆုံးခဲ့သူ ကောင်မလေးအမည်က Kristina Khamrayeva ဖြစ်ပြီး အသက်(၁၆)နှစ် ရှိနေပါပြီ။ သူမဟာ Volsky ကို မြင်လိုက်တာနဲ့ လူချင်းထွက်တွေ့ဖို့ စိမ်းစိမ်းကားကား ငြင်းဆန်ခဲ့ပါတယ်။ ဒါဟာ Volsky အတွက် အလွန်အရှက်ရ ဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် Volsky ဟာ Kristina ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ဖြတ်ကာ အလောင်းကို ဖျောက်ဖျက်ခဲ့ပါတယ်။ Kristina ဟာ နှစ်လကြာ ပျောက်ဆုံးနေခဲ့ပြီး သက်ဆိုင်ရာမိဘတွေကလည်း လူပျောက်တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သက်ဆိုင်ရာက သူ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကနဦးတုန်းကတော့ Kristina ကို ဘယ်သူ သတ်တယ်ဆိုတာ အဖြေမရှာနိုင်ခဲ့ပါဘူး။ တစ်အချက်က Kristina ကိုယ်တိုင်က အဲဒီနေ့မတိုင်ခင်ကတည်းက အိမ်မကနေ အလည်အပတ် ခရီးထွက်သွားသလို၊ မိဘတွေကို လိမ်လည်ခဲ့ပြီး၊ ဒီလိုပဲ Volsky က မော်စကိုမြို့တော်မှာ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ရှိလို့ဆိုပြီး လိမ်ထွက်လာခဲ့လို့ပါ။

Volsky ဟာ စစ်သင်တန်းကို ပြီးမြောက်အောင်မြင်ထားသူဖြစ်ပြီး သူက Kristina ကို လက်ထပ်ချင်ကြောင်း၊ ကလေးတွေလည်း ယူချင်ကြောင်း တိုင်ပင်ခဲ့ရာ Kristina က သူ့ကို မချစ်နိုင်ကြောင်း၊ နေရပ်ကို ပြန်ဖို့အကြောင်း ခါးခါးသီးသီး ငြင်းဆိုခဲ့ရာ ရက်ရက်စက်သက် အသတ်ခံခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ တရားခံ Volsky ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

Credit:လင်းဇော်ကို (MyanmarNote)

source : metro.co.uk