Zawgyiဖြင့်ဖတ်ရန်

 








Credit:Myint Myat


 

Unicodeဖြင့်ဖတ်ရန်

 

ဒါရိုက်တာ ဝင်းထွန်းထွန်းကို သွားကန်တော့ရင်း မုန့်ဖိုးတွေအများကြီးရလို့ ပျော်နေကြတဲ့ မြင့်မြတ်နဲ့ ရွှေမှုန်ရတီ

 

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ မြင့်မြတ်နဲ့ ရွှေမှုန်ရတီတို့ အနုပညာမောင်နှမနှစ်ဦးကတော့ သီတင်းကျွတ်မှာ ဆရာသမားတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်းကို မမေ့မလျော့ပဲ သွားရောက်ကန်တော့ခဲ့ကြတာ တွေ့ရပါတယ်။ ဆရာဖြစ်သူ ဝင်းထွန်းထွန်းကလည်း သီတင်းကျွတ်လာကန်တော့ကြတဲ့ တပည့်တွေကို မုန့်ဖိုးတွေအများကြီး ပြန်ပေးခဲ့တာမို့ ရွှေမှုန်လေးတို့ အပျော်ကြီးပျော်ခဲ့ရတာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ဆရာဝင်းထွန်းထွန်းပေးတဲ့ မုန့်ဖိုးကြောင့် ပျော်ရွှင်နေကြတဲ့ မြင့်မြတ်နဲ့ ရွှေမှုန်လေးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သီတင်းကျွတ်မှာ ဆရာသမားကို ရိုရိုသေသေ ကန်တော့ခဲ့ကြတဲ့ ချစ်စရာတပည့်တွေ…

ရွှေမှုန်လေးရဲ့ အကြည့်တွေကိုမေး

ဒါရိုက်တာ ဝင်းထွန်းထွန်းကတော့ “May all your wishes come true to all my sons and daughters…” ဆိုပြီး တပည့်တွေကို သားသမီးတွေလိုသဘောထားပြီး ဆုတွေတောင်းပေးခဲ့ပါသေးတယ်။

မုန့်ဖိုးတွေအများကြီးရလို့ ပျော်နေကြတဲ့ မြင့်မြတ်နဲ့ ရွှေမှုန်ရတီ

တပည့်တွေကို အကောင်းဆုံးသရုပ်ဆောင်တွေဖြစ်အောင် ပံ့ပိုးပေးခဲ့တဲ့ ဆရာသမားရဲ့ ပီတိအဖြစ်ဆုံးအချိန်ဆိုရင်လည်း မှားမယ်မထင်ပါဘူးနော်။

နိုင်ငံကျော် အနုပညာရှင်တွေဆိုပေမယ့်လည်း ဆရာသမားနဲ့တွေ့တော့ ကလေးတွေလိုဖြစ်သွားကြတဲ့ မြင့်မြတ်နဲ့ ရွှေမှုန်ရတီတို့ အနုပညာမောင်နှမနှစ်ဦးကတော့ အရမ်းကိုချစ်စရာကောင်းလှပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဒါရိုက်တာဝင်းထွန်းထွန်းနဲ့ တပည့်ကျော်လေးတွေကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit:Myint Myat

Source;Win Tun Tun’s Facebook